မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Tuesday, February 18, 2014

အခြေခံဥပဒေပြင်ဖို့ ပြည်မြို့မှာ ဆန္ဒပြပြီ


*****************************
Tuesday, February 18, 2014

အခြေခံဥပဒေပြင်ဆင်ပေးရန် NLD က ဦးဆောင်ပြီး တနင်္လာနေ့မနက်က ပြည်မြို့တွင် ဒေသခံ ၅၀၀ ဝန်းကျင်က တောင်းဆိုဆန္ဒပြကြသည်။

ပြင်ဆင်သင့်သည်များထဲမှ အဓိကကျသည့် အချက်များအကြောင်းကို ပြည်မြို့နယ် NLD ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းက ဧရာဝတီကို ပြောသည်။

“NLD ရဲ့ အလိုလားဆုံးက ၄၃၆ ကိုပြင်ဖို့၊ NLD ကတင်ထားတာ ၁၆၈ ချက်ရှိတယ်။
အဲဒိအထဲကမှ ၄၃၆ ကိုပြင်မှ အခြေခံဥပဒေတခုလုံးကို ပြင်လို့ရမယ်။
ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ဖို့ ဟန့်တားထားတဲ့ ၅၉ (ဃ)နဲ့ (စ)ကို ပယ်ဖျက်ပေးဖို့။ အဓိက အဲဒီ သုံးချက်ပါ”

စီတန်းလှည့်လည်ခွင့်အတွက် အာဏာပိုင်တို့ကိုသာမက NLD ဗဟို အလုပ်မှုဆောင်အဖွဲ့ကိုလည်း အကြောင်းကြားခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

“ပထမတခါ ရဲစခန်းကို ခွင့်ပြုမိန့်တောင်းတော့ ပယ်ချတယ်။ အယူခံထပ်ဝင်ပြီး ထပ်တင်လို့ ခွင့်ပြုပေးတယ်။ (NLD) ဗဟိုကိုတော့ စာတင်အကြောင်းကြားတယ်။
မလုပ်နဲ့လည်းမပြောဘူး။ လုပ်ပါလို့လည်းမပြော ဘူး။ အဲဒါကြောင့်ကျနော်တို့လုပ်တာ။ ကိုယ့်အတွေးနဲ့ကိုလုပ်တာပါ။ အပေါ်ကညွန်ကြားတာ မရှိပါဘူး”

စီတန်းလှည့်လည်ရာတွင် မူယာပင်ရပ် NLD မြို့နယ်ရုံးရှေ့မှ စတင်ချီတက်ပြီး၊ ဗိုလ်ချုပ်လမ်း၊ ရွှေတချောင်းလမ်း၊ လမ်းမတော်စသည့် လူစည်ကားရာနေရာများသို့ ရောက်ရှိခဲ့သည်။

NLD ပါတီဝင်များအပြင် ပြည်မြို့နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အရပ်သူအရပ်သားများလည်း ပါဝင် လှည့်လည် ဆန္ဒပြခဲ့သည်ကို တွေ့ရသည်။

ကောင်းမြတ်မင်း

Credit : Irrawaddy

No comments: