Thursday, May 8, 2014

ဘန်ကောက်မှာ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွား


Thursday, May 8, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့ နံနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ် ခဲ့ပါတယ်။
မစ္စယင်လတ်ကို ဝန်ကြီးချုပ်ရာထူးနုတ်ထွက်ပေးရန် အမိန့်ချခဲ့တဲ့ ခုံရုံးတရားသူကြီးတဦးနေအိမ်မှာ ဗုံးပေါက်ကွဲပြီးနောက် မြင်ကွင်း၊ ဓာတ်ပုံ- The Nation
အဲဒီ M 79 လောင်ချာနဲ့ တိုက်ခိုက်ခံရမှုကြောင့် ပထမဆုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကတော့ ထိုင်း နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးရဲ့ တရားသူကြီးတွေထဲက တဦးရဲ့ အိမ်ဖြစ်ပါတယ်။
အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ဟာ မနေ့က နုတ်ထွက်သွားရပြီဖြစ်တဲ့ မစ္စယင်လတ်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖောက် ဖျက်တဲ့အတွက် ၀န်ကြီးချုပ်ရာထူး ဆက်လက် တာဝန်ထမ်းဆောင်ရန် မရှိလို့ ဆုံဖြတ်ခဲ့ တာပါ။
ဒုတိယ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာက လက်ပစ်ဗုံး ၂ လုံးနဲ့ ဘန်ကောက်၊ လာစီခရိုင် ချူလာဘွန် ဆေးရုံကို ပစ်သွင်း တိုက်ခိုက်ဖောက်ခွဲတာပါ။
နောက်ထပ် ပေါက်ကွဲမှုကတော့ လာပရိုခရိုင်မှာ ရှိတဲ့ SCB ဘဏ်ရုံးချုပ်တို့မှာဖြစ်ပါတယ်။
ပေါက်ကွဲမှု ၃ ခုလုံးမှာ လူ ထိခိုက်ဒဏ်ရာရတာမျိုးလည်း မရှိဘူးလို့ ဒီကနေ့ ထုတ် The Nation သတင်း တပုဒ်မှာ ဖော်ပြပါတယ်။
အိမ့်သံစဉ် ~
Aye Chan Mon# Credit To : ဧရာဝတီ
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemedia ကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော် (via Aye Chan Mon)

No comments: