Sunday, March 31, 2013

ဇီးရိုးမှ ဟီးရိုးဖြစ်လာတဲ့ အီသိယိုးပီးယား


 
၁၉၈၄ ခုနှစ်နောက်ပိုင်း မိုးခေါင်ရေရှားတဲ့ ဒဏ်ကို ခံခဲ့ရတဲ့ အီသီယိုးပီးယားနိုင်ငံဟာ အစာရေ စာပြတ်လပ်ပြီး ကမ္ဘာမှာ အဆင်း ရဲဆုံးနိုင်ငံလို့ သတ်မှတ်ခြင်း ခံခဲ့ရ ပါတယ်။ အဆိုတော် Bob Geldof က အီသီယိုးပီးယားနိုင်ငံနဲ့ ပတ် သက်ပြီး ''အဲဒီနိုင်ငံမှာ ဘာပင်မှ လည်း စိုက်ပျိုးလို့မရ၊ မိုးလည်း မရွာ၊ မြစ်တွေလည်း ခန်းခြောက်။ သူတို့တစ်တွေ ခရစ္စမတ်ပွဲ ရောက် တာတောင် သိကြပါ့မလား'' လို့ သီချင်းတစ်ပုဒ် စပ်ဆိုပြီး သီဆိုခဲ့ဖူး ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂ဝ အတွင်း အီသီယိုးပီး ယား အစိုးရနဲ့ ပြည်သူတွေရဲ့ ကြိုး ပမ်းအားထုတ်မှုကြောင့် ယခုအခါ အာဖရိကတိုက်မှာ ကြယ်တစ်ပွင့် ဖြစ်လာပြီး တောင်အာဖရိက၊ နိုင် ဂျီးရီးယားနဲ့ အင်ဂိုလာနိုင်ငံတွေ ပြီးရင် စတုတ္ထမြောက် စီးပွားရေး အတိုးတက်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။
ဆူဒန်နယ်စပ်မှာရှိတဲ့ မက်တီမာမြို့ကနေ အသစ်ဖောက် လုပ်ထားတဲ့ အဝေးပြေးလမ်းမကြီး အတိုင်း တောင်ဘက်ကို လာရင် လမ်းဘေးတစ်ဖက်တစ်ချက်မှာ နှမ်းစိုက်ခင်းကြီးတွေကို တစ်မျှော်တစ်ခေါ်ကြီး တွေ့မြင်နိုင်ပါတယ်။ နှမ်းသီးနှံဟာကော်ဖီပြီးရင် အီသီယိုပီး ယား နိုင်ငံရဲ့ ဒုတိယအများ ဆုံး ပို့ကုန်သီးနှံ ဖြစ်ပါတယ်။ မြို့ တော် အဒစ်အဘာဘာမြို့ကနေ တောင်ဘက်လမ်းအတိုင်းသွားရင် လည်း အရင်ဆုံး အစ္စရေး စတော် ဘယ်ရီခြံကြီးတွေကို လမ်းဘေး တစ်ဖက်တစ်ချက်မှာ မြင်တွေ့နိုင် ပါတယ်။ စတော်ဘယ်ရီသီး ခူး ဆွတ်တဲ့ အလုပ်သမားတွေက ၅ဝဝ ဂရမ် ပလတ်စတစ်ကွန်တိန်နာ တွေထဲ ထည့်သွင်းပြီး လေကြောင်း နဲ့ ဥရောပမှာရှိတဲ့ စူပါမားကတ် ကြီးတွေကို တင်ပို့ရောင်းချနေပါ တယ်။ တောင်ပိုင်း ဇီဝေမြို့ရောက် တော့ ဒတ်ခ်ျလုပ်ငန်းကြီးတစ်ခု ဖြစ်တဲ့ Sher Flowers ရဲ့ စတုရန်း မိုင်ပေါင်းများစွာ ကျယ်ဝန်းတဲ့ မြေ ကွက်ကြီးမှာ ဖန်လုံးအိမ်စနစ်နဲ့ စိုက်ပျိုးထားတဲ့ ပန်းစိုက်ခင်းတွေ ကို တွေ့နိုင်ပါတယ်။ အလုပ်သမား ပေါင်း ၁၂ဝဝဝ နဲ့ ကိုင်းကူး၊ ကိုင်း ဆက် နှင်းဆီပန်းအမျိုးမျိုးကို စိုက် ပျိုးပြီး ဥရောပက စူပါမားကတ် တွေကို တင်ပို့ရောင်းချနေပါတယ်။
၁၉၈ဝ ပြည့်နှစ် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက်အာဏာရှင် မင်ဂျစ်စတူကို ဖြုတ်ချပြီး မီရီးစ်ဇင်နာဝီ- MelesZenawi ခေါင်း ဆောင်တဲ့ အီသီယိုးပီးယားပြည်သူ တော်လှန်ရေး ဒီမိုကရက်တစ်တစ် ဦး (EPRDF) ဟာ အာဏာရရှိလာ ပါတယ်။ မီရီးစ်ဇင်နာဝီ ဝန်ကြီး ချုပ်အဖြစ် တာဝန်ယူတဲ့ အီသီယိုး ပီးယားအစိုးရဟာ နိုင်ငံရဲ့ စီးပွား ရေးကို အစိုးရက တာဝန်ယူပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချတဲ့စနစ်ကို ကျင့်သုံးလာခဲ့ ပါတယ်။ တချို့ ဝေ ဖန်သူတွေက တရုတ်နိုင်ငံရဲ့ ပုံစံကိုယူပြီးဆောင်ရွက်နေ တယ်လို့ ထောက်ပြခဲ့ပါတယ်။ အရင်ဆုံး အလုပ်သမားအင်အားစု ၇၉% ရှိပြီး နိုင်ငံ GDP ရဲ့ ၄၆% ကို ထုတ်လုပ်ပေးနေတဲ့ လယ်ယာစိုက် ပျိုးရေးလုပ်ငန်းကြီး တိုးတက် ကောင်းမွန်လာအောင် အာရုံစိုက် ကာ ဆောင်ရွက်လာခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ မှာ ထုတ်လုပ်မှုတိုးတက်ရေးနဲ့ ရရှိ လာတဲ့ အကျိုးအမြတ်တွေကိုလယ် သမားတွေအတွက် ခွဲဝေပေးရေးအတွက်လယ်ယာစိုက်ပျိုးရေးပြုပြင်ပြောင်းလဲရေးအေဂျင်စီ- Agricultural Transformation Agency ကို အစိုးရက ဖွဲ့စည်းပေး ခဲ့ပြီး ဝေါလ်စထရိက ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးလည်း ဖြစ်၊ ဂိတ်စ်ဖောင်ဒေးရှင်းရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦး လည်းဖြစ်တဲ့ ကာ ရစ်ဘွမ်ဘာကို ဦးဆောင်ကြီးကြပ် ဆောင်ရွက်စေခဲ့ပါတယ်။ ကာရစ် ဘွမ်ဘာရဲ့ အရာရှိတွေဟာ လယ် သမားတွေကို စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးနည်းပညာတွေ ပြသပေးပြီး သမဝါယအသင်းတွေ ဖွဲ့စည်းဖို့ စည်းရုံးခဲ့ပါတယ်။ မျိုးစေ့တွေ ဖြန့် ဖြူးပေးပြီး စိုက်ခင်းတွေမှာ ရေရရှိ ရေး စီစဉ်ပေးခဲ့ပါတယ်။ သီးနှံတွေ ရဲ့ ဈေးနှုန်းနဲ့ ဈေးကွက်သတင်း အချက်အလက်တွေ သိရှိနိုင် အောင်လည်း စီစဉ်ပေးခဲ့ပါတယ်။ ကာရစ်ဘွမ်ဘာက ''ယခုအခါ အီ သီယိုးပီးယား နိုင်ငံမှာ နွားကောင် ရေ သန်း ၅ဝ ရှိတဲ့အတွက် အာဖရိ ကတိုက်မှာ အကြီးမားဆုံး တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းကြီး ရှိနေပါ တယ်။ ဒါကြောင့် လာမယ့် ၅ နှစ် အတွင်းအီသီယိုးပီးယားနိုင်ငံဟာ အစားအစာ ဖူလုံတဲ့ နိုင်ငံ ဖြစ်လာ နိုင်တယ်'' လို့ ပြောပါတယ်။
အီသီယိုးပီးယားနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု (ဂျီဒီပီ) ဟာ တစ်နှစ်ကို ၁၁% ရှိတယ်လို့ အစိုးရက တရားဝင် ကြေညာခဲ့ပေ မယ့် ဝေဖန်ဆန်းစစ်သူတွေကအဲဒီရာခိုင်နှုန်းရဲ့ထက်ဝက် ၅.၇% ခန့် ရှိနိုင်တယ်လို့ခန့်မှန်းပြီး အဲဒီတိုးတက်မှုနှုန်းဟာလေးစား လက်ခံ နိုင်တယ်လို့ ဆိုပါတယ်။ အစိုးရက စိုက်ပျိုးရေးကဏ္ဍမှာ တစ်နှစ်ကို ၅.၆% တိုးတက်လာတယ်လို့ ဆို ပေမယ့် အဲဒီထက်ဝက် ၂.၃% တိုးတက်ရင်တောင် ချီးကျူးသင့် တယ်လို့ ဆိုပါတယ်။ အီသီယိုးပီး ယားနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၂ဝ က တက္ကသိုလ် ၂ ခုသာ ရှိခဲ့ပေ မယ့် ယခုအခါ ၃၂ ခုအထိ ရှိလာ ပါတယ်။ ကျေးရွာတိုင်းလိုလိုမှာ စာသင်ကျောင်း၊ ဆေးပေးခန်းတွေဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြည်ပ ထောက်ပံ့ရေး အဖွဲ့အစည်းတွေရဲ့ အဆိုအရ မီးတွင်းကလေးသူငယ် သေဆုံးမှုနှုန်းဟာ ၂ဝဝဝ ပြည့်နှစ် က စပြီး ၄ဝ% ကျဆင်းခဲ့ပြီး ၅ နှစ်အောက် ကလေးငယ် သေဆုံးမှု လည်း ၄၅% ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ အီသီ ယိုးပီးယားပြည်သူတစ်ယောက်ရဲ့ ပျမ်းမျှဝင်ငွေဟာ အမေရိကန်ဒေါ် လာ ၄ဝဝ ခန့်သာ ရှိတဲ့အတွက် တခြား ဆာဟာရသဲကန္တာရအောက် ပိုင်း အာဖရိကနိုင်ငံတွေမှာရှိတဲ့ ဝင်ငွေ အမေရိ ကန်ဒေါ်လာ ၁၄၆၆ ထက် နည်းပါးနေပါတယ်။ ဒါပေ မယ့် အီသီယိုးပီးယားနိုင်ငံမှာ အောက်ခြေ ဆင်းရဲနွမ်းပါးသူတွေ ရဲ့ ဝင်ငွေကို အလျင်အမြန် တိုး တက်လာအောင် ဦးစားပေးဆောင် ရွက်နေတဲ့အတွက် ချီးကျူးစရာ ကောင်းပါတယ်။
တစ်နိုင်ငံလုံးမှာ လမ်းတွေ ဖောက်လုပ်တဲ့ အစီအစဉ်အရ မြောက်ဘက်မှ တောင်ဘက်ကို စီး ဆင်းနေတဲ့ နိုင်းမြစ်ကြီးနဲ့အပြိုင် အဝေးပြေးကတ္တရာလမ်းမကြီးကို ဖောက်လုပ်ခဲ့ပါတယ်။ ၁၉၈ဝ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့တဲ့ မိုးခေါင် ရေရှားမှုကြီးတုန်းက အဲဒီလမ်းမ ကြီးမျိုး မရှိခဲ့တဲ့အတွက် အစာရေ စာ ငတ်မွတ်ခေါင်းပါးတဲ့ ဒေသတွေ ကို ရိက္ခာတွေ ပေးပို့ရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာမျိုး မဖြစ်ရအောင် ဖောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလမ်းမကြီးဟာ လမ်းတစ်ဖက်တစ်ချက်ရှိဒေသခံလူဦးရေ ၁၈ သန်းအတွက်များစွာ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။မြို့တော်အဒစ်အဘာဘာမြို့ရဲ့တောင်ဘက်မှာ တရုတ်နိုင်ငံရဲ့အကူအညီနဲ့ စက်မှုဇုန်ကြီးတစ်ခုကို တည်ဆောက် ဖွင့်လှစ်ထားပါတယ်။ အဲဒီဇုန်မှာ အလုပ်အကိုင်သစ်ပေါင်း နှစ်သောင်း ရရှိနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ ယခုအခါ နိုင်ငံရဲ့မြောက်ပိုင်းမှာ ရေနံတွေ တွေ့ရှိထားတဲ့အတွက် နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုအတွက် လိုအပ်နေတဲ့ အရင်းအနှီးတွေကို ပိုမိုရရှိဖို့ အလားအလာရှိပါတယ်။ ရေကာတာကြီးတွေကိုလည်း တည်ဆောက်နေတဲ့အတွက် အဲဒီရေကာတာကြီးတွေပြီးရင် ဒေသတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချနိုင်တဲ့ နိုင်ငံလည်း ဖြစ်လာနိုင်ပါတယ်။
နိုင်ငံရေးအနေနဲ့တော့ လွန်ခဲ့တဲ့ သြဂုတ်လအတွင်းက နိုင်ငံရဲ့တိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ အသက် ၅၇ နှစ် အရွယ်ရှိ ဝန်ကြီးချုပ် မီရီးစ်ဇင်နာဝီဟာ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့ပေမယ့် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားဝန်ကြီးဖြစ်ခဲ့သူ အသက် ၄၇ နှစ်အရွယ်ရှိ ဟေးရီမာလီယမ်ဒီဆေးလက်ခ်ျကို အေးချမ်းစွာ အာဏာလွှဲပြောင်းပေးခဲ့တာတွေ့ရပါတယ်။ မီရိးစ် သေဆုံးပြီးလပေါင်းများစွာကြာတဲ့အထိ အဒစ်အဘာဘာမြို့လယ်မှာ ကြီးမားတဲ့ ပိုစတာကြီးတွေကို ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ အဲဒီပိုစတာကြီးတွေထဲမှာ ''ကျွန်ုပ်တို့ဟာသင်ရဲ့ မပြီးဆုံးသေးတဲ့ အလုပ်တွေကို ဆက်ပြီး လုပ်ဆောင်သွားပါမယ်''။ ''သင့်ကို ကျွန်ုပ်တို့ ဘယ်တော့မှမမေ့ဘူး'' လို့ ပါရှိကြောင်းပါခင်ဗျား။
Ref : Special Report (EmergingAfrica) The Economist,March 2nd-8th, 2013)
မောင်ပုဆိုးကြမ်း
 

No comments: