Friday, April 27, 2012

မြန်မာနိုင်ငံအပေါ်ယံပြောင်းလဲမှုနှင့်ဒါတ်(ခ်ျ)ရောဂါ။

မိတ်ဆွေများခင်ဗျား။

ပြည်တွင်းမှ ဆောင်းပါးရှင် ကိုရန်နောင် ပေးပို့လာသည်ကို မူရင်းအတိုင်းဖြန့်ဝေပါသည်။ ရှင်းလင်းစွာဖတ်လိုပါက ပူးတွဲပါ ဖိုင်များကိုဖွင့်၍ဖတ်နိုင်ပါသည်။


လေးစားစွဖြင့်
ချိုမောင်

မြန်မာနိုင်ငံအပေါ်ယံပြောင်းလဲမှုနှင့်ဒါတ်(ခ်ျ)ရောဂါ။

မြန်မာစစ်ဗိုလ်တွေမြန်မာ့နိုင်ငံရေးထဲကိုဘောင်းဘီချွတ်ပြီးအရပ်ဝတ်လဲဝင်လာတာအများအသိပါ။ သူတို့ရဲ့အဓိကပြိုင်ဖက်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမကြာခင်က အောင်မြင်စွာလှုည့်စားသွားနိုင်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေရွေးတင်လိုက်တဲ့သူရဲ့တပည့်ဗိုလ်သိန်းစိန် ဟာ နေခြင်းညခြင်း နိုင်ငံတော်သမတကြီးဖြစ်လို့လာပါတယ်။
ဗိုလ်သိန်းစိန်ဟာနိုင်ငံတကာနဲ့မြန်မာ့ဒီမိုကရေစီအင်အားစုများမထင်မှတ်ထားတဲ့ပြုပြင်ပြောင်းလဲမှု တွေ
ကိုမြန်မြန်ဆန်ဆန်ဆက်တိုက်လုပ်ပြခဲ့ခြင်းဖြင့်အားလုံးကိုလှည့်စားနိုင်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
လွှတ်ပေးလိုက်ခြင်း၊နှစ်ကိုယ်ကြားပြောကြား၍အယုံသွင်းခြင်း။ နိုင်ငံရေးအ ကျဉ်းသားများရှိသည်ကိုဝန်မခံသော်လည်းရာဇဝတ်အကျဉ်းသားများအဖြစ်အများအပြား ကိုလွှတ်ပေး လိုက်ခြင်း။ သတင်းစာနယ်ဇင်းများကိုတင်းကြပ်မှုမှလျှော့ချပေးခြင်း။ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်း  ခွင့်ကိုတရားဝင်ခွင့်ပြုလိုက်ခြင်းတို့အပြင် တောင်သူလယ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်း ခြင်း ကိုလည်းတရားဝင်အသိအမှတ်မပြုသော်လည်းအရေးမယူဘဲလွှတ်ပေးထားခြင်းဖြင့်သူဦး ဆောင်သောအစိုး
ရသည်ယ္ခင်စစ်အစိုးရနှင့်မတူလူ့အခွင့်အရေးကိုလေးစားလိုက်နာသောအစိုးရဖြစ် သည် ပြည်သူတို့ကိုဒီမိုကရေစီအမှန်တကယ်ပေးမည့်အစိုးရဟုမျက်လှည့်ပြနိုင်ခဲ့တယ်။
ဒီလုပ်ကွက်များဟာ နိုင်ငံတကာရှိ အီးယူ နှင့် အမေရိကန်တို့ကိုတကယ်ပြောင်းလဲတော့မှာဖြစ်တယ် ဆိုပြီး ကောင်းကောင်း သိမ်းသွင်းနိုင်ခဲ့ တာတွေ့ရတယ်၊ နောက်ဆုံးထောင်ချောက်ကတော့နိုင်ငံတကာ ကလိုလားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို အယုံသွင်းပြီးရွှေးကောက်ပွဲကို အောက်ဈေး နဲ့ဝင်ခိုင်းခဲ့တာဘဲဖြစ်တယ်၊ ရွှေးကောက်ပွဲမဝင်ခင် အန်အယ်ဒီက တောင်းဆိုတဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ့်အစား အခြေခံဥပဒေကိုလေးစားလိုက်နာပါမယ်ဆို တာကိုရွေး ကောက် ပွဲဥပဒေမှာလျှောလျှောရှူရှူပြင်ပေးခဲ့တယ်။ ဒါကြောင့်NLD ကရွေးကောက်ပွဲဝင်လိုက်တယ်၊ အပြတ် အသတ်လဲနိုင်လိုက်တယ်။ ၄၄နေရာဝင်ပြိုင်တာ၄၃ နေရာနိုင်တယ်၊ ကြံဖွတ်ပါတီအတွက်သူတို့ နိုင်ခဲ့ တဲ့အမတ်နေရာတွေကို NLD ကအားလုံးနိုင်သွားတယ်ဆိုတာတွေ့ရတော့အတော်တုန်လှုပ်သွားပုံ ရ တယ်။ ဒါဟာNLD အတွက်အောင်ပွဲဖြစ်သလို ဦးသိန်းစိန်အစိုးရအတွက်လဲအကြီးအကျယ်အောင်ပွဲရ ခဲ့တယ်လို့ပြောလို့ရတယ်။
NLD ကိုရွေးကောက်ပွဲဝင်ဘို့စည်းရုံးနိုင်ခဲ့တာကြောင့်ဦးသန်းစိန်အစိုးရလိုလားနေတဲ့ စီးပွါးရေး ပိတ် ဆို့မှုကိုအီးယူ နဲ့ အမေရိကန်ကတနှစ်ရပ်ဆိုင်းလိုက်တယ်။ သဘောကလုံးဝ ရုပ်သိမ်း တာမဟုတ်ဘူး တကယ်လို့နောက်ကြောင်းပြန်လှည့်ပြီး ပြည်သူတွေကိုပြန်ဖိနှိပ်မယ်ဆိုရင် ပြန်ပြီး အပြစ်ဒါဏ်ခတ်မယ် ပေါ့။ ဒါပေမဲ့အနောက်ဥရောပ၊ အမေရိကန် နဲ့ ဂျပန်လုပ်ငန်းရှင်တွေကတနှစ် အတွင်း စဝင် နေ ပြီဖြစ်လို့တနှစ်ကြာလို့ပြန်ပိတ်လဲအရင်းအနှီးတွေကအလုံးလိုက်ဝင်ပြီးလောက်လို့သိန်းစိန်တို့ကယပ်
ခပ်နေယုံဘဲရှိတယ်။ NLD နိုင်ပြီးပြီးချင်းဦးသိန်းစိန်ကအာစီယံအစည်းအဝေးတက်နေတုံးလှမ်းပြီးဒေါ်စုကို ချီးကြူးစကားပြောတယ်၊ တဆက်တည်းသူ့အာဆီယံမိတ်ဆွေများနဲ့ဒါဏ်ခတ်ပိတ်ဆို့မှုကိုဖွင့်ပေးဖို့ တောင်းဆိုခဲ့တာကိုကြည့်ရင်သူတို့
လိုချင်နေတာဒါဏ်ခတ်ပိတ်ဆို့မှုရုပ်သိမ်းရေးသာဖြစ်တယ်ဆိုတာအလွန်ထင်ရှားခဲ့တယ်။
ဂျပန်ကလဲချေးငွေ ၃.၅ ဘီလီယံ ကို ဦးသိန်းစိန်လာလည်တာနဲ့ရက်ရက်ရောရောလျှော်ပစ်လိုက်တယ်၊ ကျုပ်တို့ကဂျပန်ကိုကြံဖန်ပြီးကျေးဇူးတင်လိုက်ရတယ်၊ တကယ်တော့ဒီကျွေးမြှီတွေဟာပြည်သူတွေ တပြား တချပ်မှမစားရဘဲ တော်လှန်ရေးကောင်စီ၊ မဆလ၊ ငြိမ်ပိ၊ တစည အဆက်ဆက် ကခေါင်း ဆောင် လုပ်တဲ့သူခိုး ၊ဒါးမြကြီးတွေ တိုင်းပြည်နံမည်နဲ့ အကြွးယူပြီး သူတို့အိမ်တွေဆောက်၊ ဇိမ်ခံကား တွေ၊ ဇိမ်ခံပစ္စည်းတွေကိုမှာယူပြီး သုံးချင်တိုင်းသုံး ဖြုံန်းပြစ်ခဲ့လို့တင်တဲ့ကြွေးမှီတွေဖြစ်တယ်။ ပြည်သူ တွေဘဝကိုမြှင့်တင်ပေးလို့တင်တဲ့ကျွေးမြှီ
မဟုတ်ဘူး၊ ဒီ ၃.၅ ဘီလီယံဆိုတာပြည်သူတွေရဲ့ဘဝကို အများကြီးပြောင်းလဲနိုင်တဲ့ငွေကမာဏဘဲ။ အလွန်နှမြောစရာကောင်းတယ်။
အခုလဲကြည့်လေ NLD အမတ်တွေလွှတ်တော်ထဲဝင်မယ်လဲဆိုရောကျမ်းကြိမ်တာ နဲ့လာပြီးငြိနေပြန် တယ်။ ရွေးကောက်ပွဲဥပဒေမှာတုံးကလျှောလျှောရှူရှူဒီစကားလုံးတွေကိုအထစ်အငေါ့မရှိပြင်ပေးခဲ့ပေ မဲ့၊ လွှတ်တော်ထဲ ကို ၄၃ ယောက်အုပ်စုနဲ့ဝင်လာမှာကိုသွေးပျက်နေကြတယ်၊ ဦးသိန်းစိန်ကလေပြေ ထိုးပြီးပြင်ဆင်နိုင်ဖို့ပြင်ဆင်ချက်ဥပဒေထည့်ထားပါတယ်လို့ဆိုတယ်၊ မပြင်နိုင်ဘူးလို့မပြောဘူး သိပ်ညက်တယ်။
ဒီလိုဆိုဘယ်လိုပြင်မလဲ ? လွယ်လွယ်လေးပါ၊ လွှတ်တော်အမတ် ၂၀%ကနေပြင်ဘို့အဆိုတင်၊နောက် ဒီကိစ္စကိုဆွေးနွေးပြီးထောက်ခံသူ ၇၅%ကျော်ရအောင်လုပ်၊ ၇၅%ကျော်ဆိုတာအရပ်ဝတ်လွှတ်တော် အမတ်အားလုံးနဲ့စစ်တပ်ကအနည်းဆုံးတယောက်ပါရမယ်လေ၊ ကြံဖွတ်အမတ်တွေအားလုံးကလဲ ထောက်ခံနိုင်ပါတယ်၊ ပြီးရင်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီးအတည်ပြု၊ ဒါ ဆို NLD အသစ်ကျပ်ချွတ် အမတ်တွေလွှတ်တော်ထဲရောက်ပြီပေါ့ ။
တချိန်ထဲမှာဘဲဗိုလ်ချုပ်မင်းအောင်လှိုင်ကလျှပ်တပျက်လွှတ်တော်တက်နေတဲ့စစ်ဗိုလ်လူငယ်အုပ်စုကို ရာထူးပိုကြီးတဲ့ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး ၊ ဒုဗိုလ်မှူးကြီးတွေနဲ့အစားထိုးလိုက်တယ်။ ဒါဟာဘာကိုပြသလဲဆိုတော့NLD အုပ်စုမကြာသောကာလမှာလွှတ်တော်ထဲကိုဝင်လာတော့မယ် ဒီအထဲမှာသူတို့သိပ်ကြောက်တဲ့ဒေါ်စုလဲပါတယ်၊ ဒါကြောင့်စစ်သဘောအရအတွေ့အကြုံပိုရှိတဲ့ ယုံကြည်စိတ်ချရတဲ့သူတွေနဲ့အစားထိုးပြီးတိုက်စစ်ဆင်ဘို့ပြင်ထားတာဖြစ်တယ်။ မဆလလက်ထက်ကတည်းက ဒုဗိုလ်မှူးကြီးအဆင့်ရောက်တာနဲ့အခွင့်ထူးခံလူတန်းစားဝင်ဖြစ်သွား တယ်၊ ဒုဗိုလ်မှူးကြီးအဆင့်နဲ့အထက်ကလူတွေဟာအပေါ်ထပ်အဆောက်အအုံဆိုတဲ့အုပ်ချုပ်သူလူ တန်းစားဆိုတဲ့ ( Untouchables) ထိလို့မရတဲ့လူတွေဖြစ်သွားပြီး၊ သူတို့ခေါင်းထဲမှာ ပြည်သူဆိုတာ သူတို့ကိုလုပ်ကျွေးရမဲ့ကျေးကျွန်တွေ၊ သူတို့ဟာအရှင်သခင်တွေဆိုတဲ့အသိတွေဝင်သွားပြီ၊ ဒီနေရာ ကိုပေးတဲ့ဆရာကိုကြိုက်ကြီုက်မကြိုက်ကြိုက်ဒီနေရာကိုတော့သိပ်ကြိုက်သိပ်သာယာသွားပြီ၊ ဒါကြောင့်ဒီလိုစည်းစိမ်ခံစားနေတဲ့လူတန်းစားဒုဗိုလ်မှူးကြီးရာထူးနဲ့အထက်ကလူတွေကိုလွှတ်တော် ထဲကိုရှေ့တန်းခံစစ်အတွက်ပြောင်းပေးလိုက်တာဖြစ်တယ်။ ဒီလူတွေဟာ NLD ကအခြေခံဥပဒေကို ဒီမိုကရေစီစံနစ်နဲ့ကိုက်ညီအောင်ပြောင်းလဲဖို့အဆိုတင်းသွင်းလာတာကိုလုံးဝဆန့်ကျင်ဖို့အမာခံတွေ
အ ဖြစ်စေလွှတ်လိုက်တာဖြစ်တယ်။
နဂိုကပို့ထားတဲ့အငယ်တန်းအရာရှိတွေဟာစိတ်မချဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကအထူးအခွင့်အ ရေးရနေတဲ့အုပ်ချုပ်သူလူတန်းစားတန်းဝင်တွေမဖြစ်သေးဘူး၊ ပြည်သူတွေရဲ့ဘဝကိုစာ နာစိတ်ရှိ နေသေးတယ် ပြည်သူတွေနဲ့မကင်းကွာသေးဘူး၊ အသက်တွေကလဲငယ်သေးတော့အမှန်တရားဘက် ကိုလိုလားနေသေးတယ်၊ အခွင့်ထူးခံဘဝမရောက်သေးတော့ဒီမိုကရေစီစံနစ်ကိုလိုလားကြတယ်၊ ဒေါ်စုတို့လွှတ်တော်ထဲကိုဝင်လာတဲ့အခါ ဘက်ပြောင်းထောက်ခံလိုက်ရင် သောက်ကျိုးနဲ သွား နိုင် တယ်။ ဒါကြောင့်အခွင့်ထူးခံလူတန်းစားတွေနဲ့အစားထိုးလိုက်တာဘဲ။
မင်းအောင်လှိုင် ဟာစစ်တပ်ကိုယ်စားလှယ်တွေကိုလွှတ်တော်ထဲမှာသွင်းချင်သလိုသွင်းပြောင်းချင်သ လိုပြောင်းနိုင်ခွင့်ကိုကြည့်ရင် ၂၀၀၈ အခြေခံဥပဒေဟာဒီမိုကရေစီစံနစ်ကိုအော်ဟစ်လှောင်ပြောင်နေ သလို ဘဲခံစား ရတယ်။ နိုင်ငံအုပ်ချုပ်ရေး၊ တရားဥပဒေစီရင်ရေး၊ ဥပဒေပြုရေးတို့ကိုအကောင် အထည်ဖေါ်ရမဲ့လွှတ်တော်ဟာ စစ်ဦးစီးချုပ်ကမထီမဲ့မြင်လုပ်တာကိုလုပ်ခွင့်ပေးထားတယ်။ ဒီအချက် တချက်တည်းကဘဲ၂၀၀၈ အခြေခံဥပဒေဟာဒီမိုကရေစီစံချိန်စံ ညွှန်းမရှိတဲ့ပြည်သူရွေးချယ်မှုကို ပျက်ရယ်ပြုထားတဲ့အလိမ်အညာဥပဒေဆိုတာထင်ရှားစေခဲ့တယ်။
ဦးသိန်းစိန်ဟာNLD ရဲ့တောင်းဆိုမှုကိုအခြေခံဥပဒေအမင်းမင့်တွေအရပြောင်းလဲနိုင်ခွင့်ရှိတယ်လို့ဆို ထား ပေမဲ့၊ ဒီကိစ္စဟာအထက်မှာတင်ပြထားတဲ့အတိုင်းလွှတ်တော်တွင်းမှာအဆင့်ဆင့်ဆွေးနွေးငြင်း ခုံပြီး အများစုထောက်ခံမှသာပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ အများစုကလဲ ကြံဖွတ်တွေနဲ့ စစ်ဗိုလ်တမတ် သားရဲ့သဘောတူညီမှုအပေါ်မှာမူတည်နေပါတယ်။
အခုတော့စီးပွါးရေးပိတ်ဆို့ထားမှုကိုယာယီတနှစ်ရပ်ထားလိုက်ပါပြီ။ စီးပွါးရေးသမားတွေ ကော်ပိုရေး ရှင်းကြီးတွေဒုန်းစိုင်းဝင်လာတော့မှာဖြစ်ပါတယ်၊ ဂျပန်ကလဲသိပ်ဝင်ချင်နေတော့အကြွေးသန်း၃ထောင် ကျော်ကိုလျှော်ပစ်လိုက်တယ်။ အနောက်ဥရောပနဲ့အမေရိကန်ကော်ပိုရေးရှင်းတွေကလဲဝင်တော့မှာ ဘဲလေ။ ဦးသိန်းစိန်တို့လိုလားချက်ကိုကောင်းစွာရလိုက်ပါတယ် ဒါပေမဲ့ NLD ကတော့ကျမ်းကြိမ်စာ သားပြောင်းလဲပေးရေးမှာတစ်နေပြီးရှေ့မတိုးသာနောက်မဆုတ် သာဖြစ်နေချိန်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကတော့နိုင်ငံခြားကုမ္ပဏီကြီးများဝင်လာမှုကြောင့် ကုန်ဈေးနှုန်းတွေမတန်တဆမြင့် တက်လာတဲ့ဒါဏ်ကိုခါးစည်းခံရတဲ့ ဒါတ်ရောဂါဆိုးကြီးနဲ့တွေ့ကြုံရ တော့မှာဖြစ်ပါတယ်။
ရန်နောင် (သုံးဆယ်- သာယာဝတီ)
ဧပြီလ ၂၄ ရက်၊ ၂၀၁၂ခု။

__._,_.___


3 of 3 File(s)
Burma's Superficial Change and Dutch Disease.pd

No comments: