Friday, February 28, 2014

အရေပြားသုတေသန

ဖွဲ့စည်းပုံ အခြေခံဥပ ဒေ ပြင်ဆင်ရေးအတွက် ဟူသော အကြောင်းပြ
ချက်ဖြင့် လူထုကို လမ်းမပေါ် ရောက် လာစေခဲ့သည်။နိုင်ငံရေး အကျဉ်သားကိစ္စဖြင့် ထူထုကို လူထုကို လမ်းမပေါ်ရောက် စေခဲ့ပြီ။
၁၉၈၈ ကလို လူထုက လှုပ်လှုပ်ရှားရှားဖြစ် မလာ။၅၉ ကိုရော ၁၈ ကိုပါ လူထုက ရင်မခုန်တော့ချေ။လူထုက အပြောင်းအလဲတစ် ခုကို အမှန်တစ်ကယ်မြင်ချင် နေကြသည်။ဘယ်သူယူလာ လာ သူတို့မြင်ချင်တာ သေချာသော အပြောင်း အလဲဖြစ်နေသည်။
လူထုကို ပြန်ခိုင်းသောလူထုကို ပြန်ပြီး တာဝန်ပေးသော အပြောင်းအလဲ ဟုတ်ဟန်မတူတော့ချေ။
ကိုဇာဂနာ ရေးတဲ့
အရေပြားသုတေသန
================================
(၁)

တစ်နေ့က နိုင်ငံခြား ခရီးသည်တင် ဘတ်စ်ကား တစ်စင်း ဒေါ်အောင်ဆန်း
စု ကြည် အိမ်ရှေ့မှာရပ်ထား သည်။ဧည့်လမ်းညွှန်က ဦး ဆောင်ပြီး
နိုင်ငံခြားခရီးသည် များကို ဓာတ်ပုံရိုက်စေသည်။ ခြံဝင်းတံခါးကို
ကျောခိုင်းပြီး ဓာတ်ပုံရိုက်နေကြတော့သည်။တက္ကသိုလ်ရိပ်သာ လမ်းမ ပေါ်မှာ တဖျပ်ဖျပ်။လွန်ခဲ့ သော ၅ နှစ်ခန့်က ထိုနေရာ ကို လမ်းဖြတ်လျောက်ဖို့ တောင်မဖြစ်နိုင်။ခုဘယ်သူ လာလာဖြစ်နေသော
အချိန်မှာ ဒီဓာတ်ပုံတွေက မြန်မာပြည် ကြီး အပြောင်းအလဲဖြစ်နေပြီ
ဟု ဆိုကြတော့လေမလား။

တစ်နေ့က လူ့အခွင့်အ ရေး တာဝန်ခံ သောမတ်အို ဟေးကင်တာနားက ၈၈ ငြိမ်း ပွင့်ရုံးခန်းထဲမှာ လာစကား ပြောသွားသည်။ငြိမ်းပွင့် ရုံးခန်းရှေ့မှာ သတင်း ထောက်တွေရော တွေပါခြေ ချင်းထပ်။မီးရောင်တစ် ဖျပ် ဖျပ်။လွန်ခဲ့သော ၅ နှစ်ခန့်က ဒီနေရာမှာ ရှစ်ဆယ့်ရှစ်လို့တောင် ကျယ်ကျယ်လောင်ျလောင်ပြောဖို့မဖြစ်နိုင်ခဲ့။ခု ဒီလိုတွေ့ဆုံနေသည့် ဓာတ်ပုံ က မြန်မာပြည်ကြီး ပြောင်းလဲ သွားပြီဟု ဖော်ညွှန်း
နေလေ သလား။

မြန်မာပြည်မှာ လက်တလော ဘာစီးပွားရေးတွေ လုပ်လို့ အကောင်းဆုံး
ဖြစ်နေ သလဲဆိုတာကို နိုင်ငံခြားသားတိုင်းမေးလေ့ရှိတယ်။
ဘယ်နေရာမှာ ရင်းနှီမြှုပ်နှံ သင့်သလဲဆိုတာ နိုင်ငံခြားသားတိုင်း
လေ့လာလေ့ရှိကြ တယ်။အီးယူကလည်း လေ့ လာရေးအဖွဲ့တွေလွှတ်၊
အမေရိကားကလည်း စစ် တမ်းကောက်မည့်အဖွဲ့တွေ လွှတ်ထားသည်။
လပိုင်း အတွင်းမှာပင် အော်ရေဒူးနှင့် တယ်လီနော ဖုန်းကဒ်တွေနှင့်
ပြောကြရတော့မည်။လွန်ခဲ့ သော ၅ နှစ်ခန့်က လက်ကိုင် ဖုန်းဆိုတာ အယောင်ဆောင် လိုဖြစ်ခဲ့သော မြန်မာပြည်ကြီး တကယ်ပြောင်းလဲ
သွားပြီဟု ပြောလို့ရလေပြီလား။

၁၉၆၉ ခုနှစ်က နောက်ဆုံးရောက်လာခဲ့သော အရှေ့တောင်အာရှ
အားက စားပွဲကြီးကို ၄၄ နှစ်အကြာ မှ တစ်ခါပြန်ဆုံလိုက်ရသည်။ ယခုထက်ထိ ဟိုတယ်၊ အခန်း ခတွေ မရသေးဘူး၊ တောင်း နေရဆဲပင်၊ လူငယ်စာရေးဆ ရာ လင်းသိုက်ညွန့်က ကိုမင်းကိုနိုင်တို့ ကိုဇာဂနာတို့ စာပေဟောပြောပွဲတွေမှာ ဟောနေပြောနေကြတာကို ဒါဟာ တိုင်းပြည်ပြောင်းလဲ တာပဲပေါ့ဟု မှတ်ချက်ပြု သည်။

၁၉၈၈ ခုနှစ်မှာ နှစ်နှစ် သားသာရှိသေးသော လူငယ် လေးတစ်ယောက်
ကို ပြစ်တင် စကားမဆိုချင်။သို့သော် ၁၉၇၄ ခုနှစ်ကတည်းက ဇာဂနာစာပေဟောပြောပွဲတွေ ဟောနေခဲ့တာတွေကို ထိုလူ ငယ်
သိဟန်မတူ။ စာပေ ဟောပြောပွဲနှင့် တိုင်းပြည် အပြောင်းအလဲကို
ဆက်စပ် မရနိုင်။ပျော်ဘွယ်စာပေနှင့် မြောက်ဥက္ကလာစာပေပွဲတို့က သက်သေပြလိုက်ပြီ။ကိုမြ အေးကို စင်ပေါ်တက်မဟော ရဆိုပြီး ဘုန်းကြီးတွေကတား ဆီးသည်ဆို၏။ဒါတွေက ပွင့် လင်းလာသည်ဟု ဆိုရမှာတဲ့ လား။ဇာတ်ညွှန်းလား။ရှစ်ဆယ့်ရှစ် ငြိမ်းပွင့်အဖွဲ့ ဘယ်လို
တုံ့ပြန်မည်နည်း။ ကို ဘုန်ကြီးတွေနှင့်တည်ပေးထား ပေးခဲ့ဖူးပြီ။
ခုတစ်ခါ ရှစ်ပူးဖက် လှည့်လာချေပြီ။

ဖွဲ့စည်းပုံ အခြေခံဥပ ဒေ ပြင်ဆင်ရေးအတွက် ဟူသော အကြောင်းပြ
ချက်ဖြင့် လူထုကို လမ်းမပေါ် ရောက် လာစေခဲ့သည်။နိုင်ငံရေး အကျဉ်သားကိစ္စဖြင့် ထူထုကို လူထုကို လမ်းမပေါ်ရောက် စေခဲ့ပြီ။
၁၉၈၈ ကလို လူထုက လှုပ်လှုပ်ရှားရှားဖြစ် မလာ။၅၉ ကိုရော ၁၈ ကိုပါ လူထုက ရင်မခုန်တော့ချေ။လူထုက အပြောင်းအလဲတစ် ခုကို အမှန်တစ်ကယ်မြင်ချင် နေကြသည်။ဘယ်သူယူလာ လာ သူတို့မြင်ချင်တာ သေချာသော အပြောင်း အလဲဖြစ်နေသည်။
လူထုကို ပြန်ခိုင်းသောလူထုကို ပြန်ပြီး တာဝန်ပေးသော အပြောင်းအလဲ ဟုတ်ဟန်မတူတော့ချေ။

၂၀၁၂ခုနှစ် နှစ်အစမှာ တက်ကြွ ထောင်ထခဲ့သော နိုင်ငံရေး
အဖျားတက်ရှိန်က ၂၀၁၄ ခုနှစ် နှစ်အစမှာ ထိုး ကျသွားလေပြီ။
ပွဲလမ်းသဘင် တွေနှင့် အချိန်တွေကုန်ခဲ့ သော အတိုက်အခံနိုင်ငံရေး အင်အားစုတွေ ပွဲပန်းချေပြီ။ စကားလုံးတွေလည်း အငွေ့ ပျံကုန်ပြီ။
ရေရှည်တိုက်ပွဲအ တွက် သက်လုံလို၏။ခွန်အား လို၏။ပြန်လည်
ဖြည့်တင်းဖို့လို ၏။မြင်သာသောအစီအမံ တွေကိုမတွေ့ရချေ။

သိန်းတန် (မြန်မာပြည်) သီချင်းလို မျှော်သာမျှော်သည် မယုံကြည်
ဖြစ်လာကြသည်။မြန်မာ့နိုင်ငံရေးသည် ဖေ့စ်ဘွတ်ခ်ပေါ်က ဂယက် ဖြစ်သွားသည်။ဗျူဟာအခင်း အကျင်းတွေမတွေ့ကြရတော့
ပြည်သူက ဘာကိုယုံလို့ယုံရ မှန်းမသိတော့။ အိမ်ကွင်း အဝေးကွင်း ဘယ်ကွင်းမှာမှ ခြေစွမ်းမပြနိုင်လျင် နည်းပြ ကို အပြစ်တင်ရမည်လား။ ကစားသမားကို အပြစ်တင်ရ မည်လား။မြန်မာပြည်သူပြည် သားများ
သည်အရှေ့တောင် အာရှအားကစားပွဲကြီးမှာ မြန်မာဘောလုံးအသင်း
ကောင်းကောင်းကြီး ရှုံးနိမ့်ခဲ့ တာကို ခါးခါးသီးသီး ခံထား ရရှာဖူးပြီ။

၂၀၁၅ကို မြန်မာပြည် ၏ အပြောင်းအလဲတစ်ခုကို မျှော်ပြီး စောင့်နေ
ခဲ့သူများ များများလွန်းနေသည်။ ၂၀၁၅ ကျမှ အလုပ်စမည့်သူ တွေ
လည်းများလွန်၏။ကြေ ငြာချက်တွေ ပလုံစီနေသော မြန်မာနိုင်ငံရေးကို မှန်မှန် ကန်ကန်ဆန်းစစ်ဖို့လိုလာပြီ။ပြည်သူက ဘာတွေလုပ်မည် ဆိုတာကိုပဲ သိချင်နေသည်။လူနာနှင့်ဆေးကားခုထိမတည့် သေး။
ဘယ်ဆေးဆရာကမှ လည်း ဆေးမဖော်နိုင်ကြ သေး။

အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေက တစ်ခွန်းပြော လိုက်၊ ပြည်သူတွေရော
နိုင်ငံ ရေးသမားတွေကပါ ၀န်ကြီး စကားနောက် လိုက်ပါသွား ကြ၏။
လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်က တစ် ခွန်းပြောလိုက်
ပြည်သူတွေ ရော နိုင်ငံရေးသမားတွေပါ အဲဒီနောက်လိုက်ပါသွားပြန်သည်။

တကယ်တော့ ကျွန် တော်တို့ အတိုက်အခံတွေဖက်မှာ သေချာ
တိကျသော

၁။လုပ်ငန်းစဉ်
၂။ဗျူဟာ
၃။ရည်မှန်းချက်နှင့်
၎။အချိန်ကာလသတ် မှတ်မှုမျိုး မတွေ့ရသေးချေ။

ကြေငြာချက်တွေ ပူးတွဲ ကြေငြာချက်တွေသာ အလျှံ ပယ်နေ၏။ ရလာဒ်ကို ဦးတည်သော အဖြေစစ်စစ် မတွေ့ရသေး။တိုင်းသူပြည်သား
တွေက အဖြေမထွက် တာမျိုးမကြိုက်တော့ချေ။ စောင့်ခဲ့ရတာ ကြာပြီ။ ပွဲ တွေကိုလည်း ခွာလာကြပြီ။ ရန်ပုံငွေပွဲတွေမှာ ပရိတ်သတ် ပါဝင်မှု
လျော့နည်းလာတာ သတိပြုဖို့လိုလာပါပြီ။

ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးဖြစ်စဉ်၊ အသွင်ကူး ပြောင်းရေးဖြစ်စဉ်၊ တင်းကျပ် မှုဖြေလျော့သည့်ဖြစ်စဉ်များ တွင် အတိုက်ခံနိုင်ငံရေးသ မားတို့၏ ပါဝင်မှုအောင်မြင် မှုကို ဒီနေ့ထိ သဲသဲကွဲကွဲမ တွေ့ရသေး။
ကိုယ့်ပြိုင်ဘက် တွေ ဆင်သည့်ခွင်ထဲမှာသာ ၀င်ပြီးကနေကြတာ
တွေ့ရတယ်။ပြိုင်ဘက်ရွှေ့သည့် အကွက် ထဲမှာသာလိုက်ကစား
နေရ သည်။သတိပြုဖို့ကောင်း သည်က ပြည်သူတို့၏ မျှော် လင့်ချက်၊ ယုံကြည်ချက်မ ကွယ်ပျောက်စေလိုခြင်းပင်။ စကားအရသာလှသော ကိုယ်လိုချင်ကိုယ်တိုင်လုပ် ဟူ သည်မှာ ယနေ့မြန်မာပြည်သူ များနှင့် လားလားမှမအပ်စပ် တော့။ ပြည်သူကခေါင်း ဆောင်တွေကို
မျှော်နေကြ သည်။ခေါင်းဆောင်တွေက ဘာတစ်ခုမှ သေချာသော
လုပ်ရပ် လုပ်မပြနိုင်ကြသေး။ ပြည်သူ၏ မျှော်ကိုးမှုကို တန်ဖိုး
ထားကြစေချင်သည်။ ဆန်ရင်းနာနာဖွတ်ဟူသော စကားနှင့်အညီ
ကိုယ်ပေါင်ကိုယ် လှန်ထောင်ရသော် ကျွန် တော်တို့ဖက်မှာ ဗျူဟာ
မရှိလို့ဟု တည့်တည့်စွပ်စွဲရ တော့မည်။
သည်တော့ဒီစာ ဖြင့် မေတ္တာဖြင့် ရပ်ခံလိုပါ သည်။

အဝေးကွင်းရော အိမ် ကွင်းပါ မျက်နှာပန်းလှစေဖို့

၁။ သိသိသာသာ အ ဖြေထွက်သည့် လုပ်ရပ်တစ်ခုကို လုပ်ပြခြင်း၊ ပြီးဆုံးအောင် မြင်အောင် တာဝန်ယူခြင်းြ့ဖင့် ပြည်သူကို
ဝမ်းမြောက်ခွင့် ပေးနိုင်ကြပါစေ။

၂။ ဘက်စုံလေ့လာ ခြင်း၊ အကျယ်အပြန့်သုံးသပ်ခြင်းဖြင့်
ပွဲမပန်ပဲ အမြဲလန်း နိုင်ကြပါစေ။

၃။ ဖြစ်နိုင်ခြေရှိသည် များကို ကြိုတင်ပြင်ဆင်ခြင်း အားဖြင့် အမြဲတစေအဆင် သင့် ဖြစ်နိုင်ကြပါစေလို့ စေတနာ ရှေ့ထား
စာလွှာပါး လိုက်ရပါတော့သည်။

ဇာဂနာ
( Tomorrow သတင်းဂျာနယ်မှဆောင်းပါး )

No comments: