Tuesday, January 4, 2011

လွတ်လပ်ရေးနေ့ တွင် မလွတ်လပ်

Posted: 03 Jan 2011 11:36 PM PST
Posted: 03 Jan 2011 09:51 PM PST
ဒီနေ့ကျရောက်တဲ့ ၆၃ နှစ်ပြည့်လွတ်လပ်ရေးနေ့ကို နိုင်ငံတ၀ှမ်းမှာ ကျင်းပကြသလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးသမား ၂၀၀၀ ကျော်ရဲ့ နာမည်ကို မဲနှိုက်ပြီး ပေါက်တဲ့လူရဲ့အကြောင်းကို ဟောပြောပွဲလုပ်ပါမယ်။ ပြီးတော့ အဲဒီလူ မလွတ်မြောက်မချင်း အဲဒီလူရဲ့ ပုံ(သို့မဟုတ်) နာမည်ကို ရင်ဘတ်မှာ ကမ်ပိန်းတစ်ခုအနေနဲ့ ရင်ထိုးတပ်ထားမယ်။ ပြီးတော့ မြန်မာပြည်ထဲက လူငယ်တွေကလည်း ဗိုလ်ချုပ်ပုံလည်ဆွဲတွေကိုဆွဲပြီး လွတ်လပ်ရေးပွဲကိုပါဝင်ဆင်နွှဲကြမယ်။
Posted: 03 Jan 2011 08:52 PM PST
ယနေ့  နံနက် ၇း၂၅ နာရီကျော်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှုတခု ဖြစ်ပွါးခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် ထူးခြားသည့် ဖြစ်စဉ်တရပ်ဖြစ်သကဲ့သို့  ပြောင်မြောက်သည့် လုပ်ရပ်ဖြစ်သည်။

ဆန္ဒပြသူ၏ အမည်မှာ စောသံမဏိ ဖြစ်သည်။ အသက် ၃၅ နှစ်လောက် ခန့်မှန်းမိပါသည်။ ဆန္ဒပြ ရသည့် အကြောင်းရင်းမှာ နယ်ခြားစောင့်တပ် (BGF) အဖြစ် အတင်းစေခိုင်းခံရသည့်ကိစ္စများ အပေါ်မကြေနပ်သလို ၂၀၁၀ ရွေးကောက်ပွဲ ကို လက်မခံနိုင်ခြင်းကြောင့်ဖြစ်သည်

ဆန္ဒပြသည့်ပုံစံမှာ ထိုင်းဆိုင်ကယ်တက္ကစီကိုငှါးစီး၍ UN (မဲဆောက်) ရုံးရှေ့အရောက်တွင် လက်ပစ်ဗုံးနှစ်လုံးအား စနက်တံဖြုတ်ကာ လက်တွင်ဆုပ်ကိုင်၍ ဆန္ဒပြခြင်းဖြစ်သည်။ ဆိုင်ကယ်ပေါ်တွင်သာထိုင်၍ တက္ကစီသမားကိုပါ ထိမ်းချုပ်၍ဆန္ဒပြနေခြင်းဖြစ်သည်



ဆန္ဒပြမှု ကိုဖြေရှင်းရန်အတွက် ထိုင်းအရာရှိကြီးများအားလုံး လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံးနှင့် မြို့ တော်ဝန်မှအစ စနစ်တကျကိုင်တွယ်နေသည်ကို မျက်မြင်တွေ့ ခဲ့ရသည်။ ပတ်ဝန်းကျင်မှ စိုးရွံ့ထိတ်လန့်နေကြသော်လည်း မည်သည့်ရည်ရွယ်ချက်ရှိသည်ကိုမူ ချက်ချင်းမသိကြသေးပေ။ ထိုင်းရဲအရာရှိများ တပ်ဖွဲဝင်များနှင့် မြိုတော်ဝန်၏ စနစ်တကျစည်းရုံးကိုင်တွယ်မှုကြောင့် ထိုင်းအရာရှိမှ စနက်တံပြန်လည်သွင်း၍ ဆန္ဒပြမှုကိုရပ်တန်စေနိုင်ခဲ့ပြီး ဆန္ဒပြရဲဘော်၏တောင်းဆိုချက်များကို နားထောင်ပေးခဲ့သည်။


ဆန္ဒပြရဲဘော်ရဲ့ တောင်းဆိုချက်နဲ့ ဆန္ဒတွေကတော့

(၁)၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူး

(၂)DKB အား နယ်ခြားစောင့်အတင်းလုပ်ခိုင်းခြင်းအား မကြေနပ်ဘူး

(၃)(BGF)နယ်ခြားစောင့်တပ်ဖွဲ့ ဝင်အဖြစ် အတင်းစုဆောင်းခံရတဲ့ ကိစ္စကိုလက်မခံဘူး

(၄)မြန်မာပြည်နိုင်ငံရေးကိစ္စ ကို ယူအမ် ကသေချာရှင်းပေးဖို့  --အစရှိသည်တို့ ဖြစ်ပါသည်။

ထို့ အပြင် ထိုင်းအရာရှိများအား ထိုဆန္ဒပြရဲဘော်မှ ၄င်းအား အရေးယူမည်ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူပါရန် လည်းတောင်းဆိုခဲ့သည်။

ထိုင်းအရာရှိမှ ဆန္ဒပြရဲဘော်အား မြန်မာပြည်သို့ပြန်မည်လား DKBA သို့ ပြန်မည်လား ပြန်လိုပါက ပြန်ခိုင်းမည်ဆိုသောအခါ မပြန်လိုကြောင်း သိရသည်။ သို့ အတွက်ကြောင့် ယနေ့ 

မြန်မာပြည်၏ လွတ်လပ်ရေးနေ့ တွင် မလွတ်လပ်၍ စိတ်ခံစားမှုကျဉ်းကြပ်နေရရှာသော ဤလူငယ်၏ ဆန္ဒပြမှု အား ကိုယ်ချင်းစာနားလည်မိပါသည် ။

မဲဆောက်က မိတ်ဆွေတဦး ပေးပို့သည်
Posted: 03 Jan 2011 06:15 AM PST
ယုံကြည်ချက်အသီးသီးကြောင့်အကျဉ်းကျနေသောနိုင်ငံရေးသမားများအတွက် ကူညီလိုသူများ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးသို့ တဦးချင်းအကူအညီပေးချင်၍သော်လည်းကောင်း မိမိတတ်နိုင်သလောက်အကူအညီပေးချင်၍သော်လည်းကောင်း လာရောက်ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။










SummaryRest of your postအညာနွေတမာမြေ
Posted: 03 Jan 2011 06:00 AM PST
ကုန်းဘောင်မင်းဆက်ရဲ့ အဋ္ဌမမြောက်ဘုရင် သာလွန်မင်းတရားကြီး တည်ထားကိုယ်းကွယ်ခဲ့တဲ့ စစ်ကိုင်းက ကောင်းမှုတော်ဘုရားလို့နာမည်ကြီးတဲ့ ရာဇမဏိစူုဠာစေတီတော်ကြီးကို မူလဖြူလွှလွှထုံးသင်္ကန်းအစား ရွှေရောင်သင်္ကန်းအဖြစ် မကြာခင်သတင်းပတ်ကပဲ ပြောင်းလဲနေပါတယ်။ ဘီဘီစီက ကောင်းမှုတော်ဘုရားဂေါပကကို ဘာကြောင့်ခုမှ ဒီလိုပြောင်းလဲရသလဲ လုပ်ငန်းအခြေအနေဘယ်အဆင့်ရောက်နေပြီလဲလို့ မေးကြည့်တဲ့အခါမှာတော့

ဗိုလ်ချုပ်မှူးကြီးက ၁၉ ရက်ခရီးစဉ်မှာ နိုင်ငံတော်ဘုရားကြီး ရွှေသင်္ကန်းနဲ့ဆိုရင် ပိုသပ္ပါယ်မှာဘဲဆိုပြီး ကြည်ညိုသဒ္ဓါပွားလို့ ဗိုလ်ချုပ်မှူးကြီးရဲ့ လမ်းညွန်ချက်အရလုပ်ကြတာပါ။ ခုကလောလောဆယ် ထုံးသင်္ကန်းအရင်ချွတ်ပေးနေရတယ်လေ အဲဒါတော့ တ၀က်ကျော်ကျော်လောက်ပြီးသွားပါပြီ အောက်အဆင့်ပဲ ၂ခုစမ်းသုတ်ထားတာကောင်းပါတယ်။ ပေ၁ရာ ပတ်လည်လေးကျင်းစာပေါ့ နေရောင်တွေဘာတွေဟပ်တဲ့အခါကြတော့ ကြည်ညိုစရာဖြစ်ပါတယ်။

ဂေါပကတာဝန်ရှိသူတဦးဖြေကြားသွားတာဖြစ်ပါတယ်။ ထုံးသင်္ကန်းကနေ ရွှေဆေးသင်္ကန်းပြောင်းဖို့ အကြမ်းဖျင်းခန့်မှန်းကုန်ကျငွေကတော့ သိန်း ၃ထောင်လောက်ကုန်ကျမယ်လို့ ဂေါပကအဖွဲ့က ခန့်မှန်းပါတယ်။ ဒေသခံတွေကတော့ ရှေးဟောင်ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့အတွက် မူလအတိုင်းပဲ ထားချင်ကြတယ်လို့ပြောကြပါတယ်။ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေအကြောင်းရေးသားနေတဲ့ မန္တလေးကနာမည်ကြီး စာရေးဆရာတယောက်ကတော့ အခုလိုမျိုး ရှေးဟောင်းအမွေအနှစ်တွေကို ပြင်ဆင်မှုတွေကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမြောက်အများဆုံးရှုံးနေတဲ့အကြောင်း ပြောပြပါတယ်။


ကောင်းမှုတော်စေတီကြီးရဲ့ ထုကြီးမှာ ထုံးဖွေးဖွေးနဲ့ ဟာကြီးက အင်မတန်မှ အားကောင်းတာ။ ကြည်ညိုမှုမှာကျတော့ သူက ခန့်ငြားမှုနဲ့ တွဲသွားတာခင်မျ။ အဲ့ဒီတခုလုံး ရွှေရောင်ဝင်းဝင်းဆိုတော့ အမြင်တော့ လှချင်လှသွားမယ်ပေါ့ဗျာ။ ဒါပေမယ့် မျက်စိထဲမှာတော့ နည်းနည်းတော့ ကလက်သွားမလားပေါ့ဗျာ။ အကုန်လုံး တောက်လျှောက် ယဉ်ကျေးမှုကတော့ ဆုံးရှုးံနေတာမျ။ ပုဂံ ရွှေစည်းခုံ ဘုရားကြီးမှာရှိတဲ့ တော်တော်လက်ရာမြောက်တဲ့ ကုန်းဘောင်ခေတ်က သစ်သား ဇရပ်ကြီးရှိတယ်ပေါ့ဗျာ။ သစ်သားဇရပ်ကြီးက ရေနံချေးဝပြီးတော့ တကယ်ကို ခန့်ငြားတာပေါ့ဗျာ။ အဲ့ဒီ သစ်သားဇရပ်ကြီးလည်း အကုန်လုံး ရွှေသုတ်ပစ်လိုက်တယ်။ မန္တလေးတောင်ပေါ်က ဓာတ်တော်တိုက်ကြီးဆိုလည်း အကုန်လုံး ရွှေတွေသုတ်ပလိုက်တယ်။ ကုသိုလ်တော်ဘုရား မုခ်ဝကြီးကိုလည်း ရွှေရောင်တွေနဲ့ ရွှေတွေနဲ့ ချယ်ပလိုက်တယ်။ အရသာတွေတော့ ပျက်သွားတာပေါ့ဗျာ။ ဘာသာရေးနဲ့ ပြောတဲ့အခါမှာ ထုံးထက်ရွှေက ပိုကြည်ညိုစရာမကောင်းဘူးလား၊ ပိုတန်ဖိုးမရှိဘူးလားလို့ပဲ ပြောကြလိမ့်မယ်ဗျ။ ထုံးရဲ့အရောင်က အဓိက မဟုတ်ဘူးဗျ။ ဒီအပေါ်မှာ ကြည်ညိုမှုနဲ့ ခံစားမှုက အဓိကပါ။

ကောင်းမှုတော်စေတီကြီးကို မြန်မာသက္ကရာဇ် ၉၉၈ ခုနှစ်မှာ တည်ထားခဲ့ပြီး ဥာဏ်တော်အမြင့်ဟာ ၁၈၈ ပေ အောက်ခြေလုံးပတ်ဟာ ပေ ၈၈၀ ရှိပြီး ၁၂နှစ်ကြာတည်ဆောက်ခဲ့ရတယ်လို့သိရပါတယ်။ စေတီတော်ရဲ့ နံရံတွေပေါ်မှာလည်း ဗုဒ္ဓ၀င် ဇာတ်နိပါတ်တော်တွေကို မြန်မာ ၊ မွန် ၊ရှမ်း အက္ခရာတွေနဲ့ ရေးထွင်းထားပါတယ်။ ဒီလိုခမ်းနားထည်ဝါမှုတွေကြောင့် ကောင်းမှုတော်ဘုရားကြီးဟာ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်တွေနဲ့ တနှစ်ပတ်လုံး စည်ကားတဲ့နေရာတခုဖြစ်ပါတယ်။
Posted: 03 Jan 2011 03:13 AM PST

11

စေတနာနှင့် ရောင်းသော ဈေး

ကြိတ်ကြိတ် တိုးနေသော လူကြားထဲမှ အတင်းတိုးထွက် လာသည့် အသားညိုညိုနှင့် အမျိုးသမီးက သူနှင့်မျက်မှန်း တန်းမိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအမျိုးသမီး အဖွဲ့မှ အဖွဲ့ဝင်တဦးအား ဖက်လျက် သားဖြစ်သူရှိရာ ပူတာအိုထောင်သို့ ထောင်ဝင်စာ သွားတွေ့နိုင်တော့မည် ဖြစ်ကြောင်း ပြောနေသည်။

nld-hq-dassk-11
NLD ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - ဧရာဝတီ)
သူ၏ သားဖြစ်သူ အသက် ၂၀ ၀န်းကျင်အရွယ် မျိုးကျော်ဇင်မှာ ကချင်ပြည်နယ်၊ ပူတာအိုထောင်တွင် ထောင်ဒဏ် ၁၇ နှစ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သည်။ မျိုးကျော်ဇင်၏မိခင်မှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အ၀တ်အငှားလျှော်သူ လက်လုပ်လက်စား မိခင်တဦး ဖြစ်သည့်အတွက် သားဖြစ်သူထံသို့ ထောင်ဝင်စာသွားတွေ့ရန် မလွယ်ကူလှပေ။

ယခုအခါ NLD ၏ ပံ့ပိုးကူညီမှုကြောင့် သားဖြစ်သူရှိရာ ပူတာအိုထောင်သို့ ထောင်ဝင်စာ သွားတွေ့နိုင်တော့မည် ဖြစ်သည့်အတွက် မိခင်တဦးအနေဖြင့် ၀မ်းသာဝမ်းနည်းဖြစ်မိကြောင်း ပြောသည်။

“ကျမသားကို သွားတွေ့တော့မယ်။ သူ ထောင်ကျသွားတာ ၃ နှစ်ရှိပြီ။ အခုလို အဖွဲ့ချုပ်ကပံ့ပိုးကူညီပေးတာ ကျေးဇူးတင်တယ်။အရမ်းဝမ်းသာမိပါတယ်။ အခုလို ကူညီပေးတာ ကျမတို့အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်” ဟု မျိုးကျော်ဇင်၏ မိခင်က ဆိုသည်။

သူကဲ့သို့သော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှာ NLD ရုံးချုပ် အောက်ထပ် ခန်းမထဲတွင် ပြည့်လျက်ရှိပြီး မိမိတို့၏ သားချင်းများအား မည်သူတို့က တာဝန်ယူရန် မဲအလှည့်ကျမည်ဆိုသည်ကို ရင်ခုန်စွာဖြင့် စောင့်မျှော်နားထောင်လျက်ရှိသည်။

၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအပြီးတွင် NLD အဖွဲ့ဝင်များနှင့် စေတနာရှင်များက နိုင်ငံရေးအကျဉ်းသားများ၏ အမည်ပါ ရင်ထိုးတံဆိပ်များကို မဲဖောက်ပြီး မဲကျသူအား ထောင်ဒဏ်ကျခံနေရစဉ် ထောက်ပံ့ပေးမည်ဟု တာဝန်ယူကြသည်။

လှိုင်သာယာမှ နိုင်ငံရေးအကျဉ်းသား စိုးမင်းမင်း၏ အမည်ကို ဒေါ်အောင်ဆန်းစုကြည်က မဲကျသောကြောင့် ၀မ်းသာဝမ်းနည်းဖြစ်မိကြောင်း မိခင်ဖြစ်သူ ဒေါ်စိမ်းက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က မဲပေါက်တဲ့အတွက်လည်း ၀မ်းသာမိတယ်။ အထူးပြောချင်တာက အခုလို NLD အဖွဲ့ချုပ်နဲ့ စေတနာရှင်တွေက စုပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေရော၊ HIV/AIDS ဝေဒနာရှင်တွေကိုရော ကူညီပံ့ပိုးနိုင်ဖို့အတွက် ကြိုးစားကြတာကိုလည်း နိုင်ငံရေး အကျဉ်းသားတယောက်ရဲ့ မိခင်အနေနဲ့ ၀မ်းသာ ဂုဏ်ယူမိပါတယ်” ဟု ဒေါ်စိမ်းက ပြောသည်။

NLD ရုံးချုပ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲကို ဇန်န၀ါရီလ ၂ ရက်နေ့မှ ဇန်န၀ါရီလ ၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပခဲ့သည်။ အဆိုပါ ဈေးရောင်းပွဲကို ဇန်န၀ါရီလ ၂ ရက်နေ့ နံနက် ၉နာရီတွင် ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဈေးရောင်းပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ NLD ဗဟို လူမှု အထောက်အကူပြုအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်ဦးက “၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူမှုရေးကိစ္စတွေမှာ ဆောင်ရွက်ဖို့ ရန်ပုံငွေရရှိဖို့ အတွက်ပဲ။ အဲဒီလို ရန်ပုံငွေရရှိဖို့ ပြည်နယ်နဲ့ တိုင်း၊ ဥပမာ ကရင်၊ မွန်၊ ရှမ်း၊ ရန်ကုန်တိုင်းမှာရှိတဲ့ မြို့နယ်ပေါင်း ၂၀ ကျော်က လာပြီးတော့ သူတို့ရဲ့ ဒေသထွက်ကုန်တွေ ရောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူလက်ဆောင်ရထားတဲ့ ပစ္စည်းတွေထဲမှာ တချို့ပစ္စည်းတွေကို ရောင်းချပေးတယ်။ ရလာတဲ့ အကျိုးအမြတ်တွေကိုမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အားလုံးရဲ့ ရန်ပုံငွေအဖြစ်ထည့်ဝင်မှာဖြစ်တယ်” ဟု ရှင်းပြသည်။

NLD ရုံးချုပ်တွင် ကျင်းပခဲ့သော အဆိုပါဈေးရောင်းပွဲ၌ ဆိုင်ခန်းပေါင်း ၂၀ ကျော်ခန့်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ပန်းချီကားများ၊ ပန်းချီဆရာတို့၏ ပန်းချီကားများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ၊ ဆွဲကြိုး၊ သော့ချိတ်များ၊ ကရင်၊ မွန်၊ ရှမ်း စသည့်တိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများအပြင် ဒေသထွက် အစားအစာများ၊ ဖုန်းအိတ်၊ လက်ကိုင်အိတ်များ၊ ဖိနပ်များ၊ အပင်များနှင့် စာအုပ်များရောင်းချသည့် ဆိုင်များအပြင် အအေးဆိုင်၊ ကော်ဖီဆိုင်၊၀တ်သားတုတ်ထိုးဆိုင်၊ ကျောက်ကျောဆိုင် စသည်တို့ကိုလည်း တွေ့ရသည်။

အဆိုပါ ဈေးရောင်းပွဲမှ ရရှိမည့် အမြတ်ငွေများအား NLD ဗဟို လူမှုထောက်ကူပြုအဖွဲ့သို့ လှူဒါန်းမည်ဟု သိရသည်။

NLD ဗဟို လူမှုထောက်ကူပြုအဖွဲ့မှ ဦးလှသိန်းက “ကျွန်တော်တို့ တော်တော်လေး အောင်မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လာပြီးတော့ အားပေးတဲ့လူတွေကိုက ရန်ပုံငွေလှူတယ်၊ ဒီက လက်ဆောင်ပစ္စည်းတခု ရယူတယ်ဆိုတဲ့ သဘောကိုပဲ အမှတ်တရအဖြစ် လာကြတာပဲ” ဟု ပြောသည်။

ဗဟို လူမှုထောက်ကူပြုအဖွဲ့သည် ၂၀၀၂ ခုနှစ်ကတည်းက နိုင်ငံရေးအကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များအား ကူညီထောက်ပံ့နေသည့် အဖွဲ့ဖြစ်သည်။

အဆိုပါ ဈေးရောင်းပွဲ ပထမနေ့ စတင်ကတည်းက လာရောက် ကြည့်ရှုသူများ၊ ၀ယ်ယူသူများဖြင့် စည်းကားခဲ့သည်။

“ကျမတို့က သေချာအားပေးချင်လို့ကို လာခဲ့ကြတာပါ။ ရုံးကိုဝင်ရင် ဓာတ်ပုံရိုက်ခံရမယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် အားပေးချင်တဲ့စိတ်က ပိုများနေတော့ မကြောက်တော့ဘူး” ဟု ဒဂုံတက္ကသိုလ်မှ ကျောင်းသူတဦးက ပြောသည်။

ဈေးရောင်းပွဲတော် ရက်များအတွင်း လာရောက်အားပေးကြသူများမှာ အရွယ်စုံ၊ နယ်ပယ်အသီးသီးအစုံမှ ဖြစ်ကြောင်း တွေ့ရသည်။

“ပထမနေ့မှာတင်ပဲ တော်တော်လေး ရောင်းရတယ်။ ဒီနေ့ နောက်ဆုံးရက်မှာတောင် ရောင်းဖို့ မကျန်တော့ဘူး။ ဒုတိယရက်မှာ အကုန် ကုန်တဲ့သူတွေလည်းရှိတော့ ဒီနေ့မှာ ဆိုင်တချို့က မထွက်ကြတော့ဘူး။ ကုန်ကုန်ပြီ။ ပြည်သူလူထုက အားပေးကြပါတယ်။အဲဒါကြောင့် ရောင်းကောင်းတာ ဖြစ်ပါတယ်” ဟု NLD ဗဟိုအမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်တဦးက ဆိုပါသည်။

ဈေးရောင်းပွဲတော်တွင် ၃ ရက်တာအတွင်း စုစုပေါင်း ငွေကျပ် သိန်း ၂၀၀ ကျော် ရခဲ့ကြောင်းလည်း သိရပါသည်။
 
 

No comments: