Tuesday, February 18, 2014

တာဝန်ထမ်းဆောင်ဆဲတပ့်မတော်သားတစ်ဦးက သမီးလေးကျေးရွာဖျက်ဆီးမှုအားပြင်းပြင်းထန်ထန် ဝေဖန်



ဒီ ဂျာနယ်လေးကို ဖတ်ကြည့်မိလိုက်တော့ ဆင်ခြေရာတွေပေါ်လာသလို မြင်လာမိတယ်။အဖြေကတော့ရှင်း သထက်ရှင်းလာပြီနော်။ယခင် န၀တ(အာဏာရှင်များ) ယခုမှာတော့ ဒီမိုကရေစီစနစ်ကို ဟန်ပြဖော်ဆောင် နေသူ ဘောင်းဘီချွတ်များသည် သူတို့ ပိုင်ဆိုင်သော စည်းစိမ်များကို နောင်အစိုးရသစ်ပေါ်လာလျှင်ပြန်သိမ်း မှာကို ကြောက်သဖြင့် စစ်တပ်တွင် အောက်ခြေ တပ်ကြပ် ၊ တပ်သားများကို လိမ်လည်၍ ပြည်သူများနှင့်ရန် တိုက်ပေးခြင်း၊ စာပေဟောပြောပွဲများတွင် စာရေးဆရာများကို မြို့နယ်အုပ်ချုပ်ရေးမှုးများကို ဖိအားပေး၍ စာပေဟောပြောပွဲများကို ပိတ်ခြင်း၊ စွမ်းအားရှင် ဘုန်းကြီးများကို အသုံးချ၍ ဘာသာရေးပြသာနာများဖြစ် အောင် ဖန်တီးခြင်းများကို တွေ့နေရပါသည်။သူတို့၏ စည်းစိမ်များ ၊ အာဏာများကိုကာကွယ်ရန်အတွက် အစွမ်းကုန် မိုက်ရိုင်းသော နည်းလမ်းများကို အသုံးချ၍ ပြုလုပ်တော့မည်ဖြစ်ပါသည်။ ပြည်သူလူတုများအနေ ဖြင့် ဦးနှောက်ဖြင့် စဉ်းစားဆုံးဖြတ်ပြီး ဘယ်ဟာသည် အတု/ ဘယ်ဟာသည် အစစ်ဆိုတာကို မြင်တတ်ဖို့လို ပါသည်။ (၂၀၁၅) ခုနှစ် ရွေးကောက်ပွဲ နီးလာလေလေ ပိုပြီးတော့ လုပ်ဆောင်ပါလိမ့်မည်။ (အရေးကြီးသော အချိန်အခါကို ရောက်ရှိလာပြီ ဖြစ်သဖြင့် ဒီမိုကရေစီအင်အားစုများ အနေဖြင့် စည်းလုံးဖို့လို အပ်လာပါပြီ ၊ ဒုတိယ အာဏာရှင်စနစ်ကို တော်လှန်ဖို့ အချိန်ကျ လာပြီနော် ၊အချင်းချင်း သွေးခွဲသောသတင်း များကို မဖြန့်ဝေဘဲ ၊ အာဏာရှင်တို့ လှည့်ကွက်များကို အများသူ/ငါ သိရှိအောင်ဖြန့်ဝေခြင်းဖြင့် ဒီမိုကရေစီ စစ်စစ် နိုင်ငံတော်ကို တည်ထောင်ကြပါစို့ ဟူ တိုက်တွန်းလိုက်ပါသည် ။)
ကိုဒီဂျေ

Credit to Ko Moe Myat Oo

No comments: