Monday, January 3, 2011

မျှော်လင့်ချက်နဲ့ အသက်ရှင်မယ်

Dear friend,

I told GOD: Let all my friends be
healthy and happy forever…!
Attached Image
GOD said: But for 4 days only….!
I said: Yes, let them be  
a Spring Day,  Summer Day,
Autumn Day, and Winter Day.
Attached Image
GOD said: 3 days.
I said: Yes,
Yesterday,
Today and Tomorrow.
Attached Image
GOD said: No, 2 days!
I said: Yes,
a Bright Day (Daytime)
and Dark Day (Night-time).
Attached Image
GOD said: No, just 1 day!
I said: Yes!
GOD asked: Which day?
Attached Image
I said: Every Day in the living
years of all my friends!
GOD laughed, and said: All your friends
will be healthy and happy Every Day!
Attached Image
Send this to your friends and bless
them with good health and happiness…
Attached Image
Pass on the warmth despite
the ever-changing weather… !


Butterflies don't know the colour of their wings,but human eyes know how nice it is...like my friend u don't know how good you are,but i know how special you are….

Have a glorious 2010 year-end and a super glorious 2011 year!
Posted: 02 Jan 2011 08:32 PM PST
နှစ်စဉ်လွတ်လပ်ရေးနေ့နီးလာတိုင်း ထွက်ပေါ်လာတတ်တဲ့ အကျဉ်းသားတွေလွတ်မယ်ဆိုတဲ့သတင်းကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေဟာ မျှော်လင့်နေကြပါတယ်။ ပူတာအိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၆၅နှစ်ကျခံနေရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်သူရဲ့ ဇနီးမမြတ်မြတ်ထွန်းက ဒီရက်ပိုင်းအကျဉ်းသားတွေလွတ်မယ်ဆိုတဲ့သတင်းကြောင့် မျှော်လင့်နေတာနဲ့ တပြိုင်နက် ကိုအောင်သူလေဖြတ်သလိုဖြစ်နေတယ်ဆိုတဲ့သတင်းကြောင့် လိုက်သွားဖို့ပြင်ဆင်နေတဲ့အကြောင်း ဘီဘီစီကို ပြောပြပါတယ်။

၃ ရက်နေ့လွတ်မှာလိုလို ဘာလိုလိုပေါ့ပြောသံကြားတယ်။ မျှော်လင့်တာပေါ့ လွတ်တာမလွတ်တာ တကဏ္ဍ ပြန်လာတဲ့သူတွေကပြောတော့ နည်းနည်းလေဖြန်းချင်သလိုဖြစ်နေတယ်ပြောလို့ ကျမအဲဒါကြားလို့စိတ်ပူနေတာ ဂွမ်းကပ်တွေတော့ယူသွားမလို့ စဉ်းစားနေတာ အနွေးထည်တို့ဘာတို့မလုံလောက်မှာကြောက်လို့ အအေးလှိုင်းဖြတ်မယ်လို့ပြောသံကြားနေတယ်။ လောလောဆယ်အေးနေတော့ အဲဒါတွေကာကွယ်ဖို့ ယူုသွားရမှာပေါ့

မိသားစုအနေနဲ့ ချက်ချင်းလိုက်သွားချင်ပေမယ့် လေယာဉ်လက်မှတ်ကလည်းမလွယ် ခရီးစရိတ်ကလည်း ၅သိန်းလောက်ကုန်မှာမို့ စီစဉ်နေရတဲ့အကြောင်း မမြတ်မြတ်ထွန်းကပြောပါတယ်။ မမြတ်ထွန်းထွန်းက မျှော်လင့်ပေမယ့် မြင်းခြံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ ကျောင်းသူ မသက်သက်အောင်ရဲ့မိခင် ဒေါ်စုစုကြည်ကတော့ ခဏခဏ အကျဉ်းသားတွေ လွှတ်မယ်ဆိုတဲ့သတင်းတွေကြားပြီး တကယ်မလွတ်တာကြောင့် မမျှော်ရဲတော့ဘူးလို့ ပြောပါတယ်။


သူများတွေကတော့ ၃ ရက်နေ့ကို ထူးမယ်လို့ပြောတာပဲပေါ့လေ မျှော်လင့်ရတာတွေက မောလှပြီ ရွေးကောက်ပွဲမတိုင်မှီလွှတ်မယ် ရွေးကောက်ပွဲပြီးလွှတ်မယ်နဲ့ မျှော်ရင်းမျှော်ရင်းကနေ အန်တီလေ မျှော်တောင်မမျှော်ရဲတော့ဘူးဖြစ်နေလေ လွှတ်မှသာလွှတ်တော့ ကိုယ့်လက်ထဲရောက်မှပဲ ကိုယ့်မိသားစုပြန်ဖြစ်မယ်ဆိုပြီး သဘောထားထားရတယ်။

မသက်သက်အောင်ရဲ့အမေ ဒေါ်စုစုကြည်ပါ။ ဒေါ်စုစုကြည်ဟာ မသက်သက်အောင်အပြင် မသက်သက်အောင်ခင်ပွန်းဖြစ် ပခုက္ကူထောင်ကကိုချစ်ကိုလင်း၊မိတ္တိလာထောင်မှာရှိတဲ့ ဒေါ်စုစုကြည်ရဲအမ ဒေါ်စန်းစန်းတင်နဲ့ မအူပင်ထောင်မှာရှိတဲ့ တူမမနိုးနိုးတို့ကို အလှည့်ကျထောင်ဝင်စာသွားတွေ့နေရသူဖြစ်ပါတယ်။ တောင်ငူထောင်မှာ ထောင်ဒဏ်၆၅နှစ်ကျခံနေရတဲ့ ၈၈ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဇော်ဇော်မင်းရဲ့ဇနီးလည်းဖြစ် မုံရွာထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ ၂၀၀၇ ဗကသကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်းရဲ့မိခင်လည်းဖြစ်တဲ့ မဋ္ဌေးဋ္ဌေးဝင်းကတော့ သူ့ခင်ပွန်းနဲ့ သူ့သား အိမ်ပြန်ရောက်မှပဲ ရောက်ပြီလို့ မှတ်ယူထားတဲ့အကြောင်း ဘီဘီစီကို ပြောပြခဲ့ပါတယ်။
Posted: 02 Jan 2011 01:36 AM PST
မန္တလေးဆေးတက္ကသိုလ်က ဒုတိယနှစ် ဆေးကျောင်းသား ၂၅ ယောက်ဟာ အောက်တိုဘာနဲ့ နိုဝင်ဘာလက စာမေးပွဲတွေအပြီးမှာ အဆင့်မမှီလို့ဆိုပြီး ကျောင်းကနေအပြီးအပိုင်ထုတ်ခံလိုက်ရပါတယ်။ အခုထုတ်ခံရတဲ့ ဆေးကျောင်းသား ၂၀ ကျော်ဟာ ကျောင်းခေါ်ချိန်မပြည့်တာရော သုံးခါဖြေရတဲ့စာမေးပွဲမှာပါ မအောင်တာကြောင့် ပါမောက္ခချုပ် ဒေါက်တာသန်းဝင်းလက်မှတ်နဲ့ ကျောင်းကနေအပြီးအပိုင်ထုတ်ခံလိုက်ရတာပါ။ မိဘတွေကတော့ မျှော်လင့်ချက်နဲ့ ပင်ပင်ပန်းပန်းကြိုးစားရုန်းကန်ထားရတဲ့ကြားက ခုလိုကျောင်းကနေအပြီးအပိုင်ထုတ်ခံလိုက်ရတဲ့အတွက် ဘယ်သူ့ကိုအကူအညီတောင်းရမှန်းမသိဖြစ်နေတဲ့ကြောင်း မိဘတဦးက ပြောပြပါတယ်။


အောက်တိုဘာ နိုဝင်ဘာစာမေးပွဲမှာ ဘာသာရပ်အားလုံးကျတယ်ဆိုပြီးတော့ ၂၅ယောက်ထုတ်လိုက်တာ ခုတော့ကျနော်တို့က ကိုယ်တိုင်ခံစားရပါတယ်။ ခုတော့ဘယ်တိုင်လို့တိုင်ရမှန်းလဲမသိ ဘာလုပ်လို့လုပ်ရမှန်းမသိ ကျနော်တို့လည်းမရှိမဲ့ရှိမဲ့ကြားကကျောင်းထားခဲ့ပြီး ဂုဏ်ယူနေတယ်။ ခုတော့ သောင်ပြင်လွှတ်တဲ့ခွေးလိုဖြစ်နေတယ်။ လူသေသလိုခံစားရတယ် တချို့ဆိုငိုနေတာ ခုထိတောင်ငိုလို့မပြီးသေးဘူး

မိဘတဦးပြောသွားတာပါ။ ကျောင်းသားတွေ ခုလိုကျောင်းထုတ်ခံရတာနဲ့ပတ်သက်ပြီး မန္တလေးဆေးတက္ကသိုလ်မှာ စာသင်ကြားပေးနေတဲ့ ကထိကဆရာတယောက် ရှင်းပြတာကတော့

အရည်အချင်းမြှင့်တဲ့ကာလဆိုတော့ ကျောင်းသားတွေကို ပိုတော်လာအောင်ဆရာတွေဘက်ကတော့ လုပ်နေကြတာပါပဲ စကန်းရီးယားကနေ ပတ်တူးထိက ၂ကြိမ်ထိကျခွင့်ရှိတယ် ၃ကြိမ်ကျရင်တော့ ထုတ်ပလိုက်တာပေါ့ ကျနော်တို့ခေတ်တုန်းက ဆေးတက္ကသိုလ်ကျောင်းသားနဲ့တော့လုံးဝမတူတော့ဘူး တချို့က ၀ါသနာမပါဘဲနဲ့ လာတက်ကြတာကိုး မိဘတွေရဲ့ ဘိုင်ဖိုစ်နဲ့တက်ရတော့ တက်ရင်းနဲ့ စာတွေကလည်းအရမ်းများတဲ့အခါကျတော့ ကျောင်းနဲ့ပိုပြီးအလှမ်းဝေးသွားတဲ့သဘော ဒါတွေကတော့ရှိပါတယ်။

ဆေးတက္ကသိုလ်က ဆရာတဦးပါ ဒီလိုဖြစ်တဲ့ကိစ္စဟာ ကျောင်းသားရော သက်ဆိုင်ရာဆေးတက္ကသိုလ်ရဲ့ အားနည်းမှုတွေကြာင့်ဖြစ်တယ်လို့ ကျောင်းပြီးကာစ ဆရာဝန်တယောက်က သူ့အတွေ့အကြုံကိုပြောပြပါတယ်။


စာတွေကတော့ခက်တယ် ခက်တာကိုမှကျောင်းသားတွေကလည်း ဂိမ်းဆိုင်တွေတော့ ကျူခုံတွေတို့ စင်တင်တို့မာဆတ်ရှ်တို့ အကုန်ရောက်နေတာကို ခုကစည်းကမ်းနဲ့ကိုင်မယ်ဆိုပြီးလုပ်လိုက်တာ ဒီဘက်ကလည်း အားနည်းချက်တွေရှိတာပဲ သင်တဲ့သူဘက်ကလည်းအားနည်းချက်ရှိတာပဲ သင်ထောက်ကူပစ္စည်းဆို မိုက်ကရိုစကုပ်ဆို တယောက်တလုံးရှိရမှာ လူ လေးငါးဆယ်တလုံးကြည့်ရတယ်။ပြီးတော့ အလောင်းတွေဘာတွေခွဲစိပ်လုပ်ရတာလည်း အရင်တုန်းက လေးငါးယောက်တလောင်းပေါ့လေ ခုက ၁၀ချီ ရာချီမှတလောင်းဆိုတော့ ဘယ်သူမှလည်းဝင်မစမ်းဖြစ်တော့ဘူး စာကိုလည်းစိတ်ဝင်စားမှုမရှိဘူးအဲလိုဖြစ်နေတာ ကျောင်းသားဦးရေများပြီး သင်မယ့်ဆရာကလေးနည်း ကြပ်မှတ်မှုကလည်း အဲလိုဖြစ်နေတာ

ကျောင်းပြီးကာစ ဆရာဝန်တဦးပြောသွားတာပါ။ အခုလို ဆေးကျောင်းသားဘ၀ကနေ ရာသက်ပန်ထုတ်ခံလိုက်ရတာကြောင့် ကာယကံရှင်ကျောင်းသားတွေထက် မိဘတွေမှာ ရတက်ပွေပြီး သောကတွေပင်လယ်ဝေနေကြရတယ်လို့ သိရပါတယ်ဗျား
Posted: 02 Jan 2011 04:43 AM PST
IT နည်းပညာကိုစိတ်ဝင်စားသော လူငယ်များစုပေါင်းတည်ထောင်ထားသည့် facebook group တစ်ခုဖြစ်သည်။ နိုင်ငံတကာကိုရောက်ရှိနေသာ မြန်မာလူငယ်များနှင့် ပြည်တွင်းရှိ မြန်မာလူငယ်များအတွက် တစ်နေရာတည်းတွင် IT နည်းပညာများ စုပေါင်းဆွေးနွေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်တည်ထောင်သည်။ တစ်ဦးတစ်ယောက်က ဦးဆောင်ဖွဲ့စည်းထားခြင်းမျိုးမဟုတ်ပဲ အားလုံးစုပေါင်းထားသော Co-operation စနစ်ဖြင့် ရပ်တည်သွားမည့် Open Group ဖြစ်သည်။

ဒီအဖွဲ့ဝင်တွေအနေနှင့် စည်းကမ်းချက်တော့မဟုတ်ပါဖူး လိုက်နာစေချင်သော အချက် ၅ ချက်ရှိပါသည်။

၁။ IT နည်းပညာနှင့် သတ်ဆိုင်သော ကိစ္စများကိုသာ Post တင်ပေးကြပါရန်။

၂။ ကူးယူလာသော Post ဖြစ်ပါက မူရင်း URL ဖော်ပြပေးပါရန်။

၃။ မိမိနီးစပ်ရာ မိတ်ဆွေများထဲမှ IT နည်းပညာကို ကျွမ်းကျင်သူများ၊ လေ့လာနေသူများ နှင့် တက်ကျွမ်းလိုသူများအား ဒီ group ထဲမှာ add လုပ်ပေးကြပါရန်။

၎။ မိမိတက်ကျွမ်းထားသည်ကို ပြန်လည်မျှဝေပေးပါရန်။ (ကိုယ်တက်သလောက်တော့ သူလည်းတက်ပါတယ်လို့ မထင်ကြစေလိုပါ။ မည်သို့ပင်လွယ်ကူသည့် ကိစ္စဖြစ်ပါစေ မသိသေးသူအတွက် အခက်အခဲရှိနိုင်ပါတယ်။)

၅။ မိမိ IT နည်းပညာ အခက်အခဲများကို ချပြပေးပါ။ (ကိုယ့်အခက်ခဲကို တင်ပြပေးဖို့ကလည်း အရေးကြီးပါတယ်။ IT နည်းပညာဆိုဒ် သမားဆိုသိမှာပါ။ စာဖတ်သူရဲ့ အခက်အခဲကို ကြည့်ပြီးမှ ပြန်ရှယ်ယာလုပ်ပေးရတာဖြစ်ပါတယ်။ စာဖတ်သူရဲ့ အခက်အခဲကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာသွားမှာဖြစ်ပါတယ်။)

Contact Us
Information & Technology Network

URL - http://www.facebook.com/home.php#!/home.php?sk=group_191007117581093&ap=1

Mail - itnetwork4burma@groups.facebook.com

 
 
ရနောင်မြို.(Ranong) ဘန်ကလင်စွယ်လေးလုံရပ်ကွက် (Bangring)မှာနေထိုင်သူ
ဒေါ်ဥမ္မာ (ခ) မမော်၏သားငယ် မောင်ဝင်းပိုင်းထွေး(ခ)ကိုထွေး အသက် ၂၁ နှစ်သည်
၃-၉-၂၀၀၉ ရက်နေ့မှာ ရနောင်မြို့  ပါကျန်ရပ်ကွက်မှပြောက်ကွယ်သွားသည်
တွေ့ ရှိပါကကျေးဇူးပြု၍အကြောင်ကြားပေးပါရန် မေတ္တာ၇ပ်ခံအပ်ပါသည်......
သားအမြန်ပြန်လာပါ အမေတို့စိတ်ပူနေတယ်....
ဆက်သယ်ရန်
                ဒေါ်ဥမ္မာ
                ဖုန်း ၀၀၆၆-၈၇၃၈၈၄၆၂၆
                      ၀၀၆၆-၈၃၁၈၀၉၄၇၅

__._,_.___
Attachment(s) from win san
2 of 2 Photo(s)

No comments: