Sunday, January 2, 2011

02 Jan 2011

Sangha Council warns monks, novices against using BB chat in public


The director of the Sangha Supreme Council Secretariat has warned Buddhist monks and novices against using BlackBerry mobile phones to perform message exchanging in public places.
Amnart Buasiri, the director of the secretariat of the Buddhist monk ruling body, said his office has received complaints from the public that it was improper for newly-ordained monks and novices to use the so-called BB chat in public.
"The secretariat has sent circulars to all levels of monastic chiefs to instruct and ensure that Buddhist monks and novices under their supervision will not act improperly in term of technology usage," Amnart said.
The Nation

Posted: 02 Jan 2011 01:12 AM PST
ဒီကနေ့ကျရောက်တဲ့ နှစ်ကူးအခါသမယကို ကမ္ဘာအရပ်ရပ်က ပုံစံမျိုးစုံနဲ့ ကြိုဆိုကြသလိုပဲ မြန်မာပြည်ထဲမှာလည်း ငွေကြေးတတ်နိုင်သူတွေက တတ်နိုင်သလို အလှူအတန်းတွေလုပ်ပြီး ကြိုဆိုကြပါတယ်။ လူငယ်ပိုင်းကလည်း သူငယ်ချင်းတွေစုပြီး နှစ်ကူးပြောင်းမယ့်အချိန်ကိုစောင့်ပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ ကြိုဆိုကြတာတွေရှိပါတယ်။

မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ချုပ်ကတော့ စစ်ကိုင်းမိဘဂုဏ်ရည်ကျောင်းဆရာတော်ကလှူတဲ့ ကံ့ကော်ပျိုးပင် ၁၀၀၀နဲ့ သူတို့မှာရှိတဲ့အပင်တွေ ၂၀၁၁ပင်ပြည့်အောင်ပေါင်းပြီး သစ်ပင်စိုက်တဲ့အဖွဲ့တွေကိုလှူတန်းခဲ့သလို ဗန်းမော်ထောင်မှာ ထောင်ဒဏ် ၅နှစ်ကျခံနေရတဲ့ ညောင်ဦးက နိုင်ငံရေးအကျဉ်းသား ကျူရှင်ဆရာ ဦးဇော်ဇော်ရဲ့ မိသားစုကလှူတန်းခိုင်းတဲ့ စိပ်ပုတီးတရာကို ထပ်ဆင့်အလှူဒါနလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီအကြောင်း မန္တလေးအန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးမျိုးနိုင်ပြောပြတာကတော့


အပင်ပေါင်းက ၂၀၁၁ ပင်လောက် ရှိပါတယ် ဒီနှစ်သစ်နဲ့လည်း ကိုက်ညီပါတယ်။ အပင်က ကံ့ကော်ပင်တွေပါ။ အဲ့ဒါတွေကို ကျနော်တို့က သစ်ပင်စိုက်ပျိုးနေတဲ့အဖွဲ့အစည်းတွေကို ကျနော်တို့က ပြန်ပြီးတော့ လက်ဆင့်ကမ်းပြီးတော့ သူတို့က ဆောင်ရွက်ဖို့ လှူဒါန်းမှာပါ။ နောက်တခုကတော့ ညောင်ဦးကနေပြီးတော့ အန်အယ်လ်ဒီအဖွဲ့ဝင်နဲ့ ကျူရှင်ဆရာ ဦးဇော်ဇော် သူ့ဇနီး ဒေါ်သန်းသန်းဌေးကနေ ကျနော်တို့ဆီကို စိပ်ပုတီး အကုံး ၁၀၀ ပို့လိုက်ပါတယ်။ အဲ့ဒီ အကုံးတရာကို စစ်ကိုင်းမှာရှိတဲ့ သီလရှင်တွေကို အလှူဒါနပြုမှာကို ရည်ရွယ်တဲ့ဟာလေးကတော့ အချုပ်နှောင်ခံနေရတဲ့သူများအားလုံး လွတ်မြောက်စေရန်နဲ့ တကမ္ဘာလုံး ငြိမ်းအေးချမ်းသာစေရန်ရည်ရွယ်၍ ဆရာဇော်တို့မိသားစုက လှူဒါန်းတာပါ။

မန္တလေးအန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးမျိုးနိုင်ပါ။ နာရေးကူညီမှုအသင်းရန်ကုန်ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူကတော့ ဒီကနေ့ကျရောက်တဲ့ သူ့ဇနီး ဒေါ်ရွှေဇီးကွက်ရဲ့ ၅၂ နှစ်ပြည့်မွေးနေ့နဲ့ သူတို့ရဲ့ မင်္ဂလာသက်တမ်း ၂၉ နှစ်ပြည့်ဖြစ်တာကြောင့် သူကိုယ်တိုင်ဆွဲတဲ့ပန်းချီကား ၃၀ ကျော်ကို ပြပွဲလုပ်ပြီး တက်ရောက်တဲ့ ပရိတ်သတ်တွေကို ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ ဒီပွဲကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ဖေါ်ကိုင်ဖက် စာပေဂီတအသိုင်းအ၀ိုင်းက အနုပညာရှင် ၃၀၀ ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်ဗျား။
Posted: 02 Jan 2011 12:52 AM PST


၁.၁.၂၀၁၁ (စနေနေ့) သည် ကျွန်တော်အတွက် အဖိုးမဖြတ်နိုင်သောမင်္ဂလာတရားနှင့် ပြည့်စုံသောနေ့ရက်တစ်ရက်ပင် ဖြစ်တော့သည်။

ထိုနေ့ရက်သည် ကျွန်တော်၏ဘ၀၊ ကျွန်တော်၏ လျှောက်လှမ်းနေသော လူသားအကျိုးပြု လမ်းမပေါ်သို့ ဆွဲခေါ်လမ်းပြပေးခဲ့သော ကျွန်တော်၏ ဓူဝံကြယ်၊ ကျွန်တော်၏ မဟေသီဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ကမ္ဘာမြေပြင်ပေါ်သို့ စတင်ရောက်ရှိလာသော နေ့တစ်နေ့လည်း ဖြစ်သည်။ နှစ်သစ်မင်္ဂလာနေ့ရက်တွင် မွေးဖွားခဲ့သော ကျွန်တော်ဘ၀ရဲ့ ကောင်းကျိုးအသစ် အသစ်တွေကို ဖန်တီးပေးခဲ့သော ရွှေဇီးကွက်တည်းဟူသော လူမှုအကျိုးဆောင် အမျိုးသမီးတစ်ဦး မွေးဖွားသန့်စင်လာသော နေ့ရက်တစ်ရက်လည်း ဖြစ်သည်။

နံနက်စောစောပိုင်း (၄း၀၀) နာရီတွင် အိပ်ယာမှထပြီးနောက် မေတ္တာပို့သ၊ ဘုရားရှစ်ခိုး၊ ပုတီးစိပ်အပြီး ကျွန်တော်ရဲ့ အိမ်ပြင်သို့ထွက်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည့်အခါ အလွန်ကိုသာယာလှပ စိုပြေအေးချမ်းမှုကို ခံစားလိုက်မိသည်။ ကျေးငှက်များရဲ့ တေးသီသံကို ကြားလိုက်သည်။ မင်္ဂလာရှိသော အတိတ်နိမိတ်ပင် ဖြစ်တော့သည်။ နံနက် (၇း၃၀) နာရီအချိန်မှစ၍ တဖွဲဖွဲနှင့် ကြွရောက်လာကြသောဧည့်ပရိသတ်များ၊ အသင်းသူ/သားများနှင့် စိုပြေလာသည်။

မွေးနေ့ပွဲအခမ်းအနားစချိန်မှာနံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီထိ သတ်မှတ်ထားသော်လည်း နံနက် (၇း၀၀) နာရီ / (၇း၃၀) နာရီအချိန်မှစ၍ ဧည့်ပရိသတ်များ စည်ကားလာမှုသည် ထူးခြားလှတော့သည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ လူမှုရေးသမားများနှင့် စည်ကားလှ တော့သည်။

နံနက် (၈း၃၅) နာရီတွင် ကျွန်တော့်ဆီ တယ်လီဖုန်းသံ မြည်လာတော့သည်။ “ဒေါ်အောင်ဆန်းစုကြည် လာနေပြီတဲ့” အလွန်အံ့သြမိသည်။ ၀မ်းသာမိသည်။ ပရိသတ်အားလုံးလည်း အပြုံးမျက်နှာများ၊ ၀မ်းသာမှုများ၊ နွေးထွေးမှု မဟာအင်အားများ တိုးပွားလာခဲ့တော့သည်။

ဟုတ်သည် … အမေဒေါ်စု (၈း၅၀) နာရီတွင် ရောက်ရှိလာတော့သည်။ အမေစုကို မွေးနေ့ရှင် ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် ကျွန်တော်ရဲ့ မိခင် ဖခင်၊ မိတ်ဆွေသင်္ဂဟများ၊ အမေစုကို လေးစားကြည်ညိုသူအားလုံး ၀မ်းမြောက်စွာ ကြိုဆို ဂါရ၀ပြုကြသည်။

အမေစုသည် ကျွန်တော်ရဲ့ ပိတ်ပင်ထားခံရသော အနုပညာလုပ်ငန်းရပ်များ၊ ဖန်တီးရိုက်ကူးထားမှုများ၊ ရေးဆွဲထားချက်များကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှု အားပေးခဲ့သည်။

အမေစုသည် ကျွန်တော်ဖန်တီး ပြသထားသော “တရံရောအခါက” ဟူသောရုပ်ရှင်နှင့် ပတ်သက်သည့် ပါဖော်မန့် သရုပ်ပြအခန်းကိုလည်း စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့သည်။

ကျွန်တော်ရဲ့ ငြိမ်သက်နေသောအနုပညာလုပ်ငန်းများ ပြန်လည်အသက်ဝင် လှုပ်ရှားမှုကို ခံစားမိတော့သည်။ ဒါ . . . အမေ့ရဲ့ ပါဝါ
အမေ့ရဲ့ စွမ်းအား
အမေ့ရဲ့ နွေးထွေးမှု
အမေ့ရဲ့ ကြင်နာမှု
အမေ့ရဲ့ အားပေးမှုတို့ကြောင့်ပင် ဖြစ်တော့သည်။

ကြွရောက်လာကြသော အနုပညာနှင့် ပါတ်သက်သောသင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့် ကျွန်တော်အားအားပေးသူ၊ ကြင်နာသူ၊ ဂရုပြုကြသူများ၊ ပရိသတ်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ လူမှုရေးသမားများ၊ ဂီတပညာရှင်ကြီးများနှင့် စာပေပညာရှင်များ အပါအ၀င် အသက် (၉၀) ကျော်ပြီဖြစ်သော်လည်း Kyaw Thu’s Art Zone ရှိလှေကားအတက်အဆင်းများတွင် ဖန်တီးပြသထားသော အနုပညာပြချက်များကို စိတ်ပါဝင်စားစွာ တက်ကြွစွာဖြင့် လာရောက်အားပေးသော ဆရာကြီးပါရဂူ၊ ပန်းချီပညာရှင်များနှင့် ဆရာကြီးမောင်ဒီ၊ ရုပ်ရှင်ပညာရှင်ကြီးများဖြစ်သော ဒါရိုက်တာကြီး ဦးအောင်မြင့်မြတ်နှင့်တကွ ကျွန်တော်၏ အနုပညာဖန်တီးမှု၊ ကျွန်တော်ရဲ့ လူမှုရေးစွမ်းဆောင်မှုတို့ကို လေးစားအားပေးမှုများကို ထပ်ဆင့် ထပ်ဆင့် အားပေးချီးမြှင့် အသိအမှတ်ပြုသော အမေဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သားများ၊ လူငယ်မျိုးဆက်သစ်များ၊ အနာဂတ်ခေါင်းဆောင် လူငယ် လူရွယ်များအားလုံးကိုအထူးလေးစား ဂါရ၀ဖြင့် နှလုံးသားထက်တွင် မှတ်တမ်းတင်လိုက်ရသော “တစ်လေးလုံး” မင်္ဂလာရှိသော နေ့မြတ် တစ်ရက်ပင် ဖြစ်ပါတော့သည်။

ကျော်သူ
Posted: 01 Jan 2011 06:14 PM PST

No comments: