Wednesday, February 26, 2014

ငါးထောင်တန် အတုများထွက်ပေါ်နေခြင်း သတင်းနှင့် ဘဏ်များတွင် ကျပ် တစ်သောင်းတန်ငွေစက္ကူများ ရှားပါးနေခြင်းတို့ ထူးဆန်းစွာတိုက်ဆိုင်နေ

ငါးထောင်တန် အတုများထွက်ပေါ်နေခြင်း သတင်းနှင့် ဘဏ်များတွင် ကျပ် တစ်သောင်းတန်ငွေစက္ကူများ ရှားပါးနေခြင်းတို့ ထူးဆန်းစွာတိုက်ဆိုင်နေ
(နေပြည်တော်သတင်း)

ငါးထောင်တန် အတုများထွက်ပေါ်နေခြင်း သတင်းနှင့် ဘဏ်များတွင် ကျပ် တစ်သောင်းတန်ငွေစက္ကူများ ရှားပါးနေခြင်းတို့ ထူးဆန်းစွာတိုက်ဆိုင်နေကြောင်း နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါသည် ၊

ငါးထောင်တန်းအတု ဆိုတာတွေကို ခဏ ခဏ မိနေလို့ သတင်းထုတ်ပြန်နေတာတွေ့ရတယ် ၊ ငါးထောင်တန် အတုထုတ်တဲ့သူမိတယ်ဆိုပြီး ကြည့်လိုက်တော့ ကရော်ကမယ် ကာလာပရင်တာလေးတွေနဲ့ ထုတ်နေတာကိုတွေ့ရတယ် ၊ နောက်ပြီး ဘဏ်တွေမှာ

ငွေသွားလဲရင် ငါးထောင်တန်တွေက ကြိုက်သလောက်ယူလို့ရတယ် ၊ တစ်သောင်းတန်တောင်းရင် မရတာကများတယ် ၊

အဲဒီသတင်းတွေကို ကိုက်ကြည့်လိုက်ရင် မသင်္ကာစရာတွေ ထွက်လာတယ် ၊ အရင်အစိုးရလက်ထက်က ငါးထောင်တန်တွေ ဘယ်လောက်ထုတ်ခဲ့သလဲ ၊ အခုအစိုးရလက်ထက် ဘယ်လောက်ထုတ်ခဲ့သလဲ ၊ ကြားရတဲ့သတင်းကတော့ အရင်အစိုးရလက်ထက်မှာ

နဲပါတ်တူ ငါးထောင်တန်တွေ အများကြီးရိုက်ထုတ်ခဲ့တယ်တဲ့ ၊ အတုမဟုတ်ဘူး အစစ်တွေပဲတဲ့ ၊ နံပါတ်တွေကသာ ထပ်နေတာ တဲ့ ၊ နံပါတ်တွေကိုတော့ ဘယ်သူတွေက လိုက်စစ်နေမှာလဲ ၊

မြန်မာပြည်မှာ အခု ဗဟိုဘဏ်ကနေ ငွေစက္ကူတွေ ဘယ်လောက်လောက်ရိုက်ထုတ်ထားသလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြဘူး ၊ ဗဟိုဘဏ်ကနေထုတ်ပြန်ထားတဲ့ စာရင်းကိုလည်း ဘယ်သူမှ မယုံကြဘူး ၊ ဒါကြီးက တကယ်ဖြစ်လာရင် ခံရမှာက ပြည်သူတွေပဲ ၊

အကောင်းဆုံးက ငါးထောင်တန်တွေကို လက်ထဲမှာ မထားတာပဲကောင်းတယ် ၊

တကယ်ဆိုရင် အစိုးရအသစ်တက်လာတာ ၃ နှစ်ကျော်လောက်ရှိပြီး ၊ တစ်ကျပ်တန်ကနေ တစ်သောင်းတန်အထိ ပိုက်ဆံတွေကို ပုံစံ အသစ်တွေနဲ့ ပြန်ထုတ်ပြီး ၆လ ၁ နှစ် အတွင်း ပြန် လဲပေးလိုက်ရင် စာရင်း အတိအကျ ထွက်လာမှာပေါ့ ၊ အခုတော့ ဒီပြဿနာကြီးက

ဘယ်အချိန်ထပေါက်မှန်းမသိတဲ့ တိုင်းဗုံးကြီးကို ခေါင်းအုံးပြီးအိပ်နေရတဲ့ ဘဝ ကိုရောက်နေသလိုပဲ ၊

အမည်မဖော်လိုသူ စီပွားရေး ပညာရှင်တစ်ဦးမှ ပြောကြားသွားခြင်းဖြစ်သည် ၊ နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော သတင်းဖြစ်သည် ၊

မူရင်း Hawdeka Khalaylay
26.2.2014

No comments: