Thursday, March 28, 2013

မလေးရှားမှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေ အသက်အန္တရာယ်ရှိနေ

ဒီသတင်းကို ပေးပို့ လာသူကတော့ သူတို့ မလေးမှာဒီအတိုင်းထက်တောင်ပိုပြီးသတိထားနေကြရတယ်လို့ ပြောလာပါတယ်။
မလေးရောက်မန်မာတွေသတိထားနေကြရအောင် ဖေါ်ပြပေးလိုက်ရပါတယ်။
ဘေးဘယာဝေးကွာကြပါစေ။
ဘလောဂါ
 
 
မလေးရှားမှာ အခြေနေတွေမကောင်းတော့ပါဘူး..
နေရာအနှံပြားမှာ မြန်မာတွေကို အုပ်စုဖွဲ့ပြီ လိုက်သတ်နေပါတယ်...
မြန်မာပြည်က ရခိုင်နဲ့ မိထ္ထီလာမှာ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်နိုင်ပါတယ်...
ဟိုနေ့ကပဲ ချရက်မှာ ငါးယောက်မှာ လေးရောက်သေ
နောက်တစ်ခါ အီပို့မှာ မြန်မာတွေကို လိုက်ပြီ ရန်ရှာနေပါတယ်
မြန်မာလူမျိုးတွေကိုအကုန်သက်ပစ်မယ်ဆိုပြီ ကျိန်းနေပါတယ်..
ဒီတော့ မလေးရှားမှာ ရှိနေတဲ့ မြန်မာလူမှု့ရေး အဖွဲ့စည်းတွေအနေနဲ့စုပြီ
မြန်မာသံရုံးကို အကြောင်းကြားသင့်ပါတယ်
မြန်မာသံရုံးအနေနဲ့လဲ မလေးရှားအစိုးရကို အသိပေးသင့်ပါတယ်
ပြီရင် မြန်မာလူမျိုး အလုပ်သမားတွေအတွက် လုံခြုံရေ တာဝန်ယူပေးဖို့ပြောသင့်ပါတယ်
ကြာရင် မလွယ်ပါဘူး..
သူများနိုင်ငံမှာ အလုပ်လာလုပ်တယ်ဆိုတာ အရာရာကို စွန့်စားပြီ လာလုပ်နေရတာပါ
ကျနော်တို့ သူများနိုင်ငံမှာနေရရင် သူ့နိုင်ငံသားတွေနဲ့ တည့်အောင်အဆင်ပြေအောင် အရာရာကို အောက်ကြို့ခံပြီ ဆင်ကျင်ပြီ စားသတိသွားသတိနဲ့ နေရတာပါ
အခုဆိုကျနော်တို့မြန်မာပြည်မှာရှိနေတဲ့ မြန်မာလူမျိုး မြန်မာနိုင်ငံသားမဟုတ်တဲ့ လူတွေက
မရိန်းကျင့် ခေါင်းဖြတ် မီးရှို့ မျိုးစုံးပဿနာတွေရှာနေတာကို ခံနေရတာ ကတယ်တွေးကြည့်ရင် ရင်နာလို့မဆုံးပါဘူး..
ကျနော်တို့သာ ကျနော်တို့ အလုပ် လာလုပ်နေတဲ့ နိုင်ငံမှာ အဲလိုသာ လုပ်နေမယ်ဆိုရင်
ကျနော်တို့တွေ အဲနိုင်ငံမှာ တစ်ယောက်မှတောင် နေရမှာမဟုတ်ပါဘူး..
ဒါကျနော်တို့လက်တွေ့နေနေတာ ကျနော်တို့ အသိဆုံးပါ
ဆိုတော့ နိုင်ငံခြင်းယှဉ်ကြည့်လိုက်ရင် အစိုးရတွေကိုင်တွယ်ပုံချင်းမတူပါဘူး..
သူ့နိုင်ငံမှာနေရင် သူ့နိုင်ငံ သားတွေကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
သူ့နိုင်ငံသားဘက်ကနေပဲ ကာကွယ်ပေးပါတယ်...
အခုကျနော်တို့ မြန်မာပြည်မှာ မြန်မာနိုင်ငံသားတွေကို အခြား မြန်မာလူမျိုးမဟုတ်တဲ့လူတွေ
ဘယ်လောက်ထိ မိုက်ရိုင်းနိပ့်စက်နေကြတယ်ဆိုတာ အားလုံးအသိပါပဲ
ကျနော်တို့ အစိုးရအနေနဲ့လဲ ကျနော်တို့ဘက်ကနေ ဘယ်လောက်ထိကာကွယ်ပေးတယ်ဆိုတာလဲ
အားလုံးအသိပါပဲ
တစ်ဖြည်းဖြည်းနဲ့ အခြေနေတွေဟာ ပိုကြီးထွားလာနေပါပြီ
တိုင်းပြည်ပျက်မှ လူတွေ အစုလိုက် အသတ်ခံရမှာ ထပြီ လုံးခြုံရေးယူနေလို့ ကာကွယ်ပေးနေလို့
ဘာမှမထူးပါဘူး..
မီးဆိုတာ မလောင်ခင်က တားရပါတယ်..
ဖြစ်ပြီမှ ဘာလုပ်ညာလုပ်ဆိုရင် သေတဲ့လူတွေက ပြန်မရှင်လာနိုင်ပါဘူး
နဂိုထဲကမှ မြန်မာလူမျိုးတွေဟာ အိမ်ထောင်ပြုသားမွေးဖို့ အသေကြောက်နေကြတာပါ
ဒါကလဲ မြင့်မားလွန်းတဲ့ ကုန်းဈေးနှုန်းနဲ့ နိုင်ငံရဲ့ ဆင်းရဲမွဲးတေမှု့တွေကြောင့်
ကျနော်တို့ မြန်မာလူမျိုးတွေဟာ
အိမ်ထောင်ပြုဖို့ လက်တွန့်နေကြတာပါ
အိမ်ထောင်ပြုပြီ ကလေးယူရင်လဲ ကလေးတစ်ယောက်ရဲ့ မွေးလာသည်မှ ကျောင်းတတ်တဲ့အရွယ်
လူပျိုအပျိုပေါက်းရောက်လာရင်လဲ ကုန်ကြမယ့် ငွေကြေးတွေကို မတတ်နိုင်ကြလို့
ကလေးယူဖို့ လက်တွန့်ကြတာပါ
ဆိုတော့ ကြာလာလေလေ ကျနော်တို့ မြန်မာလူမျိုးတွေ နည်းလာလေလေ
ပိုကြာလာရင် မြန်မာလူမျိုးတွေ တုံးသွားနိုင်ပါတယ်
နိုင်ငံတစ်ခုမှာ အခြေခံစီးပွားရေးတွေ ကြဆင်းလာရင် ဘာသာတရားတွေ မေ့ပျောက်လာကြရင်
လူမျိုးတွေ တစ်ယောက်နဲကတစ်ယောက် စိတ်ဝမ်းတွေကွဲးပြီ ချစ်ခင်မှု့တွေမရှိတော့ရင်
နိုင်ငံပျောက် ဘာသာပျောက် လူမျိုးပါ တုန်းမယ့် ကိန်းဆိုက်လာတော့မှာပါ။ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေနေတွေကို နိုင်ငံတော်အဆင့်ကနေ တာဝန်ယူ
ဖြေရှင်းပေးနိုင်ဖို့ ကျနော်တို့ ပြည်သူတွေအားလုံးတောင်းဆိုသင့်ပါတယ်
မြန်မာလူမျိုးတွေကို မြန်မာနိုငံမှာ အုပ်ချုပ်နေတဲ့ လူတွေကလဲ
သားသမီးတွေလို ချစ်သင့်စိုးရိမ်သင့်ပါတယ်...
ကျနော်တို့ အလုပ်လုပ်နေတဲ့ နိုင်ငံမှာဆိုရင်
သူ့နိုင်ငံသားကို စီးပွားရေး ပညာရေး လူမျိုးရေးတွေ အကုန်း အခွင့်ရေးတွေပေးထားတာပါ
ဥပမာတစ်ခုအခြေနေနဲ့
ကျနော်တို့ နိုင်ငံခြားသားတွေသူ့နိုင်ငံမှာနေရင် ရေဖိုး မီးဖိုး ဘေဆောင်ရရင်
ကျနော်တို့က တစ်ရာဆောင်ရရင် သူ့နိုင်ငံသားက တစ်ဆယ်ပါပဲ
သူ့နိုင်ငံသားတွေ ကလေးမွေးရင် ဆေးရုံးမှာ ပိုက်ဆံ ပေးစရာမလိုပါဘူး
ပေးရတယ်ဆိုရင်လဲ သူ့နိုင်ငံ ပိုက်ဆံနဲ့ တစ်ကျပ်ပါ
ကျနော်တို့ ဆီမှာ ဒါမျိုးတွေမရှိသေးပါဘူး..
ကျနော်တို့ သူများနိုင်ငံမှာ အလုပ်လာလုပ်ရတယ်ဆိုက ကိုယ့်နိုင်ငံမှာ သာမန်အလုပ်သမားတစ်ယောက်အနေနဲ့ မရနိုင်တဲ့
ငွေကြေး သူများနိုင်ငံမှာ ရလို့ ဆင်းရဲပင်းပန်းခံပြီ မိဝေးဖဝေး စိုးရိမ်ပူပန်မူ့တွေနဲ့ လာလုပ်နေကြရတာပါ
ကျနော်တို့ နိုင်ငံခြားတိုင်းပြည်မှာ လာအလုပ်လုပ်နေတယ်ဆိုတာကလဲ နှစ်နိုင်ငံကို ထိုက်သင့်တဲ့ အခွန်တွေပေးဆောင်ပြီ
နေရတာပါ
အလကား လာနေရတာမဟုတ်ပါဘူး..
မြန်မာပြည်ကနေ သူများနိုင်ငံကို လာအလုပ် လုပ်ဖို့အတွက်ငွေကို သိန်းပေါင်းများစွာရင်းပြီ လာလုပ်နေရတာပါ
ဒီငွေတွေကို ရှိတာလေးတွေရောင်းပေါင်း အတိုးနဲ့ချေး အမျိုးမျိုးရှာကြံပြီတော့မှ လာနိုင်တာပါ
ရတဲ့ ချွေးနည်းစားငွေကြေးတွေကို မြန်မာပြည်ကိုပြန်ပို့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရတာပါ
ဒါ့ကြောင့် ကျနော်တို့နိုင်ငံခြားမှ မြန်မာအလုပ်သမားတွေရဲ့ လုံးခြုံရေးအတွက်
သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေ လူမှု့ရေးအဖွဲ့စည်းတွေ မြန်မာသံရုံးတွေ ကနေ ကူညီပေးကြပါလို့
အလုပ်သမားတွေအားလုံးရဲ့ကိုယ်စား
တောင်းဆိုလိုက်ပါတယ်ခင်ဗျာ..

No comments: