Thursday, February 20, 2014

အခြေခံဥပဒေအရ ပါဝင်နေရသည့်တပ်မတော် မလိုအပ်ပါက ပါဝင်တော့မည်မဟုတ်ဟုဆို



စိုင်းလမင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
တပ်မတော်အနေဖြင့် ဒီမိုကရေစီဘောင်အတွင်း ပါဝင်နေခြင်းသည် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရဖြစ်၍ မလိုအပ်ပါက ပါဝင်တော့မည် မဟုတ်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မူးကြီး စောရွှေက ယနေ့ဖေဖော်ဝါရီ(၂၀)ရက် လွှတ်တော်အတွင်း၌ သတင်းထောက်များနင့် တွေ့ ဆုံစဉ် ပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းက ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မူ
ကော်မတီသို ပေးပို့သည့် ကော်မတီလုပ်ငန်းဆိုင်ရာ အခြေခံမူတွင် တပ်မတော်၏ လက်ရှိပါဝင်မူ အခန်းကဏ္ဍကို

ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိစေနိုင်သည့် နည်းလမ်းများကို လေ့လာသုံးသပ်ရန်ဆိုသည့် အချက်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမူအပေါ် ယင်းက
ပြန်လည်ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ အမှန်တိုင်းပြောရရင်တော့ ဒါကျွန်တော်တို့ပါဝင်နေတယ်ဆိုတာကလဲ ဒါဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါဝင်နေတာ။ မလိုဘူးဆိုတော့လည်း မပါဝင်ဘူးပေါ့၊ လိုအပ်လို့ပါဝင်နေတာပေါ့”ဟု ဒုတိယဗိုလ်မူးကြီး
စောရွှေက ပြောသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အရပ်ရပ်၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅% ရွေးကောက်ခံမဟုတ်ဘဲ ပါဝင်ခွင့်ရရှိထားသည်။

Popular Myanmar News Journal

No comments: