Sunday, April 22, 2012

ကွာခြားချက်

ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၄၊ ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက်ပုံစံတွင် “ကျွန်ုပ်.....သည် ........ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင်ဆောင်ရွက်ပါမည်။ ထို့အပြင် ယခု ကျွန်ုပ်ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်”ဟု ဖော်ပြထားပါသည်။


၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ပြည်သူ့လွှတ်တော် အမတ်များ ကျမ်းသစ္စာဆိုချက် သို့တည်းမဟုတ် ကတိသစ္စာဆိုချက် ပုံစံတွင် ဖော်ပြထားသည်မှာလည်း ''ကျွန်ုပ်သည် ပြည်သူ့ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်း ခံရပြီးဖြစ် သဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တည်မြဲအောင် ထိန်းသိမ်း၍ တရားဥပဒေများကို စောင့်ရှောက်ပါမည်။ ထို့ပြင် ယခု ကျွန်ုပ်ဆောင်ရွက်မည် ဖြစ်သော တာဝန်ဝတ္တရားများကိုလည်း တည်ကြည် ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက် တည်ကြည်စွာ ကျမ်းသစ္စာဆိုပါသည်။ (ကတိသစ္စာဆိုပါသည်)''ဟူ၍ ပြ ဋ္ဌာန်းထားပါသည်။

No comments: