Friday, April 27, 2012

မင်္ဂလာဒုံလေဆိပ်မှာ အစပြုတယ်




လူ့အခွင့်အရေးလှုပ်ရှားသူမစုစုနွေး အိမ်ထောင်ပြုတော့မည်
လူအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး သည် မကြာမီ အိမ်ထောင်ပြုတော့မည်ဟု  မိသားစုအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများထံမှ သိရှိရပါသည်။ မင်္ဂလာပွဲအား  မေလ ၂၇ ရက်နေ့တွင် မှော်ဘီ  ရှိ ရွှေည၀ါဆရာတော်ကြီး သီတင်းသုံးရာ ကျောင်းတိုက်တွင် ပြုလုပ်မည်ဟု သိရပါသည် ။ ၎င်း နှင့် လက်ထပ်မည့်ခင်ပွန်းလောင်းမှာ ၈၈ မျိုးဆက်ကျောင်းသားများထဲ မှ ကို------- နှင့် ဖြစ်သည် ။ Myanmarmedia အဖွဲ့ မှ သတို့ သားလောင်း အမည်အား ခေတ္တ လျှိုဝှက်ထားပါသည် ။

Myanmarmedia  







မစုစုနွေးရဲ့ သတို့သားလောင်း







၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အိမ်ထောင်ပြုဖို့ လိုအပ်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာပြီး ၄ လ အကြာမှာ သူတို့ထဲကတယောက် ဒီအစီအစဉ်ကို ပထမဆုံး အကောင်အထည်ဖော်နေပါပြီ။

သတို့သမီးက ထင်ရှားတဲ့
လူအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး ဖြစ်ပါတယ်။ ရှေ့လကုန်ပိုင်း လက်ထပ်ကြမယ် ဆိုပြီး အွန်လိုင်းမှာ ဒီသတင်းကောင်း ဖတ်ကြရပြီး ဖြစ်မှာပါ။ သတို့သားနာမည်ကိုတော့ ဖော်ပြခြင်း မရှိကြပါ။


ပြီးခဲ့တဲ့လက ပြည်မြို့မှာ လယ်သမားအရေး ဆောင်ရွက်နေကြတဲ့ ကိုမာကီး၊ မစုစုနွေး၊ ရှေ့နေကြီး ဦးအောင်သိန်း (ဓာတ်ပုံ - ဘားမားဗီဂျေ)

သတို့သားက ၈၈ မျိုးဆက် ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကျော်ကျော်ထွေး (ခ) ကိုမာကီး ဖြစ်ပါတယ်။

ကိုမာကီးက မြိတ်မြို့အကျဉ်းထောင်က ဇန်န၀ါရီလမှာ ပြန်လွတ်လာသူပါ။ သူ့ကို ရန်ကုန်လေဆိပ် သွားရောက် ကြိုဆိုသူများထဲမှာ မစုစုနွေးလည်း ပါဝင်ပါတယ်။
(ဓာတ်ပုံ - http://ppdict.blogspot.com/2012/01/blog-post_2413.html)
သူတို့ ၂ ဦးရဲ့ ဇာတ်လမ်းက မင်္ဂလာဒုံလေဆိပ်မှာ အစပြုတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။
 ဧရာဝတီ(ဘလော့ဂ်)


No comments: