Friday, January 18, 2013

ပြည်သူတွေအတွက်တော့ ဆန်အိုးထဲကဆန်က ဒီမီုကရေစီ ဆိုတာကြီးထက်ပို အရေးကြီးတယ် ။

အာဏာရှင်ကို ဆန့်ကျင်ဖို့ အတွက်ကြတော့လည်း မစည်းလုံးကြလို့ မအောင်မြင်ဘူး ။
အာဏာရှင်နဲ့ ပူးပေါင်းမယ် ဆိုတော့လည်း မစည်းလုံးကြလို့ မအောင်မြင်ဘူး ။
စည်းလုံးကြဖို့ တိုက်တွန်းလိုက်တိုင်း ထထ ရန်ဖြစ်တတ်လို့ ပိုပိုကွဲပြဲကုန်တယ် ။
ဒါဆို တယောက်ထဲ ရပ်တည်ပါလားဆိုတော့လည်း ကူညီ ဝန်းရံမဲ့သူ မရှိလို့ ဆိုပြီး မအောင်မြင်ဘူး ။
ကူညီဝန်းရံနိုင်တဲ့ သူတွေရှိလာပြန်တော့လည်း ငါတကောကော ပြန်တယ် ။
ရှေ.ကနေ ဦးဆောင်ပါဆို နုတ်သီးကောင်း လျှာပါးနဲ့ ရန်တွေပဲ ထောင်နေတယ် ။
နောက်ကလိုက်ဖို့ ကြတော့လည်း နောက်လိုက်ဘဝနဲ့ နေဖို့ သတ္တိမရှိပြန် ။
အမှားတွေကြာတော့ အမှန်တွေဖြစ် ။
အဖြစ်တွေများတော့ သမိုင်းဖြစ် ။ 
သမိုင်းတွေများတော့ နိုင်ငံက ပိုမတည်ငြိမ် ။
ဒီလိုနဲ့ နေ့ကို ညစား ၊ ညကို နေ့စား ၊
ပြည်သူတွေအတွက်တော့ ဆန်အိုးထဲကဆန်က
ဒီမီုကရေစီ ဆိုတာကြီးထက်ပို အရေးကြီးတယ် ။
ရဲသူရိန်မင်း
18.01.2013

No comments: