Friday, May 2, 2014

မြိတ်မြို့ ရွှေကျင် သီလရှင်ပရိယတ္တိစာသင်တိုက်တွင် ဓမ္မစကူးလ် သင်တန်းဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


မြိတ်မြို့ ရွှေကျင် သီလရှင်ပရိယတ္တိစာသင်တိုက်တွင် ဓမ္မစကူးလ် သင်တန်းဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
( မြိတ် မေ ၁ ရက် )
မြိတ်မြို့ တပ်ပြင်ရပ်ကွက် ရွှေကျင်သီလရှင်ပရိယတ္တိစာသင်တိုက်တွင် ကလေးလူငယ် များ လိမ္မာယဉ် ကျေးပြီး အနာဂတ်ဘ၀တိုးတက်မြင့်မားစေရန်အတွက် ရည်ရွယ်၍ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို မေလ(၁)ရက် မွန်းလွဲ(၃)နာရီက အဆိုပါ သီလရှင်ကျောင်းတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ရပ်မိရပ်ဖများ၊ အကျိုးဆောင်အဖွဲ့များ မှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး၊ သင်တန်းတက်ရောက်ကြမည့်
ကျောင်းသားကျောင်းသာများအား အသိပေး ကြရေးနှင့် သင်တန်းဖွင့်လှစ်စဉ် သင်တန်းနည်းပြများအတွက် ဆရာ/မများက ပံ့ပိုးကူညီပေးနိုင်ရေးတို့ကို ဓမ္မစကူးလ်သင်တန်းနည်းပြ သံဃာတော်များ၊ သီလရှင်များနှင့် ဆရာ/မများ၊ မြိတ်ခရိုင်နှင့် မြို့နယ်အုပ်ချုပ် ရေးမှူး၊ ရပ်မိရပ်ဖများ၊ အကျိုးဆောင်အဖွဲ့များက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဓမ္မစကူးလ်သင်တန်းကို ရွှေကျင်သီလရှင်ပရိယတ္တိစာသင်တိုက်တွင်
မေလ(၁၈)ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မွန်းလွဲ(၃)နာရီမှ (၅)နာရီ အထိ ပထမတန်း၊ ဒုတ်ယတန်း၊ တတိယတန်း ကျောင်းသား/သူများအား ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်သည်။ အလားတူ ဓမ္မစကူးလ်သင်တန်းများကို မန္တလေးကျောင်းတိုက် ၊ တောရအောက်ကျောင်းနှင့် အေးရိပ်ချောင် ဓမ္မရိပ်သာတို့တွင် မေလ(၄)ရက်နေ့မှ စတင် ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

ဓမ္မစကူးလ်သင်တန်းတွင် ကမ္ဘာ့နိုင်ငံများနှင့် ဗုဒ္ဓသာသနာ၊ မြန်မာနိုင်ငံနှင့် ဗုဒ္ဓသာသနာ၊ ဗုဒ္ဓသာသာ သမိုင်း၊ ဗုဒ္ဓ၀င်နှင့် လက်တွေ့ဘ၀အသုံးချ ဗုဒ္ဓသာသာ အဆုံးအမများ၊ ထင်ပေါ်ကျော်ကြားသော ဗုဒ္ဓသာသာ သာသနာပြု ပုဂ္ဂိုလ်များ၏ အထ္ထုပ္ပတိများ၊ အသုံးချအဘိဓမ္မာစသော အခြေခံတရားတော်များနှင့် သိမှတ်ဖွယ်ရာ များစသည့် ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit : Iprd Myeik

No comments: