Tuesday, February 18, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သပိတ်စခန်းတခုကို သိမ်းဆီးဖို့ ကြိုးစား



 (18/2/2014)

ဘန်ကောက်မြို့ ပြည်သူ့ ရင်ပြင် (စနမ်လွမ်) နဲ့ ယူအဲန်ရုံးအကြား သံဃာတွေဦးစီးတဲ့ သပိတ်စခန်းကို သိမ်းဆီးဖို့ ရဲတပ်ဖွဲ့ အင်အားသုံး ကနေ့ မနက်ပိုင်းမှာ ကြိုးစားခဲ့ပါတယ်။
အစိုးရကို ဆန္ဒပြသူတွေနဲ့ ရဲတို့ ထိပ်တိုက်တွေ့ နေစဉ် ဗုံးသံတွေ သေနပ်သံတွေ ထွက်လာခဲ့ပြီး ကနဦးသတင်းအရ ဆန္ဒပြသူဘက် 2 ဦးဒဏ်ရာရပြီး ရဲတပ်ဖွဲ့ က 3 ဦးဒဏ်ရာရသွားပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူ အနည်းဆုံး 2 ဦးကို ရဲက ဖမ်းဆီးသွားခဲ့ပါတယ်။
နေ့ လည်ပိုင်းမှာတော့ ရဲကနောက်ဆုတ်သွားခဲ့ပြီး ဆန္ဒပြသူတွေနဲ့  ကိုက် 300 လောက်အကွာအဝေးမှာ စောင့်ဆိုင်းနေပါတယ်။
အခုထိပ်တိုက်တွေ့ တဲ့နေရာရဲ့  ရဲနဲ့  တဖက်ခြမ်း ကိုက် 1000 လောက်က ၀န်ကြီးချုပ်ရုံးအနီးမှာ ဆန္ဒပြခေါင်းဆောင် စုထေ့ပ် ထူယတ်ခ်စူဝမ်းနဲ့ ဆန္ဒပြသူရာနဲ့ ချီပြီး ရောက်ရှိနေတယ်။
ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ်က ၀န်ကြီးချုပ်ရုံးကို မ၀င်နိုင်အောင် မနေ့ တုန်းကစပြီး ပိတ်ဆို့ မှုတွေပြုလုပ်ထားပါတယ်။
ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ်က အခုအပတ်အတွင်း ၀န်ကြီးချုပ်ရုံးကို ၀င်ရောက်လာပြီး အလုပ်မလုပ်ဘူးဆိုရင် နောက်ဘယ်တော့မှာ ၀င်လို့ ရတော့မှာမဟုတ်ပဲ အာဏာလက်လွတ်ရလိမ့်မယ်လို့  မြန်မာနိုင်ငံက အကြားအမြင်ဟောသူ အီတီက ၀န်ကြီးချုပ်ယင့်လတ်ခ်ရဲ့ အကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်းထပ်စင် ချင်န၀ပ်ကို ဟောထားတယ်။ ဒါကြောင့် ၀န်ကြီးချုပ်ယင့်လတ်ခ်က အခုအပတ်ထဲမှာ ၀န်ကြီးချုပ်ရုံးကို မဖြစ်မနေ ၀င်ဖို့ ကို အကိုဖြစ်သူက မှာကြားထားတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုနေကြပါတယ်။

No comments: