မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Tuesday, February 18, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သပိတ်စခန်းတခုကို သိမ်းဆီးဖို့ ကြိုးစားရာ 3 ဦးသေဆုံး 59 ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သပိတ်စခန်းတခုကို သိမ်းဆီးဖို့ ကြိုးစားရာ 3 ဦးသေဆုံး 59 ဦးဒဏ်ရာရ (18/2/2014) 15 နာရီ 30 မိနစ်
ဘန်ကောက်မြို့ ပြည်သူ့ ရင်ပြင် (စနမ်လွမ်) နဲ့ ယူအဲန်ရုံးအကြား သံဃာတွေဦးစီးတဲ့ သပိတ်စခန်းကို သိမ်းဆီးဖို့ ရဲတပ်ဖွဲ့ အင်အားသုံး ကနေ့ မနက်ပိုင်းမှာ ကြိုးစားခဲ့ပါတယ်။
အစိုးရကို ဆန္ဒပြသူတွေနဲ့ ရဲတို့ ထိပ်တိုက်တွေ့ နေစဉ် ဗုံးသံတွေ သေနပ်သံတွေ မျက်ရည်ယိုဗုံးတွေ ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်။ ကျန်းမာရေးကယ်ဆယ်ရေးဌာနက ထုတ်ပြန်ချက်အရ သေဆုံးသူ 3 ဦးတယ်။ ဆန္ဒပြသူ 2 ဦးနဲ့  ရဲတစ်ဦး သေဆုံးတယ်။ ဒဏ်ရာရသူ 59 ရှိတယ်လို့  အတည်ပြုပြောပါတယ်၊ ရဲရောဆန္ဒပြသူတွေပါဒဏ်ရာရရှိခဲ့ပါတယ်။
ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကို သက်ဆိုင်ရာက စုံစမ်းနေစဲဖြစ်တယ်။ ဆန္ဒပြသူနဲ့ ရဲတပ်ဖွဲ့ အပြင် တတိယ လူအုပ်စုက ပစ်ခတ်တယ်လို့ ပြောဆိုမှုတွေထွက်လာပေမယ့် ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူး။
နေ့ လည်ပိုင်းမှာတော့ ရဲကနောက်ဆုတ်သွားခဲ့ပြီး ဆန္ဒပြသူတွေနဲ့  ကိုက် 300 လောက်အကွာအဝေးမှာ စောင့်ဆိုင်းနေပါတယ်။
အခုထိပ်တိုက်တွေ့ တဲ့နေရာရဲ့  ရဲနဲ့  တဖက်ခြမ်း ကိုက် 1000 လောက်က ၀န်ကြီးချုပ်ရုံးအနီးမှာ ဆန္ဒပြခေါင်းဆောင် စုထေ့ပ် ထူယတ်ခ်စူဝမ်းနဲ့ ဆန္ဒပြသူရာနဲ့ ချီပြီး ရောက်ရှိနေတယ်။
ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ်က ၀န်ကြီးချုပ်ရုံးကို မ၀င်နိုင်အောင် မနေ့ တုန်းကစပြီး ပိတ်ဆို့ မှုတွေပြုလုပ်ထားပါတယ်။
ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ်က အခုအပတ်အတွင်း ၀န်ကြီးချုပ်ရုံးကို ၀င်ရောက်လာပြီး အလုပ်မလုပ်ဘူးဆိုရင် နောက်ဘယ်တော့မှာ ၀င်လို့ ရတော့မှာမဟုတ်ပဲ အာဏာလက်လွတ်ရလိမ့်မယ်လို့  မြန်မာနိုင်ငံက အကြားအမြင်ဟောသူ အီတီက ၀န်ကြီးချုပ်ယင့်လတ်ခ်ရဲ့ အကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်းထပ်စင် ချင်န၀ပ်ကို ဟောထားတယ်။ ဒါကြောင့် ၀န်ကြီးချုပ်ယင့်လတ်ခ်က အခုအပတ်ထဲမှာ ၀န်ကြီးချုပ်ရုံးကို မဖြစ်မနေ ၀င်ဖို့ ကို အကိုဖြစ်သူက မှာကြားထားတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုနေကြပါတယ်။

No comments: