Sunday, February 24, 2013

ချစ်ခြင်းမှာ အပြစ်ကင်းပါစေ......

ချစ်ခြင်းမှာ အပြစ်ကင်းပါစေ......

ဒီတပါတ် ကျနော်ဖတ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ရာမဇာတ်အကြောင်း ပြန် share လိုက်ပါတယ်...

ကျနော်မသိတဲ့ ဟိန္ဒူဇာတ်အပိုင်းပါ..

ဒဿဂီရီ ထံမှပြန်လာပြီး မီးပုံထဲကို မယ်သီတာက ကိုယ်ကျင့်သိက္ခာစောင့်ထိန်းကြောင်း

အများရှေ့ မှာ သက်သေထူ မီးငြိမ်း ရာမနဲ့  မယ်သီတာ နန်းတက်.(ဒါက ကျနော်သိတဲ့ အကြမ်းဖျင်းဇာတ်)

တကယ်တမ်းက သီတာဆိုတာ ကျနော်တို့  သိထားသလို (ရေ)လို့ အဓိပ္ပါယ် မသက်ရောက်ပါဘူး။

မြေက မွေးဖွားပေးလိုက်တဲ့ သမီးတော်ပါတဲ့။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးအမြင်တွေနဲ့  ဒီဇာတ်လေးကို ပြောပြသွားပါတယ်။

ပြည်သူ့ အသံကို နားထောင်လွန်းတဲ့ ရာမ။ ပြည်သူ့ အသံကို လွန်ဆန်လို့ မရတဲ့ သီတာ အဲဒီ လွန်ဆွဲမှု သင်ခန်းစာကို

ပြောပြသွားပါတယ်။ အဲဒီအချိန်တုန်းက သတင်းမီဒီယာတွေရှိခဲ့ရင် သီတာဘက်က ၀ိုင်းပြီးရေးပေးကြမှာလို့ 

ဒေါ်အောင်ဆန်းစုကြည် မီဒီယာကို အားကိုးစွာပြောခဲ့ပါတယ်။

ကျနော်ကတော့ ချစ်ခြင်းနဲ့ အပြစ်တင်ခြင်းတွေကို ဖတ်ရင်း တွေးလိုက်မိပါတယ်။

ရာမမင်းက တွေဝေသူမဟုတ်ပေမယ့် ပြည်သူတွေရဲ့  သံသယကို ကင်းရှင်းစေချင်တာကြောင့် ပြည်သူ့ ဆန္ဒကို

လိုက်လျောရင်း သူ့ နှလံးသား ဆုံးရှုံးလိုက်ရပါတယ်။

သီတာကလည်း မီးတွေငြိမ်းအောင် သက်သေထူနိုင်ခဲ့ပေမယ့် ပြည်သူတွေရဲ့  ကောလဟလတွေကြားမှာပဲ

ရာမကို စိတ်နာခဲ့လို့  နန်းတော်က ထွက်သွားခဲ့ပါတယ်။

ဒီဇာတ်က ထိုင်း။ မြန်မာ။ အိန္ဒိယ။ အင်ဒိုနီးရှား (အရှေ့ အာရှ)မှာ

drama စစ်စစ် သြဇာကြီးတဲ့ ဇာတ်ပါ။

ခြုံငုံလိုက်ရင် အချစ်ဆိုတာကို ရယူပိုင်ဆိုင်ခြင်း ဘယ်သူမှ မရှိခဲ့ပါဘူး။

လက္ခဏ (ရာမ ညီ)နဲ့  ဘိဘိသန (ဒဿ ညီ)တို့ လောက်ပဲမေတ္တာတရားကို ရှေ့ တန်းတင်နိုင်သူများအဖြစ်

ဆရာချစ်ဦးညို စာအုပ်မှာ ဖတ်ဖူးပါတယ်။

အားလုံး ရင်နာစွာ ဆုံးရှံးပေးဆပ်လိုက်ရပါတယ်။ သီတာက မြေကြီးထဲကလာခဲ့တဲ့အတွက်

သူ့ ကိုယ်ကို မြေကြီးထံ ပြန်အပ်နှင်းလိုက်တယ်လို့  ဇာတ်တော်ထဲမှာ ဆိုပါတယ်။။ (မြေမြို ခြင်းမဟုတ်ပါ)

ကျနော်ဖတ်လိုက်ရင်းနဲ့  ချစ်ခြင်း။ မချစ်လိုခြင်း။ ကောလဟလ။ ပြစ်တင်ခြင်းများကြားမှာ ဆုံးရှုံးမှုများစွာကို

တွေ့ လိုက်ရပါတယ်။ ဒဿ ကတော့ အသက်နဲ့  တိုင်းပြည်ကြီးပါ ပေးလိုက်ရတယ်။ ရာမ က နှလုံးသားပေးလိုက်ရတယ်။

သီတာကလည်း စိတ်နာစွာနဲ့  အမုန်းမာနတွေနဲ့  ဇာတ်သိမ်းသွားတယ်...

သူငယ်ချင်းတို့ အားလုံးလည်း ချစ်ခြင်းမှာ အပြစ်ကင်းစွာ နေထိုင်နိုင်ပါစေလို့ ....

အားလုံးကို ချစ်ခင်လေးစားလျက်...

ဖိုးဇီဝ

No comments: