မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Saturday, May 10, 2014

ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲနေ့တွင် ကြံ့ခိုင်ရေးအမတ်ရှင်ပြုအလှူပွဲလုပ်


မအူပင်၊ မဇ္ဈိမ။ ။ မအူပင်မြို့တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲလုပ်မည့် မေလ ၁၀ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ဝင်းက ရှင်အပါး ၃၀၀ ရှင်ပြုအလှူ ပြုလုပ်ခဲ့သည်။

ရှင်ပြုအလှူပွဲကို မအူပင်မြို့ ရွှေဘုန်းမြတ်စေတီတွင် ပြုလုပ်ခဲ့ပြီး ရှင်ပြုပွဲသို့ မအူပင်မြို့နှင့် အနီးရှိ ကျေးရွာများမှ ဒေသခံများက မေလ ၆ရက် နံနက်အရောက် ရွှေဘုန်းပွင့်စေတီသို့ လာရန် မေလ၃ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံ ဆော်သြထားသည်ဟု
ဒေသခံများက ပြောသည်။

ယင်းနေ့ နံနက် ၉နာရီ ၁၀မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောရန် မအူပင်မြို့သို့ ရောက်ရှိခဲ့သည်။ သူမ အလာကို ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှ လူအင်အား
တစ်သိန်းခန့်က နံနက်အစောပိုင်းမှ စတင်၍ လာရောက် စောင့်ဆိုင်းခဲ့သည်။

ယမန်နေ့ (မေလ ၉ရက်)ကလည်း မအူပင်မြို့တွင် မိုးရွာသဖြင့် ဒေသခံများက ဟောပြောပွဲပြုလုပ်ချိန်တွင် မိုးရွာပါက ပွဲပျက်မည်ကို စိုးရိမ်သဖြင့် မိုးတားဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသေးသည်။
ဟောပြောပွဲကို နံနက် ၉နာရီခွဲခန့်တွင် ၁၀နာရီ ၄၀ခန့်တွင် ပြီးစီးသွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် မအူပင်မြို့ရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဦးမည်ဖြစ်သည်။
Mizzima - News in Burmese

No comments: