Wednesday, January 30, 2013

ကနေဒါက ရင်ဖွင့်သံ

ဘာတွေပြောင်းလို့ ပြောင်းနေပြီလဲ?

အသိတယောက်ဆီကနေ ဝင်လာတဲ့ စာကို၊မြန်မာပြည်မှာခေတ်စနှစ်တွေ ပြောင်းလဲနေပါတယ်ဆိုတာ
မေးခွန်းထုတ်စရာဖြစ်နေလို့ သက်ဆိုင်သူများ သိရှိ နိုင်ကြစေရန် တင်ပြပေးလိုက်ပါတယ်။ 
ဘလော့ဂါ



သို့  ကိုမိုးသီဟအောင် ခင်ဗျား
ကျနော်ကတော့ XXXXX ပါ။
ရှက်ရှက်နှင့် ဝန်ခံအကူညီတောင်းပါရစေခင်ဗျား။ ကျနော့်စာကိုသက်ဆိုင်သူများနှင့်တကွ လူအများသိစေချင်လို့  ကိုမိုးသီဟ ဘလော့မှာတင် ပေးပါ။
ကျနော်တို့ မိသားစုတွေက အရေးခင်းကာလမှာသူ့ လို ကိုယ့်လို ပါဝင်ခဲ့ကြတာကလွဲလို့ ဘယ်လို အကြမ်း ဖက်မှု့ တွေမှမပြုလုပ့်ခဲ့ကြပါ။ အကြောင်းအမျိုးမျိုးတွေကြောင့် တော်လှန်ရေးအဖွဲ့ တွေ ထဲမှာ တပ့်ဖွဲ့ ဝင် တွေ အဖြစ် တာဝန်ယူထမ်းဆောင်ခဲ့ကြတာတွေကလွှဲရင်
ကျနော်တို့ ဘယ် ပြစ်မှု့ ဥပဒေမှ ဖေါက်ဖျက်ကျုးလွန် ခဲ့ကြတာမရှိခဲ့ကြပါ။
ကျနော်တို့ မိသားစုတွေပြန် မဆုံတွေ့ ကြတာ၊လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းကဆိုပါတော့ခင်ဗျား။ အခုလည်း အမေ၊ အဖေ နှင့် အသက်အရွယ် အလွန်ကြီးရင့်နေပြီဖြစ်တဲ့အဖွါး ကို အသက်ရှိထင်ရှားရှိနေစဉ်
မှာ ပြန်တွေ့ ချင်တဲ့ဆန္တတခုတည်းပါ။
  ယ္ခု့ အချိန်မှာဦးသိန်းစိန်အစိုးရကဒီမိုကရေစီစနှစ်ဆီကို ပြောင်းလဲနေပါပြီ။ ပြည်ပကနေ ပြန်လာချင်တဲ့သူတွေ
ကိုလည်း ပြန်လာခွင့်တွေပေးနေပါပြီ။ (Black List) အမည် မဲစာရင်းတွေလည်းပယ်ဖျက်ပေးနေပါပြီ။ စသဖြင့် သတင်းတွေ၊ အသံတွေ ကြားနေရ လို့ တကယ် များဟုတ်နေလေမလားလို့ ယုံပြီး တကယ် တမ်း
ပြန်ဘို့ ကြိုးစားကြတဲ့ အခါ ကနေဒါက အိုတဝါး သံရုံးကလား (ဒါမှမဟုတ်) ပြည်ထဲရေးကလား၊ဒါမှမဟုတ် အရင်ကလိုဘဲ့ အလုပ့်မလုပ့်လိုတဲ့ သူတွေ၊ မပြောင်းလဲချင်တဲ့သူတွေ ပညာပြတာကိုခံနေကြရပါတယ်။ ကျနော်တို့ လို ၈၈ နွယ်ဘွား သူပုန်တွေတချို့  ကိုတော့ ဘာဖြစ်လို့ လဲတော့မသိ၊ အလည်သွားခွင့် ဗီဇာ လျှောက်တာ၊ စာမလာသတင်းမကြားဖြစ်နေလို့ သက်ဆိုင်ရာ တွေကသိရှိနိုင်အောင်ဖေါ်ပြ
ပေးပါခင်ဗျား။
လေးစားစွာဖြင့်

 

No comments: