Thursday, February 27, 2014

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ဟာ တာဝန်မဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စွဲဆိုထားတဲ့ ကြားနာစစ်ဆေးမှုကို တက်ရောက်ဖို့ သူမရဲ့ ရှေ့နေတွေကို စေလွှတ်ခဲ့

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ဟာ တာဝန်မဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ကနေ စွဲဆိုထားတဲ့ ကြားနာစစ်ဆေးမှုကို တက်ရောက်ဖို့ သူမရဲ့ ရှေ့နေတွေကို စေလွှတ်ခဲ့ပါတယ်။
အဲဒီ စစ်ဆေးမှုကို မလုပ်ဖြစ်အောင် တားဆီးဖို့ ကြိုးစားတဲ့ အနေနဲ့ ဝန်ကြီးချုပ်ကို ထောက်ခံသူ အယောက် ၃၀၀ လောက်ကလည်း ဘန်ကောက်မြို့ပေါ်က ကော်မရှင် ရုံးခန်းကို ဝိုင်းထားခဲ့ကြပါသေးတယ်။

ဘန်ကောက်မြို့ပေါ်မှာ ဒီတစ်ပတ်အတွင်း ဝန်ကြီးချုပ်အပေါ် ထောက်ခံသူတွေနဲ့ အစိုးရ ဆန့်ကျင်ရေး သမားတွေအကြား အကြမ်းဖက်မှုတွေ တိုးမြင့်လာခဲ့တဲ့နောက် ဝန်ကြီးချုပ်ဟာ မြို့တော်ကနေ သူမရဲ့ အမာခံနယ်ဖြစ်တဲ့ မြောက်ပိုင်းကို ထွက်ခွာသွားခဲ့ပါတယ်။

အစိုးရ ဆန်ဝယ်ဈေးနှုန်းကို ပေါက်ဈေးထက် ပိုမို သတ်မှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်နေရာမှာ ယင်လပ် ရှင်နာဝပ်က သူမအနေနဲ့ ဘာအမှားမှ မကျူးလွန်ခဲ့ဘူးလို့ စွပ်စွဲမှုတွေအပေါ် ငြင်းဆို ထားပါတယ်။

အစိုးရက ဆန်ကို ပေါက်ဈေးထက် ပိုမို သတ်မှတ်ခဲ့တာဟာ မြောက်ပိုင်း တောနယ်အရပ်မှာ ဝန်ကြီးချုပ်နဲ့ သူ့မိသားစုရဲ့ သြဇာကို ပိုမို ခိုင်မြဲစေခဲ့ပါတယ်။ တကယ်လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်မှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်နိုင်မယ်ဆိုရင် ဝန်ကြီးချုပ်ဟာ ရာထူးကနေ ဖယ်ရှားခံရနိုင်ပါတယ်။

ပုံစာ- ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးရှေ့မှာ ဆန္ဒပြနေတဲ့ ယင်လပ်ကို ထောက်ခံသူတစ်ဦး။

http://www.bbc.co.uk/burmese/world/2014/02/140227_thai_pm_corruption.shtml

No comments: