Tuesday, February 18, 2014

လယ်သမားအကြွေး ထိုင်းအစိုးရက ခေါင်းခဲနေစဲ…….

လယ်သမားအကြွေး ထိုင်းအစိုးရက ခေါင်းခဲနေစဲ……. (18/2/2014)
ထိုင်းဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ် အစိုးရက လယ်သမားတွေကို ပေးရမယ့် ငွေ သန်းပေါင်း 1 သိန်း 3 သောင်း ကို ပေးဖို့ ငွေမရှိတာ 5 လကျော်ခဲ့ပြီဖြစ်တယ်။
စပါးကြွေးကို အစိုးရပိုင်ဘဏ်တွေဖြစ်တဲ့ စိုက်ပျိုးရေးဘဏ်ကနေ တဆင့် အစိုးရက လယ်သမားတွေငွေချေပေးရတာဖြစ်ပါတယ်။
စိုက်ပျိုးရေးဘဏ်က လယ်သမားတွေကို ပေးမယ့်ငွေမရှိလို့ နောက်အစိုးရဘဏ် တခုဖြစ်တဲ့ ငွေစုဘဏ်က စိုက်ပျိုးရေးဘဏ်ကို ဘတ်ငွေသန်း 2 သောင်းချေးပေးမယ်လို့ ကတိပေးလိုက်ပါတယ်။
ဖေဖေါ်ဝါရီလ 17 ရက်နေ့ မှာ စတင်ချေးပေမယ်လို့ ကတိပြုတာကို ငွေစုဘဏ်မှာ ငွေစုထားတဲ့ ပြည်သူတွေက မကြေမနပ်ဖြစ်ခဲ့တယ်။ ငွေစုဘဏ်က ငွေမချေးပေးဖို့ တောင်းဆိုခဲ့တယ်။ ငွေစုဘဏ်က ပထမအရစ်အဖြစ် ဘတ်ငွေ သန်း 5 ထောင်ကို စိုက်ပျိုးရေးဘဏ်ကို ထုတ်ချေးလိုက်ပါတယ်။
ဒီသတင်းကိုကြားသိရခြင်း ငွေစုဘဏ်မှာ ငွေအပ်နှံထားသူတွေ ငွေပြန်ထုတ်ပြီး ဘဏ်စာရင်းစာအုပ်ကိုပါပိတ်ပြစ်လိုက်ကြတယ်။ ဖေဖေါ်ဝါရီ 17 ရက်နေ့ တစ်ရက် တည်းမှာ ဘတ်ငွေ သန်း 3 သောင်းထုတ်ယူသွားခဲ့ပါတယ်။ တချို့ ဘဏ်ခွဲမှာ ထုတ်ပေးမယ့်ငွေ မရှိတဲ့အထိဖြစ်ခဲ့ရပါတယ်။ အစိုးရရဲ့ ကိုထောက်ခံတဲ့အနေနဲ့ ငွေစုဘဏ်မှာ ငွေအပ်သူက ဘတ်ငွေ သန်းပေါင်း 1 သောင်းရှိခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ 18 ရက်နေ့ မှာလည်း ငွေလာထုတ်သူများတဲ့အတွက် ငွေစုဘဏ်က စိုးရိမ်မှုဖြစ်လာပြီး စပါးဖိုးအတွက် စိုက်ပျိုးရေးဘဏ်ကို ဘတ်ငွေ သန်းပေါင်း 2 သောင်း မချေးပေးတော့ဘူး။ ပထမအရစ်အနေနဲ့ ပေးလိုက်တဲ့ ဘတ်ငွေ သန်းပေါင်း 5 ထောင်ကိုလည်းပြန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
လယ်သမားတွေဆီက စပါးတစ်တန်ကို ဘတ်ငွေ 1သောင်းခွဲနဲ့ အစိုးရက ၀ယ်မယ့်စီမံကိန်းလွန်ခဲ့တဲ့ 2 နှစ်ကျော်က စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီဈေးနှုန်းက ကာလပေါက်ဈေးထက် 50 ရာခိုင်နှုန်းကျော်မြင့်နေတဲ့အတွက် အရှူံးပေါ်တဲ့အပြင် အကတိလိုက်စားမှုတွေဖြစ်ခဲ့တာကြောင့် အစိုးရက လယ်သမားတွေကို ပေးမယ့် ငွေ မရှိဖြစ်နေပါတယ်။
လွှတ်တော်ဖျက်သိမ်းပြီး အိမ်စောင့် အစိုးရဖြစ်နေတဲ့အတွက် ငွေချေးခွင့်မရှိတာက တစ်ကြောင်း၊ ဒီစီမံကိန်းက အရှူံးပေါ်တဲ့စီမံကိန်းဖြစ်တာကြောင့် ဘဏ်တွေက ငွေမချေးရဲတာက တစ်ကြောင်း၊ နိုင်ငံရေးတင်းမာမှုတွေအရ စီးပွားရေးလုပ်ငန်းရှင်တွေ အစိုးရကိုမထောက်ခံတဲ့သူများလို့ ဘဏ်တွေက အစိုးရကို ငွေချေးပေးရင် စီးပွားရေးသမားတွေငွေတွေဘဏ်ကနေ ပြန်ထုတ်မယ် လို့ ချိန်းချောက်မှုတွေ ရှိနေတာကြောင့် ဘဏ်တွေက လည်း အစိုးရကို ငွေမချေးရဲတာလည်းရှိနေတယ်။
အစိုးရရဲ့ ဘတ်ဂျက်ငွေကလည်း ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားခဲ့တာ အရှူံးပေါ်ခဲ့တာ သန်း 3 သိန်းခွဲကျော်ရှိခဲ့တာကြောင့် နောက်ထပ်ဘတ်ဂျက်ငွေ ဆွဲယူသုံးစွဲမယ့် ငွေလည်းမရှိဘူးဖြစ်နေတယ်။
တဖက်မှာလည်း လယ်သမားတွေက ဆန္ဒပြတောင်ဆိုးမှုတွေပြုလုပ်နေကြပါတယ်။ နယ်မှာရော ဘန်ကောက်က ကုန်သွယ်ရေးဝန်ကြီးဌာနရုံးမှာရော အစိုးရကိုဆန့် ကျင်ဆန္ဒပြတဲ့ သပိတ်စခန်းတွေမှာရော လယ်သမားတွေ ဆန္ဒပြတောင်းဆိုမှုတွေပြုလုပ်နေပါတယ်။
ရွေးကောက်ပွဲကလည်း တစ်နိုင်ငံလုံး အပြီးသတ် မလုပ်နိုင်သေးတာကြောင့် အစိုးရသစ်ပေါ်ပေါက်လာရေးက အခုနှစ်လည်ပိုင်းအထိ မသေချာမရေရာဖြစ်နေတယ်။
ဒါကြောင့် လယ်သမားတွေကို ပေးရမယ့် ဘတ်ငွေ သန်းပေါင်း 1 သိန်း 3 သောင်းက အစိုးရကို ခေါင်းခဲစရာဖြစ်နေတုန်းဖြစ်ပါတယ်။

No comments: