Wednesday, February 20, 2013

မြန်မာ- ကနေဒါ ချစ်ကြည်ရေးနှင့် လွှတ်တော် နှစ်ရပ် အကြား ပူးပေါင်း ဆောင်ရွက်ရေး ရင်းနှီး စွာဆွေးနွေး

Thursday, February 21, 2013

ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ယနေ့ နံနက် ၉ နာရီတွင် ကနေဒါ ပါလီမန် အတွင်းဝန် H.E. Mr. Deepak Obhrai ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသား လွှတ်တော် ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပါတီပေါင်းစုံ၊ ကိုးကွယ်သည့် ဘာသာပေါင်းစုံ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ တို့ဖြင့် လွှတ်တော်နှစ်ရပ် ဖွဲ့စည်းထား ရှိမှု၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေးများ ကျင်းပဆောင်ရွက် နေမှု၊
မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် နေမှုနှင့် ဒီမိုကရေစီ စနစ်
ဖော်ဆောင်နေမှု အခြေအနေ များကို ရှင်း လင်း ပြောကြားပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် နှစ်နိုင်ငံ လွှတ်တော် နှစ်ရပ်တို့အကြား ဆက်ဆံရေး ကဏ္ဍ တိုးမြှင့် ဖော်ဆောင်၍ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော် ဝန်ထမ်းများ အပြန်အလှန် လေ့လာရေး ခရီး စေ လွှတ်ရေး၊ မြန်မာနိုင်ငံ လွှတ်တော် စာကြည့်တိုက် ဖွင့်လှစ်နိုင်ရေး၊ လွှတ်တော် ဝန်ထမ်းများအား ကနေဒါ နိုင်ငံ၏ ရင့်ကျက်သော လွှတ်တော် အတွေ့အကြုံ များကို သင်တန်းပေးရေး နှင့် တစ်နိုင်ငံလုံးတွင် ဒီမိုကရေစီ ယဉ်ကျေးမှု ထူထောင်နိုင်ရေး အတွက် ပျိုးထောင်ရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသား
လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသား လွှတ်တော်
ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးညွန့်တင်၊ ဦးဆိုင်ပေါင်းနပ်၊ ဗိုလ်မှူးကြီး မောင်မောင်ထူး၊ ဒေါ်နန်းနီနီအေးနှင့် လွှတ်တော်ရုံးမှ
တာဝန် ရှိသူများ တက်ရောက်ကြသည်။

http://bit.ly/WSJlfV

မြ၀တီ

No comments: