Wednesday, February 20, 2013

“မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးရှိပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း”ဦးကျော်ကျော်ဝင်း မှ ဖြေကြားချက်

ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ ၏ “မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးရှိပါသလားနှင့်
စပ်လျဉ်းသည့်မေးခွန်း” အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း မှ ဖြေကြားချက်
Wednesday, February 20, 2013

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံနှင့်နယ်မြေဆက်စပ်လျက်
ရှိသောကြောင့် ပဝေသဏီကာလမှပင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ
ကူးလူးသွားလာဆက်ဆံမှုများ ရှိခဲ့ကြပါတယ်။

သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်‌မယ်ဆိုလျ
ှင် ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည်နယ်နှင့် တနင်္သာရီဒေသတို့ အား အင်္ဂလိပ်ကိုလိုနီ လက်အောက်ကျရောက်ခဲ့စဉ်က ရခိုင်နှင့် တနင်္သာရီဒေသများကို အင်္ဂလိပ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်း ခံခဲ့ရပြီး ဆက်လက်၍ ရခိုင်ဒေသ အား အနောက်ဘင်္ဂလားသို့ သွတ်သွင်းခဲ့သဖြင့် ရခိုင်ပြည်နယ်သို့ ဘင်္ဂလားနယ်မှ မူစလင်များ အများအပြားဝင်ရောက်
အခြေချလာခဲ့ကြခြင်း ဖြစ်ပါတယ်။

ခရစ်သက္ကရာဇ် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ခုလုံးကို ဗြိတိသျှ
လက်‌အောက်ကျရောက်ခဲ့ ပြီးနောက် မြန်မာနိုင်ငံတွင် လယ်ယာ
စိုက်ပျိုးရေးလုပ်ငန်းတိုးချဲ့ေ
ဆာင်ရွက်ခြင်း၊ မီးရထားလမ်း၊ မော်တော်ကား
လမ်းများ ဖောက်လုပ်ခြင်း၊ သ‌င်္ဘောဆိပ်များတွင် ကုန်တင်ကုန်ချ
လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အင်္ဂလိပ်စစ်တပ်နှင့် အစိုးရဌာနများတွင် ဝန်ထမ်းများလိုအပ်ခြင်း၊ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း
စသည့် အကြောင်းများကြောင့် အိန္ဒိယမှ အိန္ဒိယနွယ်ဖွားများ အလုံးအရင်း ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လာခဲ့ကြပါတယ်။

၎င်းအပြင် ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း
ထိစပ်နေပြီး ဘင်္ဂလားဒေ့ရှ်မှ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက် လာပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်လာခဲ့ကြပါတယ်။

ရိုဟင်ဂျာလူမျိုးဟူ၍ ရခိုင်ပြည်နယ်တွင် မည်သည့်အခါမှမရှိခဲ့ပါ။ ရိုဟင်ဂျာဟူသော လူမျိုးဖြင့် နယ်ချဲ့ဗြိတိသျှကိုလိုနီခေတ် မြန်မာ
နိုင်ငံတွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများ၊ မှတ်တမ်းများ၊
၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများ
အရ လူမျိုး ဖော်ပြရာတွင်လည်း ပါဝင်ခဲ့ခြင်းမရှိသည့်အပြင် ဗြိတိသျှခေတ် Result များ၌လည်း ပါဝင်ခဲ့ခြင်းမရှိ၍ ရုံးလက်ခံ အိမ်ထောင်စု လူဦးရေစာရင်းများတွင်လည်း ရေးသွင်းထားခြင်းမရှိခဲ့ပါ။

၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ်သန်းခေါင်စာရင်း
မှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားလူမျိုး
အမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလူမျိုးများသာ
ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ် တစ်ရာကျော်တွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မပါရှိခဲ့ပါ။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက် အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ြ
ပား ထုတ်ပေးရေး ဆောင်ရွက်ရာတွင် ရုံးလက်ခံပုံစံ(၁) မှတ်တမ်းများ၌ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဘက်မှ ခေတ်အဆက်ဆက်ကရောက်ရှိနေထိုင်လာ
ခဲ့သူများမှာ မူစလင်လူမျိုးဟု ရေးသွင်းခဲ့ပြီး ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူ
ပြီးနောက် ပုံစံ(၁)များတွင် ဘင်္ဂါလီလူမျိုးအဖြစ်သာ မှတ်တမ်းတင်ခဲ့ပါ
ကြောင်း ရိုဟင်ဂျာ သို့မဟုတ် ရိုအင်ဂျာလူမျိုးဟူ၍ မှတ်တမ်းတင်ထားရှိခြင်း မရှိကြောင်း ပြန်လည် ဖြေကြားအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

No comments: