

"သူတောင်းစား ကဗျာ"
=-=-=-=-=-=-=-=-=-=
သနားကြပါ ခင်ဗျား သနားကြပါခင်ဗျား
ပိုက်ဆံလေးနဲနဲလောက် စွန့်ကျဲကြပါခင်ဗျာ
လမ်းတကာလှည့်အော် ရင်း
သူတောင်းစားဟာ တောင်းခံနေတယ်။
အကိုကြီး အမကြီးတို့ရေ
ထမင်းကျန် ဟင်းကျန်လေးများ ရှိရင် စွန့်ကျဲကြပါ
က လေး သူတောင်းစားတွေတောင်းခံနေတယ်။
ကျွန်တော် ဟာ အိမ်ခြေမဲ့ပါ နေစရာနဲ့စားစရာ
ကူညီပေးပါ(စာပြားကိုလည်မှာချိတ်)
အိမ်ခြေမဲ့တွေတောင်းခံနေတယ်။
အမိနဲ့အဘ ကိုပေးပါ ညီအစ်ကိုမောင် နှမတွေကို
ပေးပါ - ပြီးတော့ အိမ်ကိုပေးပါ
မိဘမဲ့ ဂေဟာက က လေးတွေတောင်းခံနေတယ်။
ဘီးတပ်ကုလားထိုင် ကို ပေးပါ
ထွေးခံကိုပေးပါ စိတ်ပုတီးကိုပေးပါ
ပြီးတော့ အိမ်ကိုပြန်ပေးပါ
လူအိုရုံက အဖိုးကြီးအဖွားကြီးတွေတောင်းခံနေတယ်။
စာသင်ကျောင်းရယ် သူငယ်ချင်းတွေရယ်
ကစားကွင်းရယ် ပေးပါ
လမ်းပေါ်က က လေး လေးတွေ တောင်းခံနေတယ်။
မှန်ကန်တဲ့ပညာရေးရယ် ကောင်းမွန်တဲ့ ဆရာ
ဆရာမ တွေရယ် စိတ်ချရတဲ့ ကစားစရာနဲ့
စားစရာရယ် ပေးပါ
စာသင်ကျောင်းက က လေးတွေတောင်းခံနေတယ်။
အိမ် ရယ် ခြံရယ် မြေရယ် အလုပ်အကိုင်ကောင်း
တစ်ခုရယ် ဇနီးမိန်မရယ် သားသမီးရယ် ပေးပါ
ကျန်းမာသန်စွမ်းတဲ့ အရွယ်ကောင်းအမျိုးသားကြီးတွေ
တောင်းခံနေတယ်။
ကျွန်တော့ကို အလုပ်အကိုင် တစ်ခုခုပေးပါ
ဘွဲ့ရပြီး သင် တန်းပြီးဆုံးပြီးတဲ့
လူငယ်တွေတောင်းခံနေတယ်။
လုံလောက်တဲ့လစာ ထိုက်တန်တဲ့လုပ်အားခ
ရသင့်တဲ့အခွင့်အ ရေးနဲ့ လုပ်ငန်းခွင် လုံခြုံစိတ်ချရမှု ပေးပါ
ဝန်ထမ်း နဲ့အလုပ်သမားတွေတောင်းခံနေတယ်။
အ ကောက်အခွန် ရယ် လ္ဘက် ရည် ဖိုးရယ်
ကန်တော့ခံပစ္စည်းရယ် လက်ဆောင် ပဏ္ဍာရယ်
ခပ် ရှင်းရှင်းပဲ ငွေသားအထပ်လိုက်ရယ်
တိုင်းပြည် သယံဇာတ တွေရယ်ပေးပါ
အုပ်ချုပ်သူ အစိုးရအဖွဲ့တွေ တောင်းခံနေတယ်။
လွတ်လပ်မှု တရားမျှတမှု နဲ့ ငြိမ်းချမ်းမှု ပေးပါ
နိုင် ငံ တကာက တောင်းခံနေတယ်။
သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းကာကွယ်ပေးပါ
လူသားတချို့က လူအများစုထံက နေတောင်းခံနေတယ်။
တိရစ္ဆာန်တွေကို
စမ်းသပ်မှု နှိပ်စက်ညှင်းပန်းမှုနဲ့ သတ်ဖြတ်မှုမှ
ကာကွယ်တားဆီးပေးပါ လူသားတချို့က
လူအများစုထံက နေတောင်းခံနေတယ်။
အစာရေစာ နေစရာ ပြနါလည်ထူထောင်ရေးနဲ့
ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေကိုပေးပါ
ကပ်ဘေးဆိုက် ဒုက္ခသည်တွေ တောင်းခံနေတယ်။
သစ်ပင် ပန်းမန် တိရိစ္ဆာန် ရေ မြေ တော တောင် နဲ့
မိုးကောင်းကင် ကို စောင့်ရှောက်ကာကွယ်ပေးပါ
ကမ္ဘာကြီးက တောင်းခံနေတယ်။
အရှင်…ကျွန်ုပ် ဘဝကို လမ်းပြကူညီပါ
ဘုရားကျောင်း အမျိုးမျိုးထဲက လူအမျိုးမျိုး
ဘုရား အမျိုးမျိုးထံမှာ တောင်းခံနေတယ်။
တောင်းခံနေတယ်………တောင်းခံနေတယ်…
တောင်းခံနေတယ်………တောင်းခံနေတယ်…
လူသားတွေဟာဘဝထံမှာ ပြည့်စုံချမ်းသာမှုကို
တောင်းခံနေတယ် ဘဝ တွေဟာ လောကထံမှ
အဓိပ္ပါယ်ကို တောင်းခံနေတယ်။
အားလုံးရဲ့ကိုယ်စား
ကျွန်တော်က တောင်းခံပါတယ်
သနားကြပါ ခင် ဗျာ သနားကြပါ ခင် ဗျာ။ ။
မူရင်း- မောင်ယုပိုင်(မြိတ်)
21- 2 - 2014(11:30)PM်
No comments:
Post a Comment