Wednesday, February 19, 2014

သုနာပရ န္တ တိုင်းကို အရှင် ပုဏ္ဏ သာသနာပြုခဲ့ပုံ



ဘုရားရှင်လက်ထက်တော်အခါက သာသနာပြုရန် ခက်ခဲလှသော သုနာပရ န္တ တိုင်းကို အရှင် ပုဏ္ဏ သာသနာပြုခဲ့ပုံကို ဓမ္မမိတ်ဆွေများအတွက် စာစိရိုတ်ပြီး ဓမ္မ ဒါန ပြုလိုက်ပါတယ်။

အရှင်ပုဏ္ဏ က ဘုရားရှင်ကို သူ့ မွေးရာဇာတိဖြစ်တဲ့ သုနာပရ န္တ တိုင်းကို သာသနာပြု သွားခွင့်တောင်းတဲ့အခါကြတော့..။

ဗုဒ္ဓ က “သုနာပရ န္တ တိုင်းသား ဖြစ်ကြကုန်သော လူတို့ သည် ကား ကြမ်းကြုတ် ကုန်ကြ၏။ သုနာပရ န္တ တိုင်း သား ဖြစ်ကုန်ကြသော လူတို့ သည် ခက်ထန်ကုန်ကြ၏။”  ဟု သတိပေးခဲ့ပါတယ်။
သုနာပရ န္တ တိုင်း ဟာ အရိုင်းစိတ်နှင့် တုတ်ဓါး လက်နက်များ လှုပ့်ခတ်နေသော အရပ့်ဒေသ၊ ထို့ အပြင် သုနာပရ န္တ တိုင်း မှာ ကြမ်းကြုတ်ခြင်းနှင့် ခက်ထန်ခြင်း တို့ ပါ ပေါင်းစပ့်လိုက်သောအခါ မြွေဆိုး ကျားဆိုးများ ပေါများရာ အရပ့်တခုသဖွယ်မှတ်ယူထားကြပြီး၊ ဘယ်သူကမှ မသွားခြင်ကြပါ။
သို့ သော် သာသနာ အာဇာနည် ရှင်ပုဏ္ဏ က အများသူငှါ ရှောင်ကြဉ်ရာ အရပ့်ဒေသဖြစ်သော သုနာပရ န္တ တိုင်းကို သာသနာပြုရန်ရွေးချယ်ခဲ့ပေပြီ။
ဝန်ကို သယ်ဆောင်မည့်သူသည်၊ ဝန်၏ အလေးချိန် ကို သိအောင်မကြိုးစားပါက မနိုင်ဝန်ထမ်းမိရာ သည်။  
ဗုဒ္ဓ က  “ချစ်သား ပုဏ္ဏ- သုနာပရ န္တ တိုင်း သားတို့  က သင့်ကို ဆဲရေးခြိမ်းခြောက် ခဲ့လျှင် သင့်စိတ်ထဲဘယ်လိုဖြစ်မလဲ”
“မြတ်စွာ ဘုရား - သုနာပရ န္တ တိုင်း သားတို့  က တပြည်တော်ကို ဆဲရေးခြိမ်းခြောက်ခဲ့လျှင် သူတို့ ဟာ လူကောင်းတွေသာဖြစ်တယ်။ တော်တော်ကောင်းတဲ့လူတွေသာဖြစ်တယ်။ ငါ့ကိုဆဲရေးခြိမ်းခြောက်ရုံဘဲ့ ပြုကြတယ်။ လက်သီးနဲ့ ထိုးခြင်း၊ တံတောင်နဲ့ ထောင်းခြင်း မပြုကြရှာဘူးလို့  နှလုံး သွင်းပါမယ်ဘုရား”
“ချစ်သား ပုဏ္ဏ- သုနာပရ န္တ တိုင်း သားတို့  က သင့်ကို လက်သီးနဲ့ ထိုးခြင်း၊          တံတောင်နဲ့ ထောင်းခြင်း ပြုခဲ့လျှင် သင့်စိတ်ထဲ ဘယ်လိုဖြစ်မလဲ”

“မြတ်စွာ ဘုရား - သုနာပရ န္တ တိုင်း သားတို့  က တပြည်တော်ကိုလက်သီးနဲ့ ထိုးခြင်း၊ တံတောင်နဲ့ ထောင်းခြင်း ပြုခဲ့လျှင် သူတို့ ဟာ လူကောင်းတွေသာဖြစ်တယ်။ တော်တော်ကောင်းတဲ့လူတွေသာဖြစ်တယ်။ ငါ့ကို လက်သီးနဲ့ ထိုးခြင်း၊                 တံတောင်နဲ့ ထောင်းခြင်း သာ ပြုကြတယ်။ ခဲနဲ့ တော့ မပေါက်ကြရှာ ပေဘူးလို့  နှလုံးသွင်းပါ့မယ် ဘုရား”

အရှင်ပုဏ္ဏ ကား ဘုရားရှင်သာသနာအတွက် ဘာကိုမှ နောက်ဆံမငင်တော့တာကို ဘုရား ရှင်ကိုယ်တိုင်ကသိပါသော်လည်း အကြာင်းအရာ ပေါ်လာအောင် အဆိုးဆုံး အခြေအနေတွေအထိ ကို ဆက်ပြီးမေးတော်မှု ပါတယ်။

“ချစ်သား ပုဏ္ဏ- သုနာပရ န္တ တိုင်း သားတို့  က သင့်ကို ဓားထက်ထက်ဖြင့် ထိုးခုတ်သတ်ဖြတ်ခြင်း ပြုခဲ့လျှင် သင့်စိတ်ဘယ်လိုနေမလဲ”

“မြတ်စွာ ဘုရား - သုနာပရ န္တ တိုင်း သားတို့  က တပြည်တော်ကို ဓားထက်ထက်ဖြင့် ထိုးခုတ်သတ်ဖြတ်ခြင်း ပြုခဲ့လျှင် သူတို့ ဟာ လူကောင်းတွေသာဖြစ်တယ်။ တော်တော်ကောင်းတဲ့လူတွေသာဖြစ်တယ်။ အရှင် ဂေါဓိက၊ အရှင်ဆန္ဒ စတဲ့ပုဂ္ဂိုလ် တွေမှာ သတ္တဟာရ ကံကို ကိုယ်တိုင်တောင်ပြုကြရသေးတယ်။ ငါ့မှာတော့ မပြုဘဲ ရလေတယ် လို့  နှလုံး သွင်းပါ့မယ် ဘုရား”

ဗုဒ္ဓ သည် သုနာပရ န္တ တိုင်း သို့  နည်းလမ်းမှန်စွာ ချည်းကပ့်မည်ဖြစ်သော အရှင်ပုဏ္ဏ ကိုချီးမွန်း ခဲ့ပါတယ်။ ထောက်ခံခဲ့ပါတယ်။ သွားခွင့်လည်းပြုခဲ့ပါတယ်။
အရှင်ပုဏ္ဏ ဟာ ထိုဝါတွင်းမှာဘဲ့၊ ဥပသကာ ငါးရာ၊ ဥပါသိကာ (မိန်းမ) ငါးရာ တို့ ကို သစ္စာလေးပါးတရားကိုသိစေခဲ့၏။ ထိုဝါတွင်းမှာဘဲ့ ဝိဇ္ဇာသုံးပါးတို့ ကို မျက်မှောက်ပြုကာ နောက်ဆုံးမှာ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါတယ်။

အရှင် ပုဏ္ဏ ဒီလို အောင်မြင်စွာသာသနာ ပြုနိုင် ခဲ့ခြင်းမှာ  တခြားအကြောင်းအရာများကြောင့်မဟုတ်ပါ။ သည်းခံမှုကြောင့်သာ ဖြစ်ပါတယ်။
အောင်မိုး (ကနေဒါ)

No comments: