မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Wednesday, May 7, 2014

အမှိုက်ကောက်မည့် စည်ပင် ကတိမတည် နာရေးကူညီမှုအသင်း အမှိုက်ကောက်မည်



အမှိုက်ကောက်မည့် စည်ပင် ကတိမတည် နာရေးကူညီမှုအသင်း အမှိုက်ကောက်မည်
===================
===================

နာရေးကူညီမှုအသင်း (ရန်ကုန်)က စည်ပင်သာယာကော်မတီ၏ ကတိမတည်မှုကြောင့် မကြာမီ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အမှိုက်ပြန်လည်ကောက်ယူတော့မည်ဖြစ်သည်ဟု နာရေးကူညီမှုအသင်း၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က မေ ၆ ရက်တွင် FFSS ရုံးချုပ်၌ ကျင်းပသည့် “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုန်” အစည်းအဝေးတွင် ပြောသည်။
၂၀၁၃ ခုနှစ်အတွင်းက နာရေးကူညီမှု အသင်း(ရန်ကုန်)အနေဖြင့် ရန်ကုန်မြို့အတွင်း အမှိုက်ရှင်းလင်းရေး အတွက် ကောက်ယူမှုများ လုပ်ဆောင်ရာတွင် စည်ပင်သာယာရေးကော်မတီ၏ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနက တားမြစ်ခဲ့ပြီး လပိုင်းအတွင်း အမှိုက်များကောက်ယူသွားမည်ဟု ဆိုခဲ့ခြင်း ကြောင့် တစ်နှစ်ခန့်ကြာသည်အထိ လုပ်ဆောင်ခြင်းမရှိသည့်အတွက် နာရေးကူညီမှုအသင်း အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
ဒေါ်သန်းမြင့်အောင်က “မနှစ်တုန်းက ကျွန်မတို့က အမှိုက်လိုက်ကောက်တယ်၊ အစိုးရဌာနဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ခေါ်တားမြစ်တယ်။ သူတို့ လပိုင်းအတွင်း ဆောင်ရွက်မယ်ဆိုပြီး လပိုင်းအတွင်း ကြေညာတယ်။ အခု ၁၁ ရက်ဆို တစ်နှစ်ပြည့်ပြီ။ အကောင်အထည် မပေါ်လာဘူး” ဟုပြောသည်။
အမှိုက်ကောက်ယူရေးအစီအစဉ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း)၊၄၂ရပ်ကွက်တွင် စတင်လုပ်ဆောင်သွား မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ အခြားမြို့နယ်များတွင် ဆက်လက် ကောက်ယူမည်ဖြစ်ပြီး တစ်နိုင်ငံလုံးသို့ ဖြန့် ကျက်လုပ်သွားမည်ဖြစ်သည်။
၂၀၁၃ခုနှစ်၊ မေလ ၁၁ ရက်တွင် နာ ရေးကူညီမှုအသင်း (ရန်ကုန်)မှ ဗဟို အလုပ်မှုဆောင်များက ကျောက် တံတားမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပအ၀ိုင်း ကားဂိတ်များတွင် အမှိုက်ကောက်ခဲ့ ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အမှိုက်မကောက်ရန် ခေါ်ယူတားမြစ်ခဲ့သဖြင့် အမှိုက်ကောက်ယူမှုလုပ်ငန်းစဉ်များကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်သည်။
အသင်း၏အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေက “အစိုးရကို စော်ကားတာမဟုတ်ဘူး၊ အစိုးရက နေရာတိုင်း မလုပ်နိုင်တာ ရှိတယ်။ တစ်ဖက်တစ်လမ်းကနေ အစိုးရကိုရော ကူညီရင်း ပြည်သူတွေကို ပါဝင်လာ အောင် ဆောင်ရွက်ပေးနေတာပါ” ဟု ပြောသည်။
အမှိုက်ကောက်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ အကူအညီရရှိနိုင်ရန် ညှိနှိုင်းပြောဆိုပြီး စတင် ကောက်မည့်ရက်ကို အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟုလည်း ဒေါ်မြင့်မြင့်ခင်ဖေက ပြောသည်။
အမှိုက်ကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ငွေကြေးများစွာ အသုံးချနိုင်မည် မဟုတ်ဘဲ အမှိုက်လိုက်လံကောက်ယူမည့် အဖွဲ့အစည်းများအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျင့်သားရစေ ရန်ဟု ဒေါ်သန်းမြင့်အောင်က ဆိုသည်။
နာရေးကူညီမှုအဖွဲ့ဝင်အချို့မှာလည်း ကိုယ်ပိုင်ကားများဖြင့် အမှိုက်လိုက်လံကောက်ယူမှုများပြုပြီး ထို အမှိုက်များထဲမှ စနစ်တကျစွန့်ပစ်ရမည့်ပစ္စည်း၊ ပြန်လည် ချေဖျက်ကာ အသုံးပြုနိုင်မည့်ပစ္စည်း၊ ဆေးရုံမှ စွန့်ပစ်သည့် အန္တရာယ်ရှိသည့်ပစ္စည်းဟူ၍ ခွဲခြားထုပ်ပိုးမှုများလုပ်ကာ ပြန်လည် ချေဖျက်ရသည့်ပစ်္စည်းများမှ ၀င်ငွေများအား ချို့တဲ့သည့် ကလေးသူငယ်များ၊ ကျောင်းများသို့ လှူဒါန်းမှုပြုလုပ်နေသည်မှာ ၁၀ သိန်းဝန်း ကျင်ခန့်ရှိနေပြီဖြစ်သည်ဟု ဆောင်ရွက်နေသူ ကိုထိန်အောင်လင်းက ပြောသည်။
============
နန်းလွင်နှင်းပွင့်| ဗုဒ္ဓဟူးနေ့၊ မေလ ၇ ရက် ၂၀၁၄ ခုနှစ်

No comments: