မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Friday, April 20, 2012

မြန်မာပြည်ရဲ့  အနာဂတ်ခေါင်းဆောင်များ

ယမကာ ချာတိတ်များသို့
ဖိုးထက်
ဧပြီ ၁၉၊ ၂၀၁၂


အရက်၊ ဘီယာကို ခုံခုံမင်မင် နှစ်နှစခြိုက်ခြိုက် သောက်သုံးသူများကို ဆရာမင်းလူက “ ယမကာ လုလင်” ဆိုသည့် လှတ ပတ နာမည်လေးဖြင့် တင်စားခေါ်ဝေါ်ခဲ့သည်။ အရက်သမား၊ ဇိုးသမား၊ အသောက်သမားဆိုသည့် နားအ၀င်ဆိုးသော အမည်များနှင့်စာလျှင် ဆရာတီထွင်ခဲ့သော နာမည်လေးသည် ချစ်စရာကောင်းသည်။ အပြစ်ကင်းသည်။

ယောက်င်္ကျားလေး ရာခိုင်နှုန်းအတော်များများ အရက်၊ ဘီယာ သောက်သုံးတတ်ကြမည်ထင်သည်။ ကျနော် ချာတိတ်၊ ပေါက်စနအရွယ်က စီနီယာ အစ်ကိုကြီးများ၊ လူကြီးများ အရက်သောက်ချင်လျှင် အမိန့်ရ အရက်ဖြူဆိုင်ဆိုသည့် တစ်ရပ်ကွက်တွင်မှ တစ်ဆိုင်လောက်ရှိသော ဆိုင်ကိုသာ သွားပြီး သောက်ကြ၊ စားကြတာကို တွေ့ရသည်။ စားတော်ဆက်ဆိုသည့်ဆိုင်တွေမှာ ရနိုင်ပေမယ့် များများစားစား ရွေးချယ်လို့ ရသော အခြေအနေ မဟုတ်ခဲ့တာကိုတော့ သိခဲ့သည်။ ကျနော်က သာမန်ပြည်သူဆိုတော့ အများစုသော သာမန်ပြည်သူ၊ ပြည်သားတွေကိုသာ သတိထားမိသည်။ ပိုက်ဆံတတ်နိုင်သော သူဌေးကြီးများ၊ အကပ်အရပ်ရှိသောလူကြီးများ ယမကာမှီဝဲဖို့ကတော့ ထိုအမိန့်ရ အရက်ဖြူဆိုင် များ ဖြစ်မည်မထင်ပါ။ မည်သို့ပင်ဖြစ်စေ သေချာသည်ကတော့ အရက်၊ ဘီယာဆိုင်များ ခပ်များများစားစားမရှိလှ။

သို့သော် အရက်ဆိုတာ ဘာလဲဟု ကောင်းကောင်းသိ၊ ကောင်းကောင်းစမ်းသပ်နိုင်သော အရွယ်ဖြစ်သည့်၁၉၉၃၊ ၁၉၉၄ ပတ်ဝန်းကျင်မှာ တော့ အရက်ဆိုင်၊ ဘီယာဆိုင်တွေက ကျနော်တို့ကို ပြန်ရွေးချယ်နေပြီ။ လမ်းထောင့်တိုင်း၊ လမ်းထောင့်တိုင်း၊ ရပ်ကွက်တိုင်း၊ ရပ်ကွက် တိုင်းမှာ ဘီယာဆိုင်တွေ အရက်ဆိုင်တွေက များမှများ။ ကုန်စုံဆိုင် ခပ်သေးသေးလေးမှာကအစ အရက်၊ ဘီယာကို ပိုက်ဆံပေးလျှင် ငါး နှစ်သားကအစ အချိန်မရွေး လွယ်လွယ်ဝယ်လို့ရသည်။

အရက်သေစာသောက်သုံးလျှင်ကောင်းသည်ဟု ဘယ်ဘုရားမှမဟောကြားခဲ့တာကို ကျနော်ဉာဏ်မှီသလောက် တွေးမိသည်။ မိုဟာမက် အရှင်က ၀က်သားနှင့်အရက် ရွေးချယ်ရတော့မယ်ဆိုလျှင် အရက်ကိုမရွေးချယ်ဖို့ တားမြစ်ခဲ့သည်။ ကျနော်တို့ ဗုဒ္ဓရှင်တော်ကလဲ သူရာမေယ ယျကို ငါးပါးသီလထဲမှာကိုထည့်ပြီး တားမြစ်တော်မူသည်။ ကျနော်တို့ဘုရားမပွင့်ခင်ကတည်းက ပေါ်ပေါက်လာခဲ့သော အရက်သေစာသည် ဘုရားတွေ၏ သာသနာတော်တွေထက် နှစ်တွေအကြာကြီးဖြင့် ကမ္ဘာလောကကြီးအလယ်မှာ ခေတ်စားခဲ့သည်။ ရေပန်းစားလျက်ပင် ရှိနေ သေးသည်။ အရက်သေစာသောက်သုံးသဖြင့် လောကသမိုင်းကြောင်းမှာ ကောင်းကျိုးရသော ပုံပြင်တွေ၊ နိပါတ်တော်တွေ၊ ဗျာဒိတ်တွေ မရှိ။ သို့သော် ကျနော် အပါအ၀င် မကောင်းမှုမှာမွေ့လျော်သောလူများက အရက်သေစာကို အလျင်းသင့်ရင် သင့်သလို သောက်သုံးကြသည်။

အရက်ကို အလွန်အကျွံသောက်သုံးကြပြီး ဘ၀ပျက်သွားကြသော၊ သေဆုံးသွားကြသော ကျနော့်ပတ်ဝန်းကျင်မှလူများကို ရေတွက်ကြည့် လျှင် အတော်များသည်။ အရက်ကို နွားသောက်၊ ခွေးသောက်၊ နာဋာဂီရိ ဆင်သောက်သောက်ပြီး ကျနော်ကိုယ်တိုင် အစာအိမ်တွေနာကာ သေမတတ်ခံစားဘူးသည်။ ခါးစပ်၊ ပူလောင်၊ ရောဂါရသောအရက်ကို ဘာကြိုက်ကြတာလဲမသိဘူးဟု အရက်မသောက်သောလူများ ပြစ် တင်သံကိုတော့ ကျနော်က ခင်ဗျားနားမလည်ပါဘူးဆိုသည့်သနားစိတ်နှင့်အတူ သဘောမတူချင်။

နှစ်ရှည်လများ ကွဲကွာနေသော ရင်ဘတ်မိတ်ဆွေများ၊ မိသားစုဝင်များနှင့် ပြန်တွေ့သည့်ရံဖန်ရံခါအချိန်များမှာ ကျနော်ကတော့ အရက် (၀ါ) ဘီယာကို ဘ၀မှာအနှောင့်အယှက်မဖြစ်ရအောင် သောက်သုံးဆဲဘဲဖြစ်သည်။ ကျနော့် ကောင်းကွက်၊ ဆိုးကွက်များကိုသိသော ပြောမနာ ဆိုမနာသူများနှင့် ဘီယာသောက်ရင်း၊ စားရင်းသောက်ရင်း လေပေါရသည်မှာ ဆရာကြီး ရွှေဥဒေါင်း၏ အရက်အတွက် “ကြည်နူးသည်” ဆို သည့်အသုံးကို အငှားသုံးစွဲချင်သည်။ သို့ပေမယ့် အခုတစ်လောတွေမှာ ဘီယာဆိုင်တွေ၊ အကင်ဆိုင်တွေ ရောက်တိုင်း ရောက်တိုင်း မိန်းမ ကြီးကြီး၊ ငယ်ငယ် ဘီယာခွက်ကြီး တစ်ကိုင်ကိုင်ဖြင့် ယမကာမှီဝဲနေတာကိုဖြင့် ကျနော်က အတွေးနှစ်ခုဖြင့် မြင်ကြည့်မိသည်။

မိမိခြေထောက်ပေါ် မိမိရပ်နိုင်ပြီး အလုပ်အကိုင်ကောင်းကောင်းရှိသော လူလတ်ပိုင်းမိန်းကလေးများ ဘီယာသောက်နေတာကို ယဉ်ကျေးမှု အရ သိပ်သဘောမကျချင်ပေမယ့် ကျနော့်မသိစိတ်မှာ လက်ခံသည်။ မိမိကိုယ်မိမိ ကောင်းမွန်စွာထိန်းကျောင်းနိုင်သော အသက်အရွယ်ဖြစ် သည်။ အရက်သောက်လို့ မှားခဲ့တယ်ဟုပြောကြလျှင်တောင် ဘ၀တစ်ဆစ်ချိုးပြောင်းပြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားမည့်အရွယ်တွေ မဟုတ် တော့။ အရက်သောက်လို့ အမှားကြီးမှားသွားတယ်ဟုပြောလာသော သက်လတ်ပိုင်းလူများကို ကျနော်က အားရပါးရ လက်ညှိုးထိုးကာ ရီချင်သည်။ လောကကြီး၏ အကောင်းအဆိုးများကို ထုသား၊ ပေသား၊ လေ့ကျင့်သားရနေသည့်အရွယ်တွေပီပီ မိမိတာဝန် မိမိယူကြစတမ်း ပေါ့ဗျာ။ အများကြီးသောက်ရင် အများကြီးမူးမှန်းသိနေသောအရွယ်။ လောကသဘာဝကြီးကို စမ်းတ၀ါးဝါး စမ်းသပ်နေသော ကလေးလေး တွေလို အကြောင်းပြချက်မပေးကြစတမ်း။

ခပ်ငယ်ငယ် ချာတိတ်ကောင်လေး၊ ကောင်မလေးများ အရက်သောက်နေသည်ကိုတွေ့ရလျှင်တော့ ကျနော်က ဘယ်သူ့ကိုစိတ်ဆိုးလို့ ဆိုးရ မှန်းမသိ ဒေါသထွက်လာရသည်။ အစစ၊ အရာရာ နိမ့်ပါး၊ နိမ့်ကျနေသော နိုင်ငံအခြေအနေကိုလား။ အထိအခိုက်၊ အပွန်းအပဲ့များလာ သည့် မြန်မာ့ယဉ်ကျေးမှုလား။ လူမှုဗေဒပညာရှင်မဟုတ်သော ကျနော်လိုအကောင်က မှတ်ချက်ပေးတာ အန္တရာယ်များလှသည်။

ကျနော့် အသိတစ်ယောက်ကတော့ “ကိုရီးယားဇာတ်လမ်းတွဲ ယဉ်ကျေးမှုတွေပေါ့ကွာ” ဟု မှတ်ချက်ပေးသည်။ “အစိုးရပိုင် မီဒီယာတွေ ကိုယ်တိုင်က သားအဖချင်း ခွက်လဲသောက်၊ သမီးရည်းစားချင်း အရက်အတူသောက်တဲ့ ကိုရီးယားယဉ်ကျေးမှုတွေပြနေမှတော့ လူကွ၊ လူ။ ကောင်းတာသာ မသင်ချင်ကြတာ။ မကောင်းတာတော့ ယူပြီးသားဘဲ မောင်ရင်ရဲ့” ဆိုသည့် သူ့မှတ်ချက်က မှန်သည်ဆိုဦး အလုံးစုံမမှန်နိုင်။

ကိုရီးယားမှာ နှစ်ရှည်လများ အလုပ်လုပ်ခဲ့ဘူးသော ကျနော့်အတွက် ကိုရီးယားယဉ်ကျေးမှုကို ပညာရှိဆန်ဆန် မချဉ်းကပ်နိုင်တာဘဲရှိမည်။ လူတွေကို စိတ်ဝင်တစားလိုက်စပ်စုတတ်သည့်ကျနော့်အတွက်တော့ သူတို့လူမျိုးတွေ၏အကျင့်စရိုက်ကို တီးမိခေါက်မိရှိသည်။ ပါးစပ်က ဒီသူဌေး အလကားပါကွာ၊ မင်းတို့ အလုပ်ပြောင်းကြ။ ဒီ Company မကောင်းဘူး။ Bonus လဲ မသေချာဘူးဟု ပြောနေသော်လည်း အလုပ် မပြီးမချင်း၊ အလုပ်လက်စမသတ်မချင်း အိမ်ကိုမပြန်။ ညကြီး မိုးစုတ်စုတ်ချုပ်မှ ပါးစပ်က ပွစိ ပွစိပြောပြီး ပြန်သွားသည်။ နောက်ရက် မနက် အစောကြီး မျက်လုံးနီနီ၊ အိပ်ရေးမ၀သောရုပ်ဖြင့် ကော်ဖီခွက်ပူပူကို တရှူးရှူးသောက်ရင်း မနေ့က လက်စမသတ်နိုင်သောအလုပ်ကို ပြန်စဖို့လုပ်နေကြတာ တစ်ခါ၊ နှစ်ခါ ကြုံရသောကိစ္စမဟုတ်။

သူဌေးကို ၀က်ကြီး၊ နွားကြီး၊ ခွေးကြီးဟု အသုံးမကျသော ရှိရှိသမျှ သတ္တ၀ါများနှင့် နှိုင်းယှဉ်နေပေမယ့် ထိုသူဌေး၏ပစ္စည်းတစ်ခုခု ကျနော် တို့ကြောင့် အလဟသဖြစ်သွားလျှင် ဆူချင်၊ ငေါက်ချင်သည်။ “ဒါတွေက ဒယ်ဟန်းမင်းဂု (ကိုရီးယားနိုင်ငံတော်ကြီး) ဟာတွေကွ။ မပျက် စီးစေနဲ့။ မင်းတို့ သူ့ကိုမကျေနပ်ရင် ချောင်းရိုက်ကြမယ်” ဆိုသည့် ဟန်းဂုလူမျိုးတို့၏စကားတွေသည် သာကီမျိုးကျနော့်အတွက် အတုယူ စရာ။

ကိုရီးယားမှာ အလုပ်လုပ်နေစဉ် ကိုရီးယားဘာသာစကား အလကားမတ်တင်းသင်ပေးသည်သာမက ထမင်းပါကျွေးသော လူမှုရေးစင် တာများသို့ ကျနော်တို့သွားကြသည်။ သင်ကြသည်။ ဝေလေလေသွားလုပ်ကြသည်။ ကြီးကောင်ကြီးမား နိုင်ငံစုံ၊ လူမျိုးစုံလူမျိုးများကို သူ ငယ်တန်းကလေး စာသင်သလို စိတ်ရှည်လက်ရှည်သင်ပေးသော ကိုရီးယားသူလေးတွေသည် ကျနော်တို့အတွက် ဗူးကျချင်စရာ။ တစ်လ တွင် အနည်းဆုံး တစ်ခါ၊ နှစ်ခါခန့်လဲ ဆိုင်မှာ ထမင်းလိုက်ကျွေးသေးသည်။ အရက်ပါတိုက်သည်။ သီချင်းတွေသွားဆိုကြသည်။ နှစ်သစ် ကူးညများ၊ ပိတ်ရက်ရှည်ညများ၊ အမှတ်တရနေ့တွေမှာ သန်းခေါင်၊ သန်းလွှဲအထိ အရက်အတူတူသောက်ကြသည်။

အရက်အစုံသောက်ဘူးသော အားကောင်းမောင်းသန် ယောက်ကျားကြီးများဖြစ်သည့်ကျနော်တို့ကိုယ်တိုင် ခေါင်းမထောင်နိုင်အောင် မူးကြ သေးလျှင် ကျနော်တို့နှင့်ခွက်တိုက်သောက်နေသော ကိုရီးယားဆရာမလေးများသည် ဘာသားနဲ့ထုထားတာမို့လို့တုန်း။ မူးကြသမှ အလွန် မူးကြသည်။ သို့သော် သူတို့မသိသောလူများ၊ မယုံကြည်ရသောသူများ အရက်ဝိုင်းထဲတွင်များနေလျှင် ဘယ်လောက်တိုက်တိုက် နှစ်ခွက်၊ သုံးခွက်ထက် ပိုမသောက်ကြ။ သို့မဟုတ် သူတို့ကို အိမ်တိုင်ရာရောက် လိုက်ပို့ပေးနိုင်၊ ထိန်းနိုင်မည့် ကိုရီးယားသား ဆရာခပ်ကြီးကြီး တစ် ယောက်တော့ ပါလာတတ်သည်။

ယောက်င်္ကျားတွေမူးလာလျှင် မဟုတ်သုတ်ကရ အတွေးတွေ၊ အလုပ်တွေ တွေးချင်ကြ၊ လုပ်ချင်ကြပေမယ့် ကျနော်တို့ကို ယုံကြည်လို့ အ တူတူအရက်သောက်နေသောဆရာမလေးတွေကို စည်းတစ်ခု ဇွတ်ဆွဲထားရသည်။ စောင့်ထိန်းဖို့ ကြိုးစားကြတာများသည်။ လူ့စိတ်ဆိုတာ များကလဲ ဆန်းကြယ်သည်ထင်သည်။ ယုံလို့ပုံအပ်ထားလျှင် ခိုးချင်ရင်တောင်မှ နည်းနည်းရွံ့သည်။ စဉ်းစားရသည်။ မယုံမကြည်ဖြင့် လူကို သူခိုး၊ ဂျပိုးလိုဆက်ဆံနေလျှင် လစ်လျှင်လစ်သလို ခိုးချင်၊ ၀ှက်ချင်ကြသည်။ မဟုတ်တာမှန်သမျှ အကုန်လုပ်ချင်သည်။ ထို့ကြောင့် ကျနော် တို့မှာလဲ ခေါင်းမထောင်နိုင်အောင်မူးနေပေမယ့် ချီး (ချေး) လာကျွေးလျှင်မစားသလို ဆရာမလေးများကိုလဲ အာလေး၊ လျှာလေးဖြင့် အီစီ ကလီပြောယုံထက် ပိုပြီး အဆင့်မတက်ရန် ချုပ်တည်းကြရသည်။ ကျနော်က ဒီလိုပြောသဖြင့် နင်တို့က လူကောင်းတွေပေါ့၊ သိပ်တော်ပေါ့၊ ဘုရားလောင်းတွေပေါ့ဟု ရွဲ့ချင်စရာ။ ကျနော်တို့အဖွဲ့ထဲမှာ အရမ်းမူးလို့ ချီး (ချေး) ကျွေးလျှင် မစားပေမယ့် ယုံကြည်မှုကို အခွင့်အရေး ယူချင်သောသူများလဲ ရှိတတ်သည်။

ထိုကဲ့သို့သော လူများက မဟုတ်၊ မမှန်တာလုပ်ပြီး ဆရာမလေးများကို စော်ကားမော်ကားလုပ်ချင်လျှင်လဲ ဆရာမလေးများက လိမ္မာပါးနပ်စွာ ရှောင်ထွက်သည်မှာ လှပသေသပ်လွန်းသည်။ ဒီလိုလူတွေပါသည်ဟု သံသယရှိလျှင် စားပွဲကို စောစောသိမ်းဖို့ကြိုးစားသည်။ လုံလုံခြုံခြုံဝတ် ဆင်သည်။ အဲဒီလို အကောင်တွေနား မကပ်။ အကပ်မခံ။ အရမ်းကာရောလွန်လာလျှင် ဘာမပြော၊ ညာမပြော ထထွက်သွားတတ်သည်။ နောက်တစ်ခေါက် စားသောက်ပွဲရှိလို့ သွားမည်ဆိုလျှင် အဲဒီလူပါရင် ငါတို့မလိုက်ဘူးဟု ပေါ်ပေါ်တင်တင်ဖွင့်ပြောသည်။ ဒီတော့ သောက် ရှက်မကွဲချင်သူများ ရှောင်ကြ၊ ရှားကြစေ။

ညမိုးချုပ် ဘူတာရုံတွေမှာ၊ လမ်းလေးတွေမှာ မူးရူးနေသော ကိုရီးယားစုံတွဲလေးများကို တွေ့ဘူးသည်။ ကောင်မလေးကို ကျောပိုးပြီး လှေ ခါးထစ် အမြင့်ကြီးတွေကိုတက်နေသောကောင်လေးများကိုကြည့်ကာ သနားစိတ်တောင်ဝင်မိသည်။ သူတို့ဦးတည်ရာက ဘယ်လဲ။ ဟော် တည်ကိုလား။ အိပ်ခန်းများကိုလား။ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းများသည်။ သို့သော် သူတို့ယဉ်ကျေးမှုက သူတို့ကိုယ်ပိုင်။ ပြီးပြည့်စုံသောနိုင်ငံမှာ ရှင်သန်ကြီးထွားရသည့် နိုင်ငံသားတွေ။

အခြေခံအလုပ်ကြမ်းသမားတစ်ယောက်တောင်မှ တစ်လကို ဒေါ်လာ ၁၅၀၀ ခန့်ရနေလျှင် ထိုကိုရီးယားသားများ၏ အလုပ်အကိုင်၊ ၀င် ငွေသည် မပူမပင်ရ။ အလုပ်လုပ်ချင်စိတ်ရှိဖို့ဘဲလိုမည်။ ဘ၀တစ်ခုကို တည်ထောင်ချင်သည့်စိတ်ရှိဖို့ဘဲလိုမည်။ ဖြောင့်မတ်မှန်ကန်စွာ အုပ် ချုပ်သော၊ စေတနာရှိသော သူတို့အစိုးရက အစစအရာရာ ပြီးပြည့်စုံအောင်ဖန်တီးပေးထားသောအခြေအနေမှာ မမှားသင့်ဘဲ မှားကြစေဦး တော့ ဘာအရေးလဲဗျာ။ ရန်ကုန်- မန္တလေး ခရီးအကွာအဝေးကို လေးနာရီခန့်ဖြင့်ရောက်အောင်သွားနိုင်သော ကျည်ဆန်ရထားရှိသည်။ ကမ္ဘာ့အကောင်းဆုံးဟုပြောနိုင်သော သဘောင်္တည်ဆောက်ရေးလုပ်ငန်းကြီးများရှိသည်။ ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကြီးတွေရှိသည်။ အဆင့်မှီ ကားထုတ်လုပ်ငန်းများရှိသည်။ ရောဂါမရအောင်၊ ကျန်းမာအောင်၊ လွန်လွန်ကျူးကျူးမဖြစ်ကြရအောင် အသိရှိ ပညာတတ်အောင်သင်ကြားခံထားကြရသောလူများက အများစုဖြစ်သည်။

ရောဂါရမှ၊ မဖုံးနိုင် မဖိနိုင်ဖြစ်မှ ကြိတ်ကု၊ ကြိတ်လုပ်ရခြင်းထက် ပွင့်ပွင့်လင်းလင်းပညာပေးပြီး ရောဂါမရအောင်၊ ကာကွယ်ခြင်းများကို သင် ကြားပေးထားသော လူ့အဖွဲ့အစည်းကို ကျနော်က တစ်ဦးတည်းသဘောအရကိုကြိုက်သည်။ “ဒါဆို နင့်သမီးမွေးမှ အဲဒီလိုလုပ်” ဟု ပြောလာ မည့်လူများအား လောကကြီးသဘာဝအတိုင်း မသင်ပေးရဘဲ သိလာ၊ တတ်လာကြမည့်အကြောင်းအရာများကို ရူးချင်ယောင်ဆောင်၊ မသိ ချင်ယောင်ဆောင်လိုက်လို့ ကိစ္စတွေကပြီးသွားသလားဟုဘဲ ပြန်မေးချင်သည်။

ကျနော့်သူငယ်ချင်းလို သူများနိုင်ငံက ကြည့်ပါလို့မတိုက်တွန်းဘဲနှင့် ကိုယ့်ဘာသာကြည့်ပြီး အဲဒီဇာတ်ကားတွေကြောင့်ပေါ့ဟု မျက်နှာလွဲ ခဲပြစ်လုပ်နေတာကြီးကတော့ တဆိတ်လွန် လွန်းသည်ထင်သည်။ ကိုယ်ခံအား နည်းနေသောလူကို အပြင်က ရောဂါဘယတွေ ၀င်ကူးစက် ဖို့ လွယ်ကူသလိုဘဲ ဖြစ်မည်ထင်သည်။ ခိုးဝှက်ရမှာ မရှက်၊ ငါသိ၊ ငါတတ်၊ ငါ့ထက်တော်တာ မရှိဟုပြောရမှာ မရှက်သောလူတွေ မင်း မူနေကြသောအချိန်ကြီးမှာ မိမိနိမ့်ပါးတာမှန်သမျှ သူများကိုလွှဲချတာ နည်းလမ်းမှန်ကန်ပါ့မလား။ ငယ်ငယ်က ကျနော့်ကိုအမေရိုက်တော့ သေသွားသောအဖေ့ကို အပြစ်လွှဲချပြီး အာဗြဲကြီးနှင့်အော်ငိုသလိုမျိုးဘဲ ဖြစ်မည်။

ကိုရီးယားယဉ်ကျေးမှုကိုလိုက်ပြီး ချာတိတ်မလေးတွေဘီယာဆိုင်ထိုင်နေကြသည်ဟု လက်ညှိုးထိုးနေကြသောသူများကို ကျနော်က ပြန် ပြောချင်သည်။ ကိုရီးယားနိုင်ငံသားတွေလို ပညာကောင်းကောင်းသင်ပေး။ ဘ၀အာမခံချက်ရှိသော အလုပ်အကိုင်ကောင်းအောင် ဖန်တီး ပေး။ မိမိနိုင်ငံသားတွေ၏ သာရေး၊ နာရေးကို ရင်နှင့်အမျှ လိုက်ခံစားပေးသော အစိုးရအုပ်ချုပ်စေ။ ခိုးဝှက်ကြီးပွားခြင်း၊ ကပ်ဖား၊ ရပ်ဖား ချမ်းသာခြင်းသည် ရှက်စရာလို့ ချာတိတ်၊ ချာတိတ်မတွေစိတ်ထဲမှာ အမြစ်တွယ်သွားအောင် ရှေ့ဆောင်လမ်းပြနေပေး။ လူ့ဘ၀ကြီးမှာ ကိုယ်ကျင့်သီလ ပြည့်စုံတဲ့သူတွေသာ အောင်မြင်နိုင်တဲ့ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးလိုက်ကြစမ်းပါ။ ကိုရီးယားမှာ မိန်းကလေးတစ် ယောက် ဗလကာယအလုပ်ခံရလို့ ရဲချုပ်ကိုယ်တိုင်ရှက်လွန်းလို့ မိမိတာဝန် မိမိယူပြီး နှုတ်ထွက်သွားသလို တရားဥပဒေစိုးမိုးအောင် လုပ်ပေး လိုက်စမ်းပါ။

အထက်က ကျနော်ပြောခဲ့သောအကြောင်းချင်းရာများ ပြည့်စုံပြီး ကျနော်တို့ ညီ၊ ညီမများ အလုပ်အကိုင်ကောင်းကောင်းဖြင့် မိမိပတ်ဝန်း ကျင်ကိုအကျိုးပြုနေသော ပညာကိုတန်ဖိုးထားသော ပညာတတ်လေးများ ဖြစ်လာပါစေ။ ထိုအခြေအနေရောက်လို့မှ ဒင်းလေးတို့က ဘီယာ သောက်မယ်၊ အရက်သောက်မယ်ဆိုရင်လဲ ကျနော်က အတူတူတစ်ဝိုင်းထဲ ထိုင်သောက်ချင်သေးသည်။ မီးရောင်ထိန်ထိန်၊ သန်းခေါင်သန်း လွှဲ လုံလုံခြံခြုံ အိမ်ပြန်လို့ရနေသော ရွှေနိုင်ငံကြီးမှာ အေးအေးဆေးဆေး အရက်သောက်လို့ရသော လူ့ဘ၀ရစဉ်မှာ ပေါ့ပေါ့ပါးပါး သောက်ကြ၊ စားကြတာပေါ့လေ။ သူရာမေယျကံထက် ပိုပြီးရွံ့ဖို့ကောင်းတဲ့ ခိုး၊ ၀ှက်၊ မာန်မာနထောင်လွှား၊ ခြေထိုး၊ ငါတစ်ကော ကောခြင်းတွေ ဒင်း လေးတို့မလုပ်ရင်ဘဲ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ချကွာ တစ်ခွက်လောက်လို့ ကျနော်က “ကမ်ပေ့” လိုက်မည်။



" ညီမလေး ဈေးကောင်းရပါစေ "

by Oakkar Nyo Htay on Sunday, April 8, 2012 at 10:03pm ·


Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။

Sorry ပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။

မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တစ်ခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တစ်ရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။

ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး ၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊
ဒီကောင်တွေဟာ နွားတွေ။

ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။

Sorry ပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။

အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့)
( ... ) နိုင်ငံ ဆိုပြီးတော့လေ ...။

ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...
အင်း ... ... ...

ဖဦးထုပ်တွေ ၊ နငယ်တွေ ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။

တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။

(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။

မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။

မင်းတို့လေးတွေကို
နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။

Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။

Sorry ပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည်
တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။

အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ ...
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။

မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။

Sorry ပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။

မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။

Sorry ပါ ညီမလေးတို့ရေ ...



By မားဆိုး "http://www.facebook.com/profile.php?id=100000146656174"

" မြန်မာလူမျိုးမှန်လျှင် မြန်မာအမျိုးသမီးများကို တန်ဖိုးထားကြပါ။ မြန်မာအမျိုးသမီများသည်လည်း မိမိတန်ဖိုးကို ထိန်းသိမ်းကြပါ။ "
၉ - ၄- ၂၀၁၂။

No comments: