Wednesday, January 23, 2013

စမ်းချောင်းမြို့နယ် ရေနုတ်မြောင်းမှ ကျည်များတွေ့ရှိ

Tuesday, January 22, 2013 

ဇန်န၀ါရီလ (၂၂)ရက်နေ့ မနက်(၉း၃၀) နာရီတွင် ရန်ကုန်မြို့နယ် စမ်းချောင်းမြို့ လင်းလွန်းမြောက်ရပ်ကွက်အတွင်း   ရေနုတ်မြောင်း
တူးဖော်ရာမှ အသုံးပြုရခြင်းမရှိသေးသော ကျည်ဆံအသစ်(၁၄)တောင့်
 တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ 

လင်းလွန်းမြောက်ရပ်ကွက်၊ သရ၀ဏ်ရိပ်သာ (၂) လမ်း၊ အိမ်နံပါတ် (၁၁) ဘေး (၆)ပေခန့် အကွာတွင် ရေနုတ်မြောင်းကို စည်ပင်ဝန်ထမ်း (၇) ဦးမှ တူးဖော်ရှင်းလင်းရာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါ တွေ့ရှိခဲ့သည့် ကျည်ဆံမှာ မြန်မာနိုင်ငံမှထုတ်လုပ်ထားသော (၉) မမ ကျည်ဆံအမျိုးအစားဖြစ်ပြီး ပစ္စတို၊ စတင်းဂန်းများထဲသို့ ထည့်ပစ်၍ရသည့် ကျည်ဆံများဖြစ်ကြောင်း စမ်းချောင်း ရဲစခန်းမှ အတည်ပြုပြောကြားသည်။ 

“အထက်ကိုတင်ပြထားတယ်။ သူတို့ညွှန်ကြားတဲ့နေရာကို ပို့ရမယ်။ ရပ်ကွက်က သူတွေကို စစ်ဆေးမှုပြုလုပ်မှာ မဟုတ်ဘူး။ ဘယ်နှစ်ခုနှစ်ထဲက ကျည်ဆံလဲဆိုတာတော့ ပြောလို့မရဘူး။ ပစ္စတို စတင်းဂန်းထဲ ထည့်ပစ်လို
့ရတဲ့ ကျည်ဆံတွေ ဖြစ်တယ်။ တခြားတစ်နေရာက လာပစ်ထားတာလည်း
 ဖြစ်ရင်ဖြစ်မှာပေါ့ ပြောလို့မရဘူး။ စစ်ခေတ်တုန်းက ကျန်ခဲ့တဲ့ ကျည်ဆံတွေဖြစ်မယ်လို့ ယူဆတယ်။” ဟု စမ်းချောင်းမြို့နယ်မှ တာဝန်ကျနယ်ထိန်း ကိုမောင်မောင်ဦးက ပြောသည်။ 

ကျည်ဆံတွေ့ရှိမှုတွင် ပထမဦးဆုံးနှစ်ထောင့် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆက်လက်တူးဖော်ရာမှ (၁၄) ထောင့်ထိတွေ့ရှိခဲ့ခြင်း   ဖြစ်ကြောင်း  စည်ပင်ဝန်ထမ်းများထံမှ သိရှိရသည်။  

“ကျည်ဆံတွေက သိပ်မကြာလောက်သေးဘူးနဲ့တူတယ်။ ရှေးတုန်းက
ဟာတွေတော့ မဖြစ်နိုင်ဘူး။ လက်ရှိအသုံးပြုနေတဲ့ ဟာမျိုးတွေ
 ဖြစ်နိုင်လောက်တယ်။ တွေ့ရှိခဲ့သည့် နေရာသည်ညဘက်ဆိုနည်းနည်းမှောင်
တယ်။  အဲဒီနေရာမှာတစ်ယောက်ယောက်က  လာပစ်ထားတာလည်း ဖြစ်နိုင်
တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အထဲကိုအကြာကြီးမြုပ်ဝင်နေတာမျိုး
မဟုတ်ဘူး ။ မြောင်းစတူးတူးခြင်းမှာ ထွက်လာတာ။”ဟု မျက်မြင်တွေ့ရှိခဲ့သူ
တစ်ဦးက ပြောသည်။ 

စမ်းချောင်းမြို့နယ်တွင် ကျည်ဆံတွေ့ရှိမှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ကျည်ဆံများကို သက်ဆိုင်ရာရဲစခန်းသို့ အပ်နှံလိုက်ပြီးဖြစ်ကြောင်း လင်းလွန်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ပြောသည်။

Myit Makha Mediagroup

တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အထဲကိုအကြာကြီးမြုပ်ဝင်နေတာမျို

No comments: