''အဲသည့်အကောင်
မျက်နှာကြီးရာဟင်းဖတ်ပါချင်တဲ့ အကောင်ပဲ'' ဟုပြောသူက သြဇာအရှိန်အဝါကြီးသူ၊
ဓနငွေကြေး ကြွယ်ဝသူ၏အလိုကို လိုက်လျောရန်အသင့်ရှိနေတတ်သည့်
အဖားအလျားကောင်းသူကိုရည်ညွှန်းပါသည်။
'တော်တော်ဖားတဲ့ကောင်'ဟုပြောလိုက်လျှင်လည်းကိစ္စ ပြီးပါ သည်။
ပုထုဇဉ်များပီပီ 'အဖားခံရ ခြင်း' ၌မွေ့လျော်သာယာတတ်ကြသည်။
အိမ်ကြီးရှင်သူဌေးမင်းကို အိမ်ဖော်အစေခံက ဖော်လံဖား
ဆက်ဆံခြင်းကိုမဆိုနှင့်။ ကယ်ပါသူတောင်းစားပင်လျှင်သူ၏တဲကုပ်မှာ
မှီခိုနေထိုင်သောခွေးဝဲစား ကလေးကအမြီးနှံ့၍ဖားခြင်းကိုကျေနပ်
ပီတိဖြစ်ပေလိမ့်မည်။ အလှူအကျွေးအမွေးပွဲတွင်
ဂုဏ်ရှိန်မြင့်သူ၏ဟင်းခွက်ထဲသို့ဟင်းလိုက်ပွဲဖြည့်ဆည်းသူက အသားဖတ်များများ
ပါအောင် ဂရုတစိုက် ထည့်ပေးခြင်းသည် (မျက်နှာကြီး ရာ ဟင်းဖတ်ပါခြင်း)
ပင်ဖြစ်သည်။ အလွယ်ပြောသော် ဖားခြင်းဟူလို။
ဖားခြင်းသည်အဖားခံရသူကျေနပ်သလို ဖားသူအတွက်အဖားခံကမျက်နှာသာ အခွင့်အရေးပေးနိုင်ခြင်းကြောင့်ကောင်းသော အကျင့်ဟုမဆို
နိုင်ပြီလော။
ဝန်မင်း၏ ခြေသလုံးကို အစေအပါးကဖက်ပြီး
''ညောင်း တော်မူရင် ကျွန်တော်မျိုး နှိပ်နယ် ပေးပါရစေ'' ဟု ဖားလိုက်၏။ ဝန်
မင်းက ''အိမ်း- နှိပ်ပြီးရင် ငါစားလို့ မကုန်သေးတဲ့ ရွှေငှက်ပျောသီး ယူ
စားစေ'' ဟု အခွင့်အရေး ပေးလိုက် လေသည်။ အပေးအယူ ဘယ်က လောက်
အဆင်ပြေချောမွေ့ပါ သနည်း။ မျက်နှာကြီး ဝန်မင်းကို ဖားခြင်းအတွက် အစေအပါးမှာ
ဘာအပြစ်ရှိပါသနည်း။ သူတို့နှစ် ယောက်စလုံး ထူးထူးထွေထွေတော့ အပြစ်မရှိ။
ဝန်မင်းမှာ မာန တည်း ဟူသော အကုသိုလ်တရား၌ မွေ့ လျော်လိုက်သဖြင့် ငရဲသို့
ထိုးကျ သွားပါသည်။ အစေအပါးမှာ အ ခွင့်အရေး မျှော်ကိုးပြီး အလိုက်သိ တတ်
ဟန်ဆောင်သော မုသား အ ကုသိုလ်ကြောင့် ငရဲအိုးမှာ ဂျိုး (ချိုး)
ကပ်သွားပါသည်။
ဝန်မင်းရုံးတော်မှဆင်းလာသောအခါ
အစေအပါးကားဒရိုင်ဘာသည် ကားတံခါးကို အသင့်ဖွင့်ပေးသည့်ပြင် ခါးကလေးကိုပါ
ရို့ရို့ကလေး ညွှတ်ထားလေသည်။ ဝန်မင်းကားပေါ်ရှိ ဆိုဖာမှာထိုင်လိုက်စဉ်
အစေအပါးဒရိုင်ဘာက ဖုန်မရှိသောဝန်မင်း၏ခြေအစုံကို ဖုန်ရှိလေဟန် အဝတ်
စုတ်ဖြင့် ပွတ် သုတ်သန့်ရှင်းသည်။
''ဂန်းမသား တော်တော် ဖားတဲ့ကောင်
လိုတာထက်ပိုနေပြီ'' ဟု ဝန်မင်းကမြည်တွန်တောက်တီးလေသည်။ မျက်နှာကြီးကို
ဖားရာတွင် မျက်နှာ မရဘဲ ခြေထောက် ရတတ်ကြောင်းသတိချပ်ရန်လိုပေသေးသည်။
သို့သော် အဖားအလျား အပင့်အမြှောက်မကြိုက် သူမျက်နှာကြီးမှာ လူတစ် သန်းမှာ
တစ်ယောက်မျှသာ ရှိတတ်သည်။ မျက်နှာကြီးစဉ် အဖို့အဖားခံရ ခြင်းသည်
နတ်စည်းစိမ်နှင့်တူပေသည်။
''မျက်နှာကြီး အသုဘမို့ထင်တယ်။
ရေဝေးသုသာန်မှာ ပရိသတ်တွေ ကြိတ်ကြိတ်တိုးပဲ'' ဟုပြောလာသောအခါ ''ဒါပေါ့။
မျက်နှာကြီးအ သိုင်း အဝိုင်းက မျက်နှာကြီးတစ်ယောက်ဆိုတော့
မျက်နှာကြီးတွေကိုဖားတဲ့သူတွေပါ လိုက်ပို့ကြတာပေါ့''
ဟူသောဝေဖန်သံပေါ်လာသည်။မျက်နှာ ကြီးတစ်ယောက်မှာ သေသွားသည့်တိုင်မျက်နှာကြီး
နေဆဲဖြစ်ကြောင်းနားလည်ရမည်။
''ဟင်း- ကြည့်စမ်းပါဦး တော့။
အသုဘလိုက်ပို့တဲ့လူကလည်းခြောက်တီးခြောက်ကပ်နဲ့ နှစ်ယောက်နဲ့တစ်ပိုင်းပဲ
ရှိတယ်။ မျက်နှာမွဲ အသုဘနဲ့ တူပါရဲ့'' ဟု မှတ်ချက်ချတတ်သည်။
''ဟင်း- ကြည့်စမ်းပါဦးတော့။
အသုဘလိုက်ပို့တဲ့လူကလည်း ခြောက်တီးခြောက်ကပ်နဲ့ နှစ်ယောက်နဲ့တစ်ပိုင်းပဲ
ရှိတယ်။ မျက်နှာမွဲ အသုဘနဲ့ တူပါရဲ့'' ဟု မှတ်ချက်ချတတ်သည်။
မှန်သည်။ မျက်နှာမွဲ (ဝါ)
မျက်နှာငယ်ရသူကို ရှင်တုန်းကလည်း လူအများက ဂရုမစိုက်ကြပါ။ သေသွားတော့လည်း အ
မှိုက်တစ်စ လွင့်သွား သလိုဥပက္ခာ ပြုလိုက်ကြသည်။
စာရေးသူတို့ မြန်မာစာပေမှာ
သူဌေးကြေးပံ့ဟူသော ဆိုရိုးစကားတစ်ပုဒ်လည်း ရှိသေးသည်။
ငွေကြေးပြည့်စုံကြွယ်ဝနေသူ ကိုငွေကြေး ပံ့ပိုးခြင်းအားရှုတ်ချခြင်းဖြစ်သည်။
''ဒီအကောင် သူဌေးကြေးပံ့ လုပ်နေပြန်ပြီ။ သူ့အိမ်မှာအလျှံပယ်
စားသောက်နိုင်တဲ့သူကို ဟိုတယ်မှာခေါ် ပြီး ထမင်းကျွေးသတဲ့။
အလကားသူဌေးကြေးပံ့ငဖားကောင်''ခေတ်စကားဖြင့်ပြောရလျှင်တော့
သူဌေးကြေးပံ့သူမှာ ခရိုနီ- Crony တွေ များ ဖြစ်နေမလား မသိ။ ခရိုနီတွေကို
သူဌေးကြေးပံ့လုပ်သူ အောက်တန်းစား ငဖား အချို့လည်း ရှိကြပါသေးသည်။ သူ
တို့ကို ဘယ်လို နာ မည်ပေးရမှန်း မသိတော့ပါ။
''ဘယ်လိုမှ ခေါ်မနေနဲ့။ မျက်နှာကြီးရာ
ဟင်းဖတ်ပါတာ ဟာ လောကဓမ္မတာပဲ'' ဟု တစ်စုံ တစ်ဦးက စာရေးသူကို ဆုံးမပါ သည်။
သူ၏ ဆုံးမစကားကို လက် မခံနိုင်ပါ။ မရိုးသား မဖြောင့်မတ် ခြင်းကို
အားပေးထောက်ခံခြင်း မ ပြုလိုပါ။ ငဖားတွေကတော့ သူတို့ ၏ အရှက်မရှိ
မျက်နှာသွေးသပ် အပြောအဆိုတွေကို သတိပြုမိဟန်မရှိကြချေ။ခေတ်ဟောင်းသီချင်း
တစ်ပုဒ်တွင်ငွေ ရှာနိုင်သောယောက်ျား တစ်ယောက် အတွက် 'ယောက္ခမကြီးက
မျက်နှာချိုတယ်။ ကိုယ့်မယားက စေတနာပိုတယ်' ဟု ဖော်ထုတ်ပါသည်။ ထိုသီချင်း
စာသားက အကြွင်းမဲ့ အမှန်တရားတော့ မဟုတ်။ တည်ကြည်ဖြောင့်မတ်သော
ယောက္ခမမျိုးနှင့်တွေ့လျှင် ထိုငွေအရှာကောင်းသော သမက်အား ''ဟဲ့အကောင်၊
နင့်ငွေတွေက ထောင်စော်နံတယ်'' ဟု ပြောလာမှာ သေချာသည်။ ထိုအခါ သမက်ခမျာ
မျက်နှာကောင်း မရရှာတော့ဘဲ ဆင်ဖြူ့မျက်နှာ ဆင် မည်းမကြည့်ဝံ့ ဖြစ်သွားမည်။
''ငါတို့ဆရာမက မျက်နှာလိုက်တယ်ကွာ။
သူဌေးသား သမီးတွေကျ သိပ်မျက်နှာသာပေး တာပဲ။ အဲဒီတော့ ငါတို့လို
ငမွဲသားသမီးတွေ မျက်နှာ ငယ်ရတာ ပေါ့'' ဟု စာသင်သားကလေး တစ်ယောက်
ညည်းညူသံကို စာ ရေးသူ ကြားဖူးခဲ့သည်။
မျက်နှာလိုက်ခြင်းမှာ
ဘက်လိုက်ခြင်းဟုဆိုသော်
မမှားနိုင်။ငွေကြေးဓနပကာသနဘက်ကိုလိုက်ပါယိမ်းညွတ်ခြင်းကို မှားယွင်းသည်
ဟုပြောနိုင် ပါမည်လော။ငွေကို လူသား၏ သည်းခြေကြိုက်ပစ္စည်းဟု
ဆိုကြသည်မဟုတ်ပါလော။ ထို့ကြောင့်လည်းနိုင်ငံတော်၏ မျက်နှာကို မကြည့် ဘဲ
ငွေမျက်နှာကိုသာ ကြည့်သူတွေ ရိုက်သတ်လို့ မကုန်အောင် ပေါများနေခြင်း
ဖြစ်သည်။
ငွေမျက်နှာအပြင် လူပြိန်းတို့သည်
အဆောင်အယောင် ပကာသန၏ မျက်နှာကိုလည်းတငေးတမော ကြည့်တတ်ကြပါသေးသည်။ တစ်
ခါသော် ခမ်းနားသိုက်မြိုက်စွာကျင်းပနေသော အဒေါ်အရင်းဖြစ်သူ၏
ရှင်ပြုအလှူတော်မင်္ဂလာပွဲသို့ စာရေးသူသည်အိမ်နေရင်း ဝတ်သော
အဝတ်အစားများဖြင့် ခန့်ညားသားနားမှုကင်းမဲ့စွာ တက်ရောက်ခဲ့သည်။
စာရေးသူကိုကြည့်ပြီး အလှူရှင်သည် မသိမသာမျက်နှာပျက်နေခဲ့ ပါ သည်။
အလှူရှင်ရဲ့ တူ တော်မောင်က စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ပြီးလာရကောင်းလားဟု
ထုတ်မပြောရုံတစ်မည်သာရှိသည်။
''ဟေး- စာရေးဆရာကြီး စားပါကွ။
ကြက်သားတုံးကြီးတွေ ကိုင်ပစ်လိုက်စမ်းပါ'' ဟု ထမင်း ဝိုင်းတွေမှာ
စားပွဲထိုးနေသော အလှူရှင်၏ အိမ်နီး ချင်းတစ်ယောက် က စာရေးသူအနားကပ်ပြီး
''အလှူ လက်ဖက်နှင့်မျက်နှာလုပ်'' နေခဲ့ပါ သည်။
စိန်နားကပ်ကြီး တဝင်းဝင်းနှင့် စာရေးသူ၏
ညီမကတော့ ရွှေရောင်စိန်ရောင် ဖိတ်ဖိတ်လက် နေသော အလှူပွဲထဲမှာ မပြောင်မ
ရောင်နှင့် အနုတ်စုတ်ကုပ်စုတ်ဖြစ်နေသည့် စာရေးသူအား ကြည့်ပြီး
ငိုမဲ့မဲ့မျက်နှာထားဖြင့် ''ကောင်းကောင်းမွန်မွန် ဝတ်စားမလာဘူး လား။
အင်္ကျီကုပ်ပြဲ ပုဆိုးဖင်ပေါက် ကြီးနဲ့ သရုပ်ပျက်လိုက်တာ အစ် ကိုရယ်၊ ညီမတော့
ရှက်လွန်းလို့
ကိုယ့်မျက်နှာကိုယ် ဓားနဲ့လှီးပစ်
လိုက်ချင်တော့တာပဲ'' ဟု စာရေးသူအားနားပူနားဆာလုပ်ပါသည်။
''နင်မျက်နှာတင်မလှီးနဲ့ လည်ပင်း ပါ ဖြတ်ပစ်လိုက်ဟေ့'' ဟု စာရေးသူက
အငေါ်တူးခဲ့မိသည်ဟု ထင်ပါသည်။
''ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့'' ဟု
စကားပုံရှိသည်။ သီလဖြူစင်သူကို ဒုစရိုက်သမားက လိပ်ပြာသန့်သန့်ဖြင့်
မဆက်ဆံရဲဟု စာရေး သူ နားလည်သည်။ခေတ်ကာလကား ပြောင်းပြန်ဖြစ်နေသည်။
မျက်နှာပြောင်တိုက်နေသော ဒုစရိုက်သမား ဆင်မည်း မျက်နှာကိုသီလဖြူစင် သူတွေက
မကြည့်ဝံ့ကြဘဲ ရှေ့မျက်နှာ နောက်ထား၍ ဆင်မည်းတွေ အစားရှက်အားပိုနေရပါသည်။
ဒုစရိုက်သမားသည်
သူတော်စင်မျက်နှာဖုံးကြီးတပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်၍ လက်ထဲမှာ ကြာပွတ်
သို့မဟုတ် သံဆူးတင်းပုတ်ကြီးကို ကိုင်ထားတတ်ပါသည်။
သမာဓိမျက်နှာဖုံးကြီးနှင့် ပုဂ္ဂိုလ်ကြီး၏ မျက်နှာရိပ်မျက်နှာကဲကို
မျက်နှာမွဲတွေက မျက်နှာငယ်လေးတွေဖြင့် မော့ ကြည့်နေကြရရှာသည်။ မျက်နှာဖုံး
ရှင်ကြီး လောဘ၊ ဒေါသ၊ မောဟ တွေ ဖိစီးလာလျှင် သူ၏ မျက်နှာဖုံးကြီးက အလိုလို
ကွာကျသွားကာ ဆယ်ပြည်ထောင်ချော့လို့ မပျော့တဲ့ မျက်နှာထားကြီးပေါ်လာတတ်သည်။
သူမျက်နှာကြောတင်းနေလျှင် မျက်နှာမွဲ မျက်နှာငယ်တွေ သတိ သာထားကြပေရော့။
လူပြိန်း လူ့ဗာလတို့သည် ငွေမျက်နှာ၊
ဂုဏ်မျက်နှာ၊ အာဏာမျက်နှာတို့ကိုသာ ကြည့်မြင်လေ့ရှိကြပါသည်။
ရိုးဖြောင့်မှန်ကန်ခြင်း ၏ မျက်နှာ၊ ပရဟိတမျက်နှာ၊ မိမိနိုင်ငံ၊
မိမိအမျိုးတို့၏ မျက်နှကို ကြည့်မြင်လေ့မရှိပါ။ ထို့ကြောင့် သူတို့၏
မျက်နှာများမှာ ဂျပန်ဒဏ္ဍာရီအချို့မှာ ပါလေ့ ရှိသော မကောင်းဆိုးဝါးများလို
မျက် နှာရှိပြီး မျက်လုံးမပါ၊ နှာခေါင်းမပါ၊ ပါးစပ်ပေါက်မပါသော မသတီစရာ
မျက်နှာမျိုးကြီးတွေ သာဖြစ်နေလေ့ ရှိပါသည်။
ကြူးနှစ် |
Sunday, March 31, 2013
မျက်နှာကြီးနှင့်မျက်နှာငယ်
Labels:အတိတ်က မြိတ်သမိုင်း
သူ့အတွေး သူ့အမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment