သံဖြူဇရပ်၊
ဇန်န၀ါရီ ၂၀ မွန်ပြည်နယ် သံဖြူဇရပ်မြို့မဈေး ယမန်နေ့ည မီးလောင်မှုကြောင့်
ဆိုင်ခန်းပေါင်း ၅၉၆ ခန်းပါ အပေါ်ဈေး တစ်ခုလုံးနှင့် စားသောက်ဆိုင်တန်း
အားလုံး မီးလောင်ပြာကျသွားခဲ့ကြောင်းသိရသည်။
ယင်းမီးကို ယမန်နေ့ည ၁၁ နာရီ ၃၀ ခန့်တွင် စတင်သတိပြုမိခဲ့ပြီး
မိနစ်ပိုင်းအတွင်း အပေါ်ဈေးတစ်ဈေးလုံး ကူးစက်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်။
“ လက်ဖက်ရည်ဆိုင်ကနေ ည ၁၁း၃၀ ပြန်လာတော့ ကွန်ပြူတာဖွင့်ပြီး
အင်တာနက်သုံးတာ ဆယ်မိနစ်လောက် ပဲရှိသေးတယ် စကားသံတွေကြားလို့
အပြင်ထွက်ကြည့်တော့ ဒီ ချမ်းမြေ့သီရိအနောက်ဘက်က ဆိုင်တန်းရဲ့ ဟိုးဘက်အဆုံး
ပန်းပင်တွေရောင်းတဲ့ဆိုင်ဘက်နားမှာ
မီးလောင်နေတာတွေ့တယ်” မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားသည့်
ဆိုင်တန်းကပ်ရက်တွင် နေသူ ကိုကျော်စွာလွင်ကပြောသည်။ သတင်းနှင့်ဓါတ်ပုံ
Than Lwin Times Popular Myanmar News Journal




No comments:
Post a Comment