Monday, May 5, 2014

နိုင်ငံသားကိစ္စ။













*** လက်ရှိ မြန်မာနိုင်ငံ၏ မြန်မာနိုင်ငံသားဥပဒေ နှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် ပြစ်ဒဏ်များ *** ကို အများပြည်သူသိရှိနားလည်အောင် ဖော်ပြပေးလိုက်ပါသည်။
   နိုင်ငံသားကိစ္စ။
--- ။ ---- ။ ----
ဥပဒေ။ မြန်မာနိုင်ငံသားဥပဒေ။
( ဥပဒေအမှတ် ၄ / ၁၉၈၂ )

ပုဒ်မ ၁၈။ နိုင်ငံသားတဦးသည် မဟုတ်မမှန်ဖော်ပြခြင်း ( သို့ ) ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ရရှိပါက နိုင်ငံသားအဖြစ်မှရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့်ငွေဒဏ်ကျပ်ငါးသောင်းကိုလည်းကျခံစေရမည်။
ပုဒ်မ ၁၉။ နိုင်ငံသားတဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် ( သို့ ) ဧည့် နိုင်ငံသားလက်မှတ် ( သို့ ) နိုင်ငံသားပြု ခွင့်လက်မှတ် ကို သူတဦးရရှိရန် အားပေးကူညီလျှင် ထောင်ဒဏ်ခုနစ်နှစ်နှင့်ငွေဒဏ်ကျပ်တစ်သောင်း
ကို ကျခံစေရမည်။

ပုဒ်မ ၂၀။ ( က ) နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ ( သို့ ) ရုပ်သိမ်းခံရသူ၏ နိုင်ငံသားလက်မှတ် ကို ပယ်ဖျက်ရမည်။ ထိုသို့ ပယ်ဖျက်ထားသော လက်မှတ် ကို ကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်။
( ခ ) ပယ်ဖျက်ထားသော နိုင်ငံသားလက်မှတ် ကို ပြန်လည်အပ်နှံရန် ပျက်ကွက်လျှင်ဖြစ်စေ၊ဆက်လက်အသုံးပြုလျှင် ဖြစ်စေ၊သူ တဦးအား မသမာသောနည်းလမ်းဖြင့် လွဲပြောင်း ပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ်နှစ်နှင့်ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။
( ဂ ) မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားလက်မှတ် ကို ဖြစ်စေ၊ သေဆုံးသူ၏ နိုင်ငံသားလက်မှတ် ကို ဖြစ်စေ ကိုင်ဆောင်အသုံးပြုလျှင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့်ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။

ပုဒ်မ ၂၁။ မည်သူမဆို နိုင်ငံသားလက်မှတ်အတု ပြုလုပ်လျှင် ဖြစ်စေ၊ထိုသို့ ပြုလုပ်ရန် အားပေးကူညီလျှင် ဖြစ်စေ ထောင်ဒဏ်တစ်ဆယ့်ငါးနှစ်နှင့်ငွေဒဏ်ကျပ်ငါးသောင်းကို ကျခံစေရမည်။
ပုဒ်မ ၂၅။ ဧည့် နိုင်ငံသားလက်မှတ်တွင် လျှောက်လွှာ၌ ဖော်ပြထားသော သားသမီး၏ အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင်သည်။ အမည် ထည့်သွင်းပေးခြင်း ခံရသော သားသမီးသည် ဧည့် နိုင်ငံသားဖြစ်သည်။
ပုဒ်မ ၂၇။ ( က ) ပုဒ်မ ၂၅ အရ အမည် ထည့်သွင်းပေးခြင်း ခံရသော သားသမီးသည် အသက် တစ်ဆယ့်ရှစ်နှစ် မပြည့်သေးပါက အသက် ပြည့်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သော အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်၍ ပုဒ်မ ၂၄ ပါအတိုင်း ဂတိသစ္စာ ပြုရမည်။
( ခ ) ပုဒ်မခွဲ ( က ) ပါအတိုင်း လိုက်နာရန်ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ကျပ် ငါးဆယ်ကျစီ ဒဏ်ငွေ ပေးဆောင်စေရမည်။

ပုဒ်မ ၃၆။ ဧည့် နိုင်ငံသားတဦးသည် မဟုတ်မမှန်သောဖော်ပြခြင်း ( သို့ ) ဖုံးကွယ်ခြင်းဖြင့် ဧည့် နိုင်ငံသားအဖြစ်ရရှိပါက ဧည့် နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့်ငွေဒဏ်ကျပ်ငါးသောင်းကိုလည်း ကျခံစေရမည်။
ပုဒ်မ ၃၇။ ဧည့် နိုင်ငံသားတဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် ( သို့ ) ဧည့် နိုင်ငံသားလက်မှတ် ( သို့ ) နိုင်ငံသားပြု ခွင့်လက်မှတ် ကို သူတဦးရရှိရန် အားပေးကူညီလျှင် ဧည့် နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်ခုနစ်နှစ်နှင့်ငွေဒဏ်ကျပ်တစ်သောင်းကိုလည်း ကျခံစေရမည်။
ပုဒ်မ ၃၈။ ဧည့် နိုင်ငံသားတဦးသည် ပုဒ်မ ၃၆၊ပုဒ်မ ၃၇ အရ သူတဦးကျူးလွန်သော အမှုကိစ္စကို ကိုယ်တိုင်သိရှိလျှင် ဖြစ်စေ၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့လျှင် ဖြစ်စေ ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ ဖော်ထုတ်ဝန်ခံပါက ဤ အမှုကိစ္စနှင့်စပ်လျဉ်းသော ပြစ်မှုပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိစေရမည်။
ပုဒ်မ ၃၉။ ( က ) ဧည့် နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ ( သို့ ) ရုပ်သိမ်းခံရသူ၏ ဧည့် နိုင်ငံသားလက်မှတ်ကို ပယ်ဖျက်ရမည်။ ထိုသို့ ပယ်ဖျက်ထားသော လက်မှတ်ကို ကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်။
( ခ ) ပယ်ဖျက်ထားသော ဧည့် နိုင်ငံသားလက်မှတ်ကို ပြန်လည်အပ်နှံရန် ပျက်ကွက်လျှင်ဖြစ်စေ၊ဆက်လက်အသုံးပြုလျှင် ဖြစ်စေ၊သူ တဦးအားမသမာသောနည်းလမ်းဖြင့်လွဲပြောင်း ပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ်နှစ်နှင့်ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။
( ဂ ) မည်သူမဆို ပယ်ဖျက်ထားသော ဧည့် နိုင်ငံသားလက်မှတ်ကို ဖြစ်စေ၊ သေဆုံးသူ ဧည့် နိုင်ငံသားလက်မှတ်ကို ဖြစ်စေ ကိုင်ဆောင်အသုံးပြုလျှင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့်ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။

ပုဒ်မ ၄၀။ မည်သူမဆို ဧည့် နိုင်ငံသားလက်မှတ်အတု ပြုလုပ်လျှင် ဖြစ်စေ၊ထိုသို့ ပြုလုပ်ရန် အားပေးကူညီလျှင် ဖြစ်စေ ထောင်ဒဏ်တစ်ဆယ့်ငါးနှစ်နှင့်ငွေဒဏ်ကျပ်ငါးသောင်းကို ကျခံစေရမည်။
ပုဒ်မ ၄၇။ နိုင်ငံသားခွင့်ပြုလက်မှတ်တွင် လျှောက်လွှာ၌ ဖော်ပြထားသော သားသမီး၏ အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင်သည်။ အမည် ထည့်သွင်းပေးခြင်း ခံရသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူဖြစ်သည်။
ပုဒ်မ ၄၉။ ( က ) ပုဒ်မ ၄၇ အရ အမည် ထည့်သွင်းပေးခြင်း ခံရသော သားသမီးသည် အသက် တစ်ဆယ့်ရှစ်နှစ် မပြည့်သေးပါက အသက် ပြည့်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သော အဖွဲ့အစည်းသို့ ကိုယ်တိုင်လာရောက်၍ ပုဒ်မ ၄၆၊ ပုဒ်မခွဲ ( က ) ပါအတိုင်း ဂတိသစ္စာ ပြုရမည်။
( ခ ) ပုဒ်မခွဲ ( က ) ပါအတိုင်း လိုက်နာရန်ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ကျပ် ငါးဆယ်ကျစီ ဒဏ်ငွေကို ပေးဆောင်စေရမည်။

ပုဒ်မ ၅၉။ နိုင်ငံသားပြုခွင့်ရသူတဦးသည် မဟုတ်မမှန်သောဖော်ပြခြင်း ( သို့ ) ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ရရှိပါက နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့်ငွေဒဏ်ကျပ်ငါးသောင်းကိုလည်း ကျခံစေရမည်။
ပုဒ်မ ၆၀။ နိုင်ငံသားပြုခွင့်ရသူတဦးသည် မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် ( သို့ ) ဧည့် နိုင်ငံသားလက်မှတ် ( သို့ ) နိုင်ငံသားပြု ခွင့်လက်မှတ် ကို သူတဦးရရှိရန် အားပေးကူညီလျှင် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ရရှိပါက နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်ခုနစ်နှစ်နှင့်ငွေဒဏ်ကျပ်တစ်သောင်းကိုလည်း ကျခံစေရမည်။
ပုဒ်မ ၆၁။ နိုင်ငံသားပြုခွင့်ရသူတဦးသည် ပုဒ်မ ၅၉၊ပုဒ်မ ၆၀ အရ သူတဦးကျူးလွန်သော အမှုကိစ္စကို ကိုယ်တိုင်သိရှိလျှင် ဖြစ်စေ၊ ကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်ခဲ့လျှင် ဖြစ်စေ ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ ဖော်ထုတ်ဝန်ခံပါက ဤ အမှုကိစ္စနှင့်စပ်လျဉ်းသော ပြစ်မှုပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိစေရမည်။
ပုဒ်မ ၆၂။ ( က ) နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ ( သို့ ) ရုပ်သိမ်းခံရသူ၏ နိုင်ငံသားပြု ခွင့်လက်မှတ်ကို ပယ်ဖျက်ရမည်။ ထိုသို့ ပယ်ဖျက်ထားသော လက်မှတ်ကို ကိုင်ဆောင်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့် နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်။
( ခ ) ပယ်ဖျက်ထားသော နိုင်ငံသားပြု ခွင့်လက်မှတ်ကို ပြန်လည်အပ်နှံရန် ပျက်ကွက်လျှင်ဖြစ်စေ၊ဆက်လက်အသုံးပြုလျှင် ဖြစ်စေ၊သူ တဦးအားမသမာသောနည်းလမ်းဖြင့်လွဲပြောင်း ပေးအပ်လျှင်ဖြစ်စေ ထောင်ဒဏ်တစ်ဆယ်နှစ်နှင့်ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။
( ဂ ) မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားပြု ခွင့်လက်မှတ်ကို ဖြစ်စေ၊ သေဆုံးသူ နိုင်ငံသားပြု ခွင့်ရသူ၏လက်မှတ်ကို ဖြစ်စေ ကိုင်ဆောင်အသုံးပြုလျှင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့်ငွေဒဏ်ကျပ်နှစ်သောင်းကို ကျခံစေရမည်။

ပုဒ်မ ၆၃။ မည်သူမဆို နိုင်ငံသားပြု ခွင့်လက်မှတ်အတု ပြုလုပ်လျှင် ဖြစ်စေ၊ထိုသို့ ပြုလုပ်ရန် အားပေးကူညီလျှင် ဖြစ်စေ ထောင်ဒဏ်တစ်ဆယ့်ငါးနှစ်နှင့်ငွေဒဏ်ကျပ်ငါးသောင်းကို ကျခံစေရမည်။
ပုဒ်မ ၇၆။ အောက်ပါဥပဒေကို ဤ ဥပဒေဖြင့် ရုပ်သိမ်းလိုက်သည် -
( က ) ၁၉၄၈ ခုနှစ် ၊ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် ( ရွေးချယ်ရေး ) အက်ဥပဒေ၊
( ခ ) ၁၉၄၈ ခုနှစ် ၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ၊

---------------------------------------------------------------------------------------------------------------------------
ထိန်လင်း/ လင်းထိန် ( ဖြန့်ဝေ )

No comments: