Tuesday, February 18, 2014

** သမိုင်းကပြောတယ် သမိုင်းမသေဘူးတဲ့ **



သမိုင်းကို မသတ်နဲ့
သမိုင်းကို မဖျောက်နဲ့
သမိုင်းကို မဖျတ်နဲ့
သမိုင်းကို မပယ်နဲ့
သမိုင်းကို မမေ့နဲ့
ဒီကကြောင်းတွေကို ပြန်ပြောင်းပြောမယ်
မမေ့နဲ့ မမေ့နဲ့ ၊

မရှိမဖြစ်တာ သမိုင်း
ဖျက်သိမ်းမရတာ သမိုင်း
လူသားတို့ရေးတဲ့ သမိုင်း
လူထုအုံကြွမှု့ကြီးစတင်ခဲ့သော သမိုင်း
အင်းယားကန်ဘောင်ဆီက သမိုင်း

သမိုင်း အဲဒီသမိုင်း
နှစ်ပေါင်းနှစ်ဆယ်ကျော်
ပျောက်ကွယ်နေတဲ့ သမိုင်း
အဓိပတိဆောင်တဲ့ သမိုင်း
သမိုင်းကပြောသော သမိုင်း
သွေးနဲ့ရေးသော သမိုင်း

ဟောဒီမှာ
သမိုင်းကိုရေးမယ့် ခေတ်
ခေတ်ကိုရေးတဲ့ သမိုင်း
မသေတဲ့ သမိုင်း မသေသော သမိုင်း
မကောက်တာ သမိုင်း ဥဒါန်းမကြေတာ သမိုင်း
အဲဒါ ကျုပ်တို့ရဲ့ မဟာတော်လှန်ရေးသမိုင်း
ဒေါင်းအလံမှသည် စတင်ခဲ့လေသော သမိုင်း
ဘကြီးမှိုင်းတို့ရဲ့ သမိုင်းမြစ်ထဲကသမိုင်း

အဲဒီသမိုင်းကို လာမသတ်နဲ့
အဲဒီသမိုင်းကို ဖျက်ဖို့မကြံနဲ့
သမိုင်းကိုဖျောက်လို့ သမိုင်းတွေကြောက်သလား
သမိုင်းကို သတ်ကြည့်
သမိုင်းဆိုတာ မသေဘူးဟေ့

ကိုင်း ခင်ဗျားတို့ ရေးချင်တဲ့သမိုင်း
ဆက်ရေးလိုက်စမ်း
သမိုင်းကို မလိမ်နဲ့ သမိုင်းကိုမသတ်နဲ့
သမိုင်းကို မဖျက်နဲ့ သမိုင်းကို မဖျောက်နဲ့
သမိုင်းကို မမေ့နဲ့ ။ ။ ။

တာရာငြိမ်းချမ်း

No comments: