Thursday, March 28, 2013

မြိတ်မြို့ တည်ငြိမ် အေးချမ်းရေး အတွက် ကွန်ယက်ဖွဲ့စည်း ဆောင်ရွက်မည်

မြိတ်မြို့ တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး ဌာနများ ၊ နိုင်ငံရေး ပါတီများနှင့် အစ္စလာမ် ဘာသာရေး ဆရာများ တွေ့ဆုံ ၊ ဘာသာပေါင်းစုံ ပါဝင်သော ကွန်ယက်ဖွဲ့စည်း ဆောင်ရွက်မည်

မြိတ်မြို့တွင် ဖြစ်ပေါ်နေသော ကောလာဟလ သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများ စိုးရိမ် ကြောင့်ကြမှု မရှိစေရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် မြိတ်မြိုနယ် အတွင်းရှိ လုံခြုံရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် အစ္စလာမ် ဘာသာရေး ဆရာများ၊ ဗလီ အသီးသီးမှ ဂေါပက အဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ စစ်ဖက်ရေးရာ လုံခြုံရေး ဌာနမှ တာဝန်ရှိသူများ ညှိနှိုင်း ဆွေးနွေးပွဲအား မြိတ်မြို့ ကန်ခေါင်းရပ် ပုလဲလမ်းရှိ အစ္စလာမ် အိုလမာ ပညာရှင်များ ရုံးတွင် မတ်လ (၂၇) ရက်နေ့ နေ့လည် (၁)နာရီ ခွဲ အချိန်တွင် ပြုလုပ်ခဲ့ရာ အင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့သည်။ 

တွေ့ဆုံ ဆွေးနွေးရာတွင်လတ်တလော ဖြစ်ပေါ် နေသည့် ကောလာ ဟလများနှင့် ပတ်သက်ပြီး အရမ်း မယုံကြရန်၊  ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက  ငြိမ်းချမ်းစွာဖြင့် အတူ ပူးပေါင်းပြီး လက်တွဲဖြေရှင်း သွားမည့် ကိစ္စများကို ဆွေးနွေး တိုင်ပင်ခဲ့ကြ ပြီးနောက် ဆွေးနွေးပွဲမှ ညှိနှိုင်းချက်များ အနေဖြင့် ဘာသာစုံ အဖွဲ့ အစည်းအစုံ ပါဝင်သော ကွန်ယက်များ ဖွဲ့စည်းပြီး တည်ငြိမ်မှုကို ထိန်းသိမ်းရေး၊  ကွန်ယက်များ အနေဖြင့် .. တဖက်နှင့် တဖက် လူစုလူဝေးများ ဖြစ်ပေါ်လာပါ  ချက်ချင်း သတင်းပေးရန် နှင့် နှစ်ဖက် လူကြီးများက အခင်းဖြစ်သည့် နေရာသို့ ပူးပေါင်းပြီး သွားရောက် ဖြေရှင်းရန် ဆောင်ရွက် ဖြစ်ကြောင်း သိရှိရသည်။ 

ထို့အပြင်  မကြာမီ ရက်ပိုင်းအတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖြစ် တွေ့ဆုံပွဲကြီး တစ်ခု ကျင်းပရန် ရှိကြောင်း၊ ဘာသာ ပေါင်းစုံ ချစ်ကြည်ရေး တွေ့ဆုံပွဲတွင် မြိတ်မြို့ တည်ငြိမ် အေးချမ်းရေး အတွက် ဘာသာစုံ ချစ်ကြည် ရင်းနှီးစွာ ဆောင်ရွက်မည့် နည်းလမ်းများ ကိုလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ကောလာ ဟလနှင့် သွေးထိုး လှုံ့ဆော်မှုများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ  ဖြေရှင်း ဆောင်ရွက် သွားနိုင်ရန်အတွက်  အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ဆက်သွယ် သတင်းပေးပို့ နိုင်ကြောင်း သတင်း ရရှိပါသည် -

(၁) ကိုအောင်မိုး. .NLD အတွင်းရေးမှူး.0941005869 ၊ 
(၂) ကိုစိုးလင်း  အလယ်ကျွန်း NLD အတွင်းရေးမှူး 09422194100 ၊ 
(၃) ကိုအောင်နိုင်ဦး 88 မျိုးဆက်ကျောင်းသား - 09422211212 ၊  
(၄) ကိုလှမော် 88 မျိုးဆက်ကျောင်းသား- 0949879614 ၊ 
(၅) ကိုမြတ်ကို  ကန်ဖျား NLD 0949871437 ၊
(၆)  ဒေါက်တာကျော်စွာဦး NLD မြို့နယ်အလုပ်အမှုဆောင်- 09422194678၊ 
(၇) ဦးပြည်အေး- တစည ဥက္ကဌ- 09422194678 ၊
(၈) ဦးမောင်ထွေးဝေ-095105448 -059 41114 ၊ 
(၉) ဦးအေးကိုကို - 0942222258 ၊ 
(၁၀) ဦးသန်းမြင့်- 098760843

No comments: