Friday, February 21, 2014

ကျွန်တော်တို့ ရဲ့  တိုက်စစ်မှူးး သူရဲကောင်း



ကျွန်တော်တို့ သာ အမှတ်တမဲ့  နေခဲ့ ကြတယ် ။ သတိမမူဘဲ နေခဲ့ ကြတယ် ။ တစ်ခါတစ်ခါ ကျွန်တော်တို့ ဟာ လက်လွပ်စပယ် နေထိုင်တတ်ခဲ့ ကြတယ် ။ ဒါပေမဲ့  သမိုင်းပညာရှင် သုတေသီတွေကတော့ သာမန်လူတွေထက်ကို ညဏ်ပညာ အမြော်အမြင်နဲ့  ရှိနေကြတယ် ။ ရှေးက ဖြစ်ပျက်ခဲ့ တာကို နှောင်းလူများ သိအောင် ရေးသား တင်ပြကြတတ်တယ် ။ ဒီနေရာမှာ သမိုင်းပညာရှင်များအကြောင်းကို ပြောဖြစ်နေတာမို့  နှောင်းလူများဆိုတာကို တင်စားပြောဆိုလိုက်တာဖြစ်တယ် ။

နှောင်းလူများဖြစ်တဲ့  ကျွန်တော်တို့  တစ်တွေဟာ အင်မတန်ကျေးဇူးကြီးမားလှတဲ့  သမိုင်းပညာရှင် သုတေသီများတွေကြောင့် သတိရလာတဲ့ အခါ တစ်ရေးနိုး အိပ်မက် မက်ရာက နိုးထလာကြတယ် ။ ရင်ဘတ်ထဲမှာ အသိစိတ်တွေ ၀င်လာတဲ့ အခါ ကျပြန်တော့ အမျိုးသီလ-နှစ်ဋ္ဌါနကို ချစ်မြတ်နိုးစွာနဲ့  စောင့်ရှောက်ကာကွယ်ကြလာဖြစ်ကြတယ် ။

တစ်ချိန်မှာ ကျွန်တော်တို့ ဟာ အင်မတန်ကြောက်မက်ဘွယ်ရာ ကောင်းလွန်းတဲ့  လူမျိုလို့  လူမျိုးပျောက်ပြီး မြေပါပျောက်ကွယ်သွားမဲ့  အနေအထားကို ထည့်မတွက်ခဲ့ ကြဘဲ နေခဲ့ ကြတယ် ။ အခုတော့ သမိုင်းပညာရှင် သုတေသီတွေကြောင့် ကျွန်တော်တို့ ရဲ့  ဗုဒ္ဒဘာသာနိုင်ငံကို ကာကွယ်နိုင်ဖို့  အခွင့်အလမ်းရလာတော့တယ် ။ ခြံစည်းရိုးတွေကို ခတ်ဖို့ အ ချိန်ကောင်းကောင်း ရလာတော့တယ် ။

နိုင်ငံတကာမှာ လူမျိုလို လူမျိုးပျောက်မဲ့  အရေးကို ကာကွယ်ရေးသာေးနတဲ့  သမိုင်းပညာရှင် သုတေသီတစ်ဦးဟာ ကျွန်တော်တို့ အတွက် တိုက်စစ်မှူး သူရဲကောင်းအဖြစ် ရဲဝံ့စွာ ရှိနေရပ်တည်ပြနေခဲ့ တယ် ။ အင်္ဂလိပ်ဘာသာစကားနဲ့  ဂျာမဏီစကားကို ထုံးလိုချေ ရေလို နှောက်လောက်အောင် တတ်ကျွမ်းတဲ့  သမိုင်းပညာရှင် သုတေသီကျေးဇူးကြောင့် အနောက်နိုင်ငံနဲ့  ဥရောပနိုင်ငံတွေက အစိုးရတွေဟာ သမိုင်းအမှန်ကို သိကြရတယ် ။ သူ့ ရဲ့  စာပေတွေဟာ ဥရောပတစ်ခွင်မှာ ထုတ်ဝေဖြန့် ချီပြီးသား အများကြီးရှိနေတယ် ။

အင်္ဂလိပ်ဘာသာစကားကို တတ်မှ လူရာဝင်-ကြီးကျယ်လှချည်ရဲ့  လို့  ပြောပြောနေတဲ့  ကျွန်တော်တို့  ရဲ့  မြန်မာနိုင်ငံက အတွေးအခေါ်တွေကို သမိုင်းပညာရှင် သုတေသီကြီးဟာ ဘာတစ်ခွန်းမှ မပြောမဆိုဘဲ ရေငုံနုတ်ပိတ်နေတယ် ။ ဒါပေမဲ့  သူ့ ရဲ့  မြန်မာနိုင်ငံကို ချစ်မြတ်နိုးတဲ့  အမျိုးချစ်စိတ်ကို ထိမ်းသိမ်းကာကွယ်ထားတဲ့ နေရာမှာတော့ တိတ်ဆိတ်ငြိမ်သက် မနေဘူးလို့  ပြောနိုင်တယ် ။ သူတို့ က ပြည့်နေတဲ့  ရေအိုးမို့  ဘောင်ဘင်လှုပ်စရာ မရှိတဲ့  ပညာရှင်တွေ ဖြစ်နေတယ် ။

တစ်နေ့ မှာ သူဟာ သူချစ်မြတ်နိုးလှတဲ့  ရခိုင်မြေကို ခြေချလာပြီး ရခိုင်လူမျိုးတွေရဲ့  အနောက်ဖက်တံခါးကို ထိမ်းသိမ်းကာကွယ်ဖို့  ပြောကြားပြလာလိမ့်မယ်လို့  မျှော်လင့်တယ် ။ ကျွန်တော်နဲ့ က အလွန်ရင်းနှီးသူမို့  တစ်နေ့ မှာ ကျွန်တော်တို့  ကြောချင်းကပ်ပြီး မြန်မာနိုင်ငံကို ဗုဒ္ဒဘာသာဝင်များ ကိုးကွယ်ရာ နိုင်ငံကနေပြီး မူဆလင်ဘာသာဝင်များ ကိုးကွယ်ရာ နိုင်ငံ မဖြစ်စေရေးအတွက် ထိုင်ဆွေးနွေးဖြစ်မယ်လို့  ယုံကြည်ထားတယ် ။

မြန်မာနိုင်ငံမှာ သမိုင်းပညာရှင် သုတေသီကြီးဟာ အမျိုးသီလကို ကာကွယ်စောင့်ရှောက်ကြရအောင် ဆိုပြီးတော့ မြန်မာနိုင်ငံက နှောင်းလူငယ်များကို ပြောပြဖို့ အတွက် တစ်နေ့ တော့ ဖြစ်နိုင်ကောင်းမယ်လို့  ယုံကြည်ထားတယ် ။

သမိုင်းပညာရှင် သုတေသီကတော့ ဂျာမဏီနိုင်ငံ ဘာလင်မြို့ မှာ နေထိုင်တဲ့  ကျွန်တော့်အကိုကြီးလို လေးစားချစ်ခင်ရတဲ့  ဦးခင်မောင်စောဘဲ ဖြစ်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

No comments: