Monday, February 24, 2014

ဒေါ်အောင်ဆန်းစုကြည် ပြောကြား သော ပြည်ထောင်စု စိတ်ဓာတ်



ဒေါ်အောင်ဆန်းစုကြည် ပြောကြား သော ပြည်ထောင်စု စိတ်ဓာတ်
************************************************

နေပြည်တော်ရှိ MICC ခန်းတွင် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ က ကျင်းပပြုလုပ်သော (၆၆) နှစ်ပြည် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု စိတ်ဓာတ်နဲ့ ပက်သက်၍ ယခုလို ပြောကြားခဲ့ပါတယ်

" ကျွန်မတို့  ဟာ ပြည်နယ်သူ ပြည်နယ်သားများရဲ့ အသံကို အဓိက နားထောင်ပြီးတော့ လိုအပ်ချက်တွေ ဘာရှိလဲဆိုတာ ကို ကျွန်မတို့  လေ့လာရပါတယ်၊ နောက်ဆုံးကျတော့ ဒီဖွံ့ ဖြိုးရေးနဲ့  ပက်သက်လို့ လိုအပ်ချက်တွေ ဘယ်နေရာပဲ သွားသွား တစ်တိုင်းပြည်လုံးမှာ တူတူပါပဲ၊ ကျွန်မတို့ ဖွံ့ ဖြိုးရေး လိုချင်တဲ့လူထုဟာ ဘယ်မှာမဆို တူတူပါပဲ၊။ အဲ့ဒါကြောင့်မို့ လို့  ပြည်ထောင်စုစိတ်ဓာတ်ဆိုတာဟာ ကျွန်မတို့  အားလုံးရဲ့ လိုအပ်ချက်တွေပေါ်မှာလည်း အခြေခံရမယ်၊ ကျွန်မတို့ အားလုံးရဲ့  မျှော်မှန်းချက်တွေပေါ်မှာလည်း အခြေခံရမယ်၊ ကျွန်မတို့ အားလုံးရဲ့  ကြိုးပမ်းမှုတွေပေါ်မှာလည်း အခြေခံရမယ်၊ ဒီလို ကျွန်မတို့  က လိုအပ်ချက်ချင်းတူမယ်၊ မျှော်လင့်ချက်ချင်း တူမယ်၊ ကြိုးပမ်းမှုချင်းတူမယ် ဆိုလို့ ရှိရင် ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို မလွှဲမသွေ ရောက်မှာဖြစ်ပါတယ်။"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်မှ

" မတူကွဲပြားမှုဆိုတာ ကြောက်စရာ မဟုတ်ပါဘူး မတူကွဲပြားမှုဆိုတာ အင်အားပါပဲ၊ ဒီမတူကွဲပြားမှုကို စုပြီးတော့ ကျွန်မတို့ ဟာ အင်အားဖြစ်အောင်လို့  လုပ်နိုင်မယ်ဆိုရင် ကျွန်မတို့ ပြည်ထောင်စုကြီးဟာ လိုချင်တဲ့ပုံစံ ဖြစ်လာမှာပါ၊ ဒါကြောင့် ကျွန်မတို့ တိုင်းရင်းသူ တိုင်းရင်းသား အားလုံးဟာ ဒီမတူကွဲပြားမှုများ ကိုယ့်ရဲ့  ယဉ်ကျေးမှု၊ ကိုယ်ရဲ့ အစဉ်အလာများကို ထိန်းသိမ်းထားတဲ့ တစ်ချိန်တည်းမှာပဲ ဒီမတူကွဲပြားမှုတွေကို ညီညွတ်တဲ့ အင်အားဖြစ်လာအောင် ဘယ်လိုလုပ်မလဲဆိုတာ ကျွန်မတို့ အားလုံးစဉ်းစားပြီးတော့ ဆောင်ရွက်မယ် ဆိုလို့ ရှိရင် မလွှဲမသွေအောင်မြင်မယ်လို့  ယုံကြည်ပါတယ်။ "

လို့  ပြောကြားခဲ့ပါသည်။

(NLD Chairperson's Office)

No comments: