

အမှတ်တရ ငါးမန်းများ
ငါးမန်းလို့ ခေါ်ပါသည် ...
အချို့ကလည်း ၂၇ ပေ ဟု ခေါ်ကြသည်....
တောင်ပိုင်းပင်လယ် အောက်ဖက်တကြော ကျွန်းစုများကြားတွင် ရှင်းလင်းရေး၊ ပိတ်ဆို့ရေး၊ စိုးမိုးရေး လုပ်ငန်းများ၌ ထိရောက်အသုံးဝင်ခဲ့သော ငါးမန်းများ ဖြစ်ပါသည်...
၉၆/၉၇ ဝန်းကျင်က နဂါးမင်း ကြည်း/ရေ/လေပူးပေါင်း ကမ်းတက်စစ်ဆင်ရေး လေ့ကျင့်ခန်းများတွင် ပေါင်းကူးခြေကုတ် (Bridgehead) ရယူရေး ကနဦးအဆင့်တွင် အစွမ်းကော အလှကော ပြခဲ့သော အမြန်ရေယာဉ်ငယ်များဟုဆိုလျင် မမှားပေ...
လှိုင်းခေါင်းဖြူများကြား၊ ရံဖန်ရံခါ ငါးမန်းအစစ်တစ်ကောင်စ နှစ်ကောင်စအကြား ရခိုင်ပင်လယ် ဝက်သေအော်မှာ ကိုမုတ်သုန်၊ ကိုမာဃတို့ အပါင်းပါတစ်စု ဒီငါးမန်းတွေနဲ့ ပွိုင့်ဖိုက်တင် တရစပ်ပစ် စက်ကုန်ဖွင့်ပြီး မာန်တက်ခဲ့ကြတာ တခါတလေလည်း သတိရမိသည်...
ငါးမန်းတွေကို ပြည်တော်အေးပေါ်တင် ချန်ကီကြီးစီးပြီး မြောက်ပိုင်းပင်လယ်ကို ရွက်လွှင့်ခဲ့စဉ် ရာဇဝင်တွင်ခဲ့တဲ့ ရေတပ်သားဘဝ ဖြစ်ရပ်ဆန်းတွေကိုလည်း အမှတ်တရ ရှိနေသည်.....
ထိုအချိန်က တာဝန်တပ်ဖွဲ့မှူးကြီးနှင့်တကွ ပါဝင်ခဲ့ကြသော ရေတပ်သားအားလုံးကိုလည်း အောင်းမေ့သတိရဆဲပါ....
အထူးသဖြင့် လက်ဦးဆရာများနှင့် ငယ်ပေါင်းကြီးဖော် ရေတပ်သားကြီးများကို ဖြစ်ပါသည်...။
မောင်ဝါဆို(Myanmar Navy)
No comments:
Post a Comment