Saturday, March 30, 2013
အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ? ဖေါ်လိုက်ပြီ
အပိုင်း (၄) 
သြဂုတ်လ ၃ ရက်ကနေ လက်ပံတောင်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့်လာလေတော့ ဦးရွှေမန်း က ပုဒ်မ (၁၈) နှင့် ပုဒ်မ (၅၀၅) ခ ကို လွှတ်တော် မှာ ထပ်ပြီး သိသာမြင်သာဖို့ ထပ်မံအဆိုတင်သွင်းပြီး ပိုခိုင်မာအောင်လုပ်ခဲ့ကြသည်။ 
ဦးအောင်မင်းတို့ လက်ပံတောင်းသို့ ရောက်သွားသော ကာလ မတိုင်ခင်တွင် စီမံကိန်း သို့မဟုတ် နိုင်ငံတော်ပိုင်မြေအဖြစ်သိမ်းယူထားသော အရာများအား ဆန့်ကျင်ဘက်လုပ်သူ ပါဝင်သူ ဦးဆောင်သူတွေအားလုံးအား ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးကာ တရားရုံးတွင် အနဲဆုံး ဒဏ်ငွေ ၁၀ သိန်းမှ သိန်း ၅၀ အထိ ချမှတ်ရန် သက်ဆိုင်ရာတရားရုံးများသို့ လျှို့ဝှက်ညွန်ကြားခိုင်းပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား မွဲပြာကျသွားအောင် ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် ကိုကိုအား လွှတ်တော် ဥက္က ဦးရွှေမန်းနှင့် ငြိမ်းပွဲစားကြီး ဦးအောင်မင်းတို့ သြဂုတ်လ ၁၀ ရက်နေ့တွင် ဦးအောင်မင်း ၏ အချိန်းချက်နှင့် နေပြည်တော်၏ (…) ရိပ်သာတွင် ည ၉ နာရီမှ ည ၁၁း ၃၀ ထိ အသေးစိတ်ဆွေးနွေးဆုံးဖြတ်ခဲ့ကြ၏။ 
ထိုကြောင့် လက်ပံတောင်း ပွဲနှင့် ပတ်သက်သော ကိုအောင်စိုး ဒေါ်နော်အုံးလှတို့ မည်မျှ အာမခံကြေးပေးဆောင်ရသည်ကို မေးမြန်းလျှင် အဖြေပိုရှင်းသွားပေလိမ့်မည်။
 မြစ်ဆုံးကိစ္စသည် သမ္မတ ဦးသိန်းစိန်၏ ရိုးရှင်းပြတ်သားသော ဆုံးဖြတ်ချက်မဟုတ်ပဲ ကစားကွက်တခုသာ ဖြစ်ကြောင်းနှင့် အနောက်အုပ်စုများ၏ သဘောကျမှုကို ပထမဆုံးရယူရန်လုပ်ခဲ့ကြောင်း ကမ္ဘာ့ဆိုရှယ်လစ် နေစဉ်သတင်း ၀က်ဆိုက်က အောက်ပါအတိုင်းတင်ပြခဲ့သည်။ သို့သော လက်ပံတောင်းကတော့ ငယ်ထိပ်မြွေပေါက်ခံရမည်ကို စိုးသောကြောင့် နိုင်ငံတော်က ပါဝင်ပတ်သက်ပြီး အကြမ်းဖက်မှု (State of Terrorism) အား ပြုလုပ်ခဲ့ကြောင်း ထင်း၇ှားပြီး ဒေါ်အောင်ဆန်းစုကြည်အား အကာကွယ်ယူ ရှောင်ထွက်ခဲ့ကြသည်မှာ ငြင်းချက်ထုတ်စရာ လိုလောက်မည်ဟု မထင်မိပါ။
The grievances of people involved in the Letpadaung protest are similar to those raised against the massive Chinese-funded Myitsone Dam hydro-electric project. The government suspended the dam in September 2011, not primarily to appease angry locals, but to send a signal to the US and its allies that it was looking to move away from China and toward the West. The Obama administration, which been encouraging such a shift, responded with a series of official visits, culminating in last month’s trip by the US president.( http://www.wsw/en/artical/2012/12/03/bur-d03 နှင့် 
Weak democracy hurts Myanmar business
Global Times | 2012-11-29 1:20:04 
By Global Times
http://www.globaltimes.cn/content/747170.shtml 
တို့အားပြန်လည်ဖတ်၇ှု့ပါကအဖြေ ရှင်းသွားလိမ့်ည်။
ဒီဇင်ဘာလ ရ ရက် နေ့စွဲဖြင့် ရှေ့တန်းစခန်းနှင့် ကချင်ဒေသ တပ်ရင်းတပ်ဖွဲ့များသို့ မြန်မာ့ကာကွယ်ရေးရုံးချုပ်မှအစီစဉ်ကြီးတခုအခိုင်မာချမှတ်လိုက်သော အစီစဉ်ကြီးတခု ကြောက်ခမန်းလိလိထွက်လာသည်။ 
အကြောင်းမှာ ကချင်ဒေသ စစ်ဆင်ရေးသည် ၁၉ လကျော်ရောက်လာပြီး မည်သည့်နယ်မြေတခုမှ အမိအရ သိမ်းယူနိုင်မှု မရှိပဲ ဖြစ်ရကာ လက်ပံတောင်းဖြိုခွင်းမှုတွင် ပါ အရှက်ဟက်တက်ကွဲရသောကြောင့် ဒီဇင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၃၀ အတွင်း ကချင်ဒေသ စစ်ပွဲများ အပြီးသတ် ဆင်နွဲပြီး ဇန်နာဝရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အား ကချင်ပြည်နယ် လှိုင်ဇာမြို့ တွင် ကျင်းပမည်ဟု ဖေါ်ပြပါရှိသည်။
ထိုကြောင့်  ၈၈ ကျောင်းသားများ အဖွဲ့ မှ လှိုင်ဇာတွင် ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံအပြီး ဒီဇင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ခြေလျှင်တပ်၊ အမြောက်တပ်နှင့် ဝေဟင် စစ်ဆင်ရေးတို့အား ပုံအောအသုံးပြုတိုက်ခိုက်စေပြီး ကချင်ဒေသ အမိရ ဆုပ်ကိုင်မိအောင် ကြိုးစာသော်ငြား မင်းအောင်လှိုင်တို့အဖို့ အချဉ်းနှီးဖြစ်ရပြီး နောက်ဆုံး နိုင်ငံတကာမှ ကျယ်လောင်သော စစ်ပွဲရပ်တန့်ရေး သတင်းများသာလွှမ်းမိုးသွားခဲ့ရသည်။
 နောက်ဆုံး စစ်ပွဲသတင်းများအား ကာကွယ်ရေ ၀န်ကြီးဌာနမှချပေးသလောက်ကိုသာ ပြောခွင့်ရသော သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ မှူးဇော် အား ( ပြည်တွင်းစစ်တွင် တိုက်လေယဉ်သုံးခွင်ပ မရှိကြောင်း သတင်းဌာန AFP)သို့ ပြောဆိုမိရာမှ၊  ပြောရေးဆိုခွင့် ရာထူးမှ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဌ်၏ တောက်တိုမယ်ရ အကူအဖြစ်သို့ ပြောင်းရွှေလိုက်သည်။
သို့သော် ကကချုပ်ရုံးမှ ၁၉ လကျော်ကြာ စစ်ပွဲအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၅ သန်းအား အသုံးပြုပြီးကြောင်း ပြေစာရှင်းတမ်းအား သမ္မတရုံးသို့ တင်သွင်းပေးလိုက်သည်။ အကြောင်းမှာ ငြိမ်းချမ်းရေး ဆရာကြီး ဦးအောင်မင်းအား ထိုငွေအားပြန်လည်ရှာပေးရန် ဒီဇင်ဘာ ၃၀ တွင် ရာဇသံတခု ဖြစ်ခဲ့ရသည်။ (နောင်တွင် ဗဟုအဖွဲနှင့်  ဦးအောင်မင်းတို့ နော်ဝေ၊ သြစတေးလျှ နှင့် ဂျပန်၊အီးယူမှပေးသော ငြိမ်းချမ်းရေးအထောက်ပံ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀အကြောင်း ကျနော် တင်ပြပါမည်။)
၂၀၁၃ ဇန်နာဝရီလ ၄ ရက်တွင် မြစ်ကြီးနားမြို့တွင် တပ်မတော်မှ စီစဉ်ပေးသော လွတ်လပ်ရေးနေ့အား အကျဉ်းရုံး စီစဉ်ပြီးနောက် ဇန်နာဝရီလ (၆) ရက်နေ့မှ လက်ဂျားယန်ဒေသသို့ အကြီးအကျယ်ဗုံးကျဲစစ်ဆင်ရေးစတော့သည်။ 
ဒေါ်အောင်ဆန်းစုကြည်မှ သူမအနေဖြင့် ဖိတ်ခေါ်ခံရလျှင် ငြိမ်းချမ်းရေးအတွက် ပါဝင်ပတ်သက်ဆောင်ရွက်မည်ဟု ဇန်နာဝရီလ ၁၀ ၇က်နေ့တွင် ထုတ်ဖေါ်ပြောကြားခဲ့သောကြောင့် စာရေးသူမှ ကေအိုင်ကေသို့ ဆက်သွယ်ခဲ့ရာ ကေအိုင်အေမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် တောင်းခံစာပေါင်း ၂၂ ခုအား ၂၀၁၂ ဇန်နာဝရီလမှစပြီး ၂၀၁၃ ဇန်နာဝရီလ (၂) ရက်နေ့အထိ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း အခိုင်မာဆိုခဲ့သည်။
ရှေ့တန်းမှ ရဲဘော်နှင့် အရာ၇ှိများက ကကရုံးအား ဖေစုံမောင်စုံ တိုင်းထွာ ဆဲဆိုကြသည်ဟု ပေါ်တာအဖြစ် လိုက်ပါရသော ဗန်မော်မြို့သားတဦးမှ နောက်ပိုင်းတွင် သတင်းပေးပို့ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဇန်နာ)ရီလ၂၄ ရက်တွင် ရန်ကုန်မှ ဟာဝိုင်ယီ (အမေ၇ိကန်ပြည်ထောင်စု) အား ထပ်မံခရီးစတင်သော နေ့သည် ကချင်တို့၏ ခါရာတောင်တန်းအား ဗုံးမိုး အကြီးမားဆုံး ရွာသွန်းဖြိုးခဲ့သောနေ့ ဖြစ်သည့်အပြင် ခါရာတောင်တန်း ဗုံး ဟောင်ဝေဇာ အမြောက်လှိုင်းအောင်တွင် ဇန်နာဝရီ ၂၇ ရက်နေ့တွင် ကျဆုံးသွားခဲ့သည်။
မြန်မာစစ်တပ်ဘက်မှ ၃၆၈ ယောက်သေဆုံးပြီး ၁၂၁၄ ယောက် ဒဏ်ရာရသော အဖြေထွက်ခဲ့ပြီး ကချင်ဘက်မှ ၄၆ ယောက်ကျဆုံးကာ ၂၃၃ ယောက် လှိုင်ဇာ ဆေးရုံရောက်သွားခဲ့၏။
ဖေဖေါ်ဝါ၇ီလ ၁ ရက် ၂၀၁၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီမှ ရန်ကုန်သို့ ပြန်ရောက်ပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ကကကြီးနှင့် နောက်ချန် လက်ပံတောင်းကော်မရှင်တို့ ရေးသားထားပြီးသော အစီရင်ခံစာအား ဒေါ်အောင်ဆန်းစုကြည်ထံပြသခဲ့သည်။
 ဒေါ်အောင်ဆန်းစုကြည်မှ အစီရင်ခံစားအား အသေခြာပင်မဖတ်တော့ပဲ သဘောတူလက်ခံခဲ့သည်ဟု ကော်မရှင် အတွင်းရေးမှုး မှ ပြောသည်။ သို့သေည် မတ်လ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ လက်ပံတောင်း အစီရင် ခံစားအား ပြန်လည်ဖတ်ရှု့ခဲ့ပြီး အချို့သော အချက်များအား ပြင်ဆင်လိုသော်လည်း သူမ လက်ခံပြီးသားမို့ ဆက်လက် ရှေ့မတိုးတော့ပဲ ထုတ်ပြန်ရန်ဆုံးဖြတ်ခဲ့၏။
သို့သော်အစီရင်ခံစားထုတ်ပြန်ရန်အတွက် အကြီးအကျယ် စဉ်းစားရသော အခြေနေမှာ အစီရင်ခံစာပါအကြောင်းရာများ မဟုတ်ရပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံအတွက် လုံခြုံရေး တည်ငြိမ်ရေးနှင့် အထမြောက် အေးချမ်းစွာ ဆောင်ရွက်နိုင်ရေးတို့အား ဦးစားပေး စဉ်းစားခဲ့ကြပြီး ဒီချုပ်ညီလာခံ ပြီးမှသာလျှင် လက်ပံတောင်း အစီရင်ခံစားအား ထုတ်ပြန်ရန် နေပြည်တော်နှင့် တိုင်ပင် ဆုံးဖြတ်ခဲ့သည်ကို  ဒီချုပ်မှ ငြင်းဆိုလျှင် ငြင်းဆိုသော သမိုင်းတရပ် ကျန်ရစ်ပေလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်ပံတောင်းကော်မရှင်မှ အစီရင်ခံစာထုတ်ပြန်ရန် လုံခြုံရေး ထောက်လှမ်းရေးအစီစဉ်များအား ရဲချုပ်မှ တင်သွင်းသော မတ်လ ၈ ရက် ၂၁၀၃ တွင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ပြီး မတ်လ ၁၂ ရက်တွင် ဂျာနယ်များသို့ပေးပိုပြီး ကော်မရှင် ဥက္ကဌမှ မတ်လ ၁၃ ရက် ကိုဖုန်းမော်ကျဆုံးသောနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်ရေးနေ့ဟု အတိုက်ခံတို့ဘက်မှ တောင်းဆိုထားသော နေ့တနေ့အား ပြက်ပြယ်ရန် ဦးအောင်မင်းနှင့် ဦးရွှေမန်း၊ ရဲချုပ် ကိုကိုအပြင် ဦးခင်ရီပါသော အစည်းဝေး မတ်လ ၃ ၇က်နေ့တွင် အကျင်းရုံးနေပြည်နော်ဝယ် ပြုလုပ်ကာ တမင်သကာ ချမှတ်ပြီး အကွက်ဆင်၍ လုပ်ခဲ့ကြ၏။
မှတ်ချက် အပိုင်း(၅) နိဂုံးပိုင်းတွင် မိတ္ထီလာ အကြောင်း အဖြစ်မှန်နှင့် အကြံစည်များအား တင်ပြပေးပါမည်။
ဂိုလ်ရှယ်လေး
စာဖတ်မိတ်တွေများအား အထူးကျေးဇူးတင်ပါသည်
အပိုင်း (၄)
သြဂုတ်လ ၃ ရက်ကနေ လက်ပံတောင်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့်လာလေတော့ ဦးရွှေမန်း က ပုဒ်မ (၁၈) နှင့် ပုဒ်မ (၅၀၅) ခ ကို လွှတ်တော် မှာ ထပ်ပြီး သိသာမြင်သာဖို့ ထပ်မံအဆိုတင်သွင်းပြီး ပိုခိုင်မာအောင်လုပ်ခဲ့ကြသည်။
ဦးအောင်မင်းတို့ လက်ပံတောင်းသို့ ရောက်သွားသော ကာလ မတိုင်ခင်တွင် စီမံကိန်း သို့မဟုတ် နိုင်ငံတော်ပိုင်မြေအဖြစ်သိမ်းယူထားသော အရာများအား ဆန့်ကျင်ဘက်လုပ်သူ ပါဝင်သူ ဦးဆောင်သူတွေအားလုံးအား ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးကာ တရားရုံးတွင် အနဲဆုံး ဒဏ်ငွေ ၁၀ သိန်းမှ သိန်း ၅၀ အထိ ချမှတ်ရန် သက်ဆိုင်ရာတရားရုံးများသို့ လျှို့ဝှက်ညွန်ကြားခိုင်းပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား မွဲပြာကျသွားအောင် ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် ကိုကိုအား လွှတ်တော် ဥက္က ဦးရွှေမန်းနှင့် ငြိမ်းပွဲစားကြီး ဦးအောင်မင်းတို့ သြဂုတ်လ ၁၀ ရက်နေ့တွင် ဦးအောင်မင်း ၏ အချိန်းချက်နှင့် နေပြည်တော်၏ (…) ရိပ်သာတွင် ည ၉ နာရီမှ ည ၁၁း ၃၀ ထိ အသေးစိတ်ဆွေးနွေးဆုံးဖြတ်ခဲ့ကြ၏
No comments: