Wednesday, January 23, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ (BSRU) စီမံခန့် ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်



ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ထိုင်းနိုင်ငံ Bansomdejchaopraya Rajabhat University (BSRU) က စီမံခန့်ခွဲမှု နည်းပညာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Honorary Doctor of Philosophy in Technology Management) ချီးမြှင့်ခြင်း အခမ်း အနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန် ဆောင်၌ ကျင်းပသည်။

အခမ်းအနား မကျင်းပမီ နိုင်ငံတော် သမ္မတသည် Bansomdejchaopraya Rajabhat University (BSRU)President မှ Associate Prof Ponlasit Noochoochal ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား ညနေ ၄ နာရီ ခွဲတွင် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်နှင့် ဦးတင်နိုင်သိန်း၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြအေးနှင့် ဌာနဆိုင်ရာ အကြီး အကဲများ တက်ရောက်ကြသည်။

တွေ့ဆုံရာ၌ နိုင်ငံတော် သမ္မတက ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ကိုယ်တိုင် အဆောင် အယောင် အနေဖြင့် ချီးမြှင့်ထားသည့် တော်ဝင် တက္ကသိုလ်မှ မိမိအား ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့် သည့် အတွက် များစွာ ကျေးဇူးတင် ရှိပါကြောင်း၊ BSRU တက္ကသိုလ် အနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များ နှင့်ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားရန်နှင့် တက္ကသိုလ် များမှ ကျောင်းသားများ အပြန်အလှန် ပညာ သင်ကြားခွင့် ရရှိရန် မိမိ အနေဖြင့် ဆန္ဒ ရှိပါကြောင်း ပြောကြားပြီး BSRU တက္ကသိုလ်မှ President က မိမိ၏ ဦးဆောင် မှုဖြင့် နှစ်နိုင်ငံ ပြည်သူများ၏ လိုအပ်ချက်များ၊ နှစ်နိုင်ငံ ပြည်သူများ အကြား ပိုမို နီးစပ် စေရန် ဆောင်ရွက်မှု များကို တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ တက္ကသိုလ် သာမက ထိုင်းနိုင်ငံရှိ တက္ကသိုလ်များ အနေဖြင့်လည်း ပညာရေး ကဏ္ဍတွင် သာမက မြန်မာ နိုင်ငံ၏ အခြား လိုအပ်သော ကဏ္ဍများ တွင်လည်း ဆောင်ရွက် ပေးလို ပါကြောင်း ဖြင့် ပြန်လည် ပြောကြားသည်။

ထို့နောက် နိုင်ငံတော် သမ္မတအား ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ချီးမြှင့်ခြင်း အခမ်းအနားကို ညနေ ၅ နာရီတွင် ကျင်းပသည်။

အခမ်း အနားသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ မိတ္ထီလာ တက္ကသိုလ်နှင့် တောင်ငူ တက္ကသိုလ် တို့မှ ပါမောက္ခ ချုပ်များ၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာ ဆေး တက္ကသိုလ်နှင့် သစ်တော တက္ကသိုလ် တို့မှ ဒုတိယ ပါမောက္ခ ချုပ်များ၊ ကထိက များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

http://www.myawady.net.mm/allnews/headline/item/5180-2013-01-24-09-00-57#.UQCk_u72usc

No comments: