Thursday, February 20, 2014

ကျောင်းသူတိုင်း အဆောင်နေခွင့် ပေးရမယ်။



Phyodana Chitlinnthike

တောင်ငူမြို့ လှိုင်းသစ် ဘော်ဒါဆောင်ပိုင်ရှင် ဦးဖြိုးပြည့်မောင်မောင်(ခ) လှိုင်းမာန် တောင်ငူတက္ကသိုလ် ပထမနှစ်ကျောင်းသူအား ဖြာယောင်းသွေးဆောင် စော်ကားမှုဖြင့် အမှတ်၂ ရဲစခန်းတွင် တိုင်ကြား ထားခံရ
======================

အဆိုပါ ကျောင်းသူသည် ၂၀၁၁ခုနှစ်က ဦးဖြိုးပြည့်မောင်မောင်(ခ) လှိုင်းမာန် ဖွင့်လှစ်ထားသော လှိုင်းသစ် ဘော်ဒါဆောင်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုရန်အတွက် ပညာသင်ကြားခြင်းဖြင့်နေထိုင်ခဲ့ပါသည်။ ထိုသို့ နေထိုင်ရင်း ၂၀၁၂ခုနှစ်၈လပိုင်းခန့် ညပိုင်းတွင် ကွန်ပြူတာ သင်ပေးမည်ဟုဆိုကာ ကွန်ပြူတာခန်းထဲတွင် အလို မတူဘဲ သားမယား အဖြစ် ပြုကျင့် ခဲ့ပြီး အဆိုပါ ပြုကျင့်ပုံကို ဗွီဒီယို မှတ်တမ်းတင်ကာ ပြန်လည်ဖွင့်ပြပြီး တိုင်ပြောပါက အင်တာနက်ပေါ် တင်မည်ဖြစ်ကြောင်းနှင့် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ပြောကြာခဲ့ပြီး ကျောင်းသူမှာ မတိုင်ကြား ရဲခဲ့ပေ။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး တောင်ငူတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၃ဝ.၁၂.၂ဝ၁၃ နံနက်၈း၃ဝ ခန့်တွင် ဦးဖြိုးပြည့်မောင်မောင်(ခ)လှိုင်းမာန်မှ အဆိုပါကျောင်းသူကို တောင်ငူတက္ကသိုလ် ကားဂိတ်တွင် ဆိုင်ကယ်ဖြင့် လာခေါ်ပြီး 'မင်းမိဘတွေ သိရင် ငါ ပြဿနာ တက်လိမ့်မယ်'ဟု ပြောကာ အတင်းအကျပ် ခေါ်ဆောင်သွားပြီး ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်ဟု ပြောသော အိမ်တွင် ၄င်းနှင့် လက်ထပ်စာချုပ်တွင် အတင်းအကျပ် လက်မှတ် ထိုးခိုင်း စေခဲ့သည်။

၃ဝ.၁.၂ဝ၁၄ရက်နေ့တွင်လည်း လှိုင်းမာန်မှ ၄င်း၏ဆိုင်ကယ်ဖြင့် လိုက်ခဲ့ရန် တက္ကသိုလ်ကားဂိတ်၌ ထပ်မံ လာရောက် ခေါ်ခဲ့ပြန်သည် မလိုက်ပါဟု ငြင်းဆန် ခဲ့သော်လည်း မင်း ဓာတ်ပုံတွေ အင်တာနက်ပေါ် ရောက်ချင်နေပြီနဲ့ တူတယ်ဟု ထပ်မံ ခြိမ်းခြောက်ကာ မလိုက်လိုက်အောင် ခြိမ်းခြောက်ပြီး ပထမ Joy ဟော်တယ်တွင် လည်းကောင်း ထို့နောက် Royal Kaytu ဟော်တယ်သို့ လည်းကောင်း ခေါ်ဆောင်၍ အလို မတူပဲ သားမယား အဖြစ် ပြုကျင့်ခဲ့ပါသည်။

ထို့ပြင် သူမ ဝတ်ဆင်ထားသော ရွှေနားကပ် လက်စွပ်(ကာလတန်ဖိုး-၃သိန်းခန့်) အတင်းအကြပ် ချွတ်ယူကာ ငွေနှစ်သိန်းပေးပြီး ရန်ကုန်မြို့သို့ (၃. ၂.၂ဝ၁၄)ည ၁ဝး၃ဝ ခန့်တွင် ယာဉ်မောင်း ကြည်လွင်ဦး(ခ)ဗလကြီးနှင့် ယာဉ်မောင်းသမက် ဖြစ်သူတို့နှင့်အတူ အတင်းအကျပ် ပို့ဆောင်ခဲ့ပါသည်။ ရန်ကုန်သို့ ရောက်သောအခါ ၄င်း၏ အဒေါ်ဟုဆိုသူ အင်းစိန်ဖော့ကန်ရပ်ရှိ ဒေါ်လှလှရီနေအိမ်သို့ ပို့ဆောင်ကာနေထိုင်စေသည်။

(၄.၂.၂ဝ၁၄) ရက်နေ့တွင်ဦးလှိုင်းမာန်နဲ့အတူ ၄င်း၏ မိခင် ဒေါ်စန်းရီတို့ ရောက်လာပြီး ရန်ကုန်မြို့သဒ္ဒာတည်းခိုခန်းသို့သွားကာ အခန်းအမှတ် ၄ဝ၅တွင် ထပ်မံ ပြောင်းရွှေ့ ခဲ့ပါသည်။ ထို့နောက် အဆိုပါ ကျောင်းသူ၏ ဖခင်ဖြစ်သူသည် ဦးလှိုင်းမာန်အား ဓားဖြင့် ထိုး၍ ယခု အချုပ်ထဲတွင် ရောက်နေပြီး ထောင်ကျ တော့မည် ဖြစ်ကြောင်း ဖခင်ကို ထောင်မကျစေလိုပါက လှိုင်းမာန်၏ ဦးလေး အရင်းတော်သူ ဦးသန်းထွန်းအောင် အသက် ၄၅ နှစ်ခန့် နှင့် ကျောင်းသူအား လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးပေးပါက ဖခင်ဖြစ်သူကို အချုပ်ထဲမှ ထွက်အောင် လုပ်ပေးမည်ဖြစ်ကြောင်း အမှုကိုလည်း ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ခြိမ်းခြောက်၍တစ်မျိုး သွေးဆောင်ဖြားယောင်း၍ တစ်ဖုံ ပြောဆိုလာသဖြင့် ကျောင်းသူသည် ဖော့ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးထံတွင် ဦးသန်းထွန်းအောင်ဆိုသူနှင့် လက်ထပ်စာချုပ်တွင် လက်မှတ် ရေးထိုး ပေးခဲ့ရပါသည်။
ထို့နောက် ဦးလှိုင်းမာန်မှ ကျောင်းသူ မိခင်ဖြစ်သူထံ ၄င်းနှင့် လိုက်ပြေးခြင်း မဟုတ်ဘဲ အခြားတစ်ယောက်နှင့် လိုက်ပြေးခြင်းဖြစ်ကြောင်း အတင်း ခြိမ်းခြောက်ကာ ဖုန်းဆက်ခိုင်သဖြင့် ဖုန်းဆက် ပေးခဲ့ရသည်။

ထို့နောက် ကျောင်းသူက ဦးလှိုင်းမာန်တို့ကို ငိုယိုပြီး တောင်ငူရှိ မိဘများထံ ပြန်ပို့ပေးရန် တောင်းပန်ပြောဆိုရာ လှိုင်းမာန်မှ 'မင်း မိဘတွေ ရန်ကုန် လိုက်လာပြီး စုံစမ်းနေတယ်၊ ပြန်ပို့လို့ မဖြစ်ဘူး၊ တောင်ငူ ပြန်မနေနဲ့၊ ယိုးဒယားကို ပို့မယ်'ဟု ပြောဆိုကာ စာရွက်စာတမ်းများ ပြုလုပ်ရန် အကြောင်းပြကာ ကျောင်းသူ၏ မှတ်ပုံတင်ကို ယူသွားပြီး ရပ်ကွက် နေရာမသိရသော ၇ထပ်တိုက် အပေါ်ဆုံးထပ် အခန်းတွင် သိုဝှက်ခဲ့ပါသည်။
ထို့နောက် သတင်းရ၍ ၈.၂.၂ဝ၁၄ တွင် ကျောင်းသူ၏ မိဘများသည် တောင်ငူ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဒေါ်လှလှရီထံ လာရောက် မေးမြန်းရာ ဒေါ်လှလှရီမှ မသိကြောင်း မရှိကြောင်း ဖြေခဲ့သည်။ ထိုအခါ ခင်ဗျား အထုပ်ပြင်ပြီး တောင်ငူ ရဲစခန်း လိုက်ခဲ့ဟု ရဲတပ်ဖွဲ့မှ ပြောသောအခါမှ အဆိုပါ ကျောင်းသူအား ထုတ်ပေးခဲ့သည်။

အဆိုပါ ကျောင်းသူသည်
ပြန် ရောက်ရောက်ချင်း ၃၊ ၄ ရက်ခန့် စကား ကောင်းကောင်း မပြောနိုင်ပဲ ၂ဝ၁၄ နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တောင်ငူမြို့အမှတ်၂ ရဲစခန်း၌ ပူးပေါင်း ပါဝင် ကျူးလွန်သူ ဦးလှိုင်းမာန်(ခ) ဦးဖြိုးပြည့်မောင်မောင်၊ ဒေါ်စန်းရီ၊ ဦးသန်းထွန်းအောင်၊ ဒေါလှလှရီတို့အား ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် တိုင်ကြားခဲ့ပြီး ရဲစခန်းမှ (ပ) ၄၃/၂ဝ၁၃ ပုဒ်မ ၃၆၆/ ၃၆၈ ဖြင့်အမှုဖွင့် ထားကြောင်း သိရသည်။

ဖြိုးဓန

BY - ရှစ်လေးလုံး ရဲဘော် မှ ပေးပို့သည် ။

No comments: