Thursday, March 28, 2013

အပြစ်ပြောရမှာက အစိုးရကို

၉၆၉ နဲ့ ပါတ်သက်ပြီး တခါမှ ကောင်းသည် ဆိုးသည် မဝေဖန်ခဲ့ဘူး။ မထောက်လဲ မထောက်ခံခဲ့ဘူး။ ဦးဝီရသူကို သူငယ်ချင်းစာရင်းထဲမှာ မထည့်သလို subscribe လည်း လုပ်မထားဘူး။ ရံဖန်ရံခါတော့ ဖတ်ကြည့်မိတယ်။ တချို့ဆောင်းပါးတွေ သတင်းတွေကို ကြိုက်ပေမဲ့ တချို့တော့လည်း ပြဿနာဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်လို့ ရဟန်းတော် တပါးအနေနဲ့ မလုပ်ပါနဲ့ လို့ ကန့်ကွက်ချင်တာ အမှန်ပဲ။

ဒါပေမဲ့ ၉၆၉ ကို ဖျက်ရမယ်လို့ လေသံလွှင့်လာတဲ့အခါမှာ ပြောစရာတွေ ရှိလာတယ်။
၉၆၉ ဆိုတာ ဘင်္ဂလီကိစ္စပြီးမှ ပေါ်လာတာ။ ဘယ်သူကမှ ၉၆၉ လုပ်ဘို့ အရင်တုန်းက စဉ်းစားခဲ့တာ မရှိဘူး။ ဘာကြောင့် ပေါ်လာသလဲ ပြန်စဉ်းစားကြည့်ကြပါ။ ပြည်တွင်း၊ ပြည်ပနေ နိုင်ငံသားမူစလင်များက အမေကျော် ဒွေးတော်လွမ်းပြီး ရိုဟင်ဂျာ နာမည် လက်ခံရမယ် ဆိုတာကို ဆက်တိုက် အော်လို အော်၊ ပြည်တွင်းမှာနေသူတွေက ခွဲခြမ်း ခွဲခြမ်း နဲ့လူအမြင်ကပ်အောင် ခေါင်းမြီးချုံလို ချုံ (ကျွန်တော်တို့ ငယ်ငယ်က လုံးဝ မတွေ့ဘူးဖူး)၊ ပိုဆိုးတဲ့ အချက်က အင်္ဂလိပ်လက်ထက်ကတည်းက ပြဌန်းခဲ့တဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအောက်မှာ မူစလင်နဲ့ လက်ထပ်သူ ဘာသာခြားမိန်းကလေးတွေအားလုံးကို သူတို့ဘာသာထဲ အတင်းအဓမ္မ သွတ်သွင်းတဲ့ ကိစ္စပဲ။ ဒီလိုနည်းနဲ့ သာသနာပြုခဲ့တာ ဘယ်နှစ်ယောက် ရှိသွားပြီလဲ။ ဘယ်သူမှ မသိကြဘူး။

မိမိရဲ့ကိုးကွယ်ယုံကြည်ခွင့်ကို မတရား ဖိနှိပ်ခံရတဲ့ မြန်မာမိန်းကလေးတွေ ဘယ်နှစ်ယောက် ရှိသွားပြီလဲ။ ၉၆၉ မကောင်းဘူး၊ ဖျက်ပေးပါလို့ အော်နေတဲ့ ခင်ဗျားတို့က အကာအကွယ် တခုခု ပေးနိုင်ခဲ့သလား။ အစိုးရကိုရော ဒီမတရားမမျှတတဲ့ ဥပဒေပြင်ပေးပါလို့ ဥပဒေမှာ တင်သွင်းသူ ဘယ်နှစ်ယောက် ထွက်လာပြီလဲ။

အခု မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းမှာ တိတ်တိတ်ပုန်းဗလီတွေ ရှိတယ်။ အဲဒါတွေကရော ဘယ်သူက အရေးယူသလဲ။ ရပ်ကွက်လူကြီးက အရေးယူရဲသလား။ သက်ဆိုင်ရာအစိုးရကရော ဘာအတွက်နဲ့ အရေးမယူခဲ့သလဲ။

ဒီမိုကရေစီကို ဖင်ထောင်ပြီး အော်နေတဲ့ နိုင်ငံတွေမှာ လာကြည့်စမ်းပါ။ ဥပဒေဆိုတာ တခုတည်းပဲ ရှိတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အောက်မှာ လက်ထပ်ထိမ်းမြားခြင်းဥပဒေ၊ အမွေဆက်ခံခြင်း ဥပဒေဆိုတာ တခုတည်းပဲ ထားတယ်။ ဘယ်သူက ဘယ်သူ့ယူယူ အိမ်ထောင့်တာဝန်၊ သားကြွေးမှု မယားကြွေးမှု တာဝန်တွေဟာ အတူတူပဲ။ ဘယ်သူက ဘယ်သူ့ကို ယူလို့ဆိုပြီး ဘယ်ဘာသာကို ပြောင်းပေးရမယ်ဆိုတာ လုံးဝ မရှိဘူး။ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးပြီး ပြဿနာတွေ တက်လွန်းလို့ Separation of Church and State ဆိုတာ ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးတွေမှာ တခါတည်း ပြဌန်းထားတယ်။ ဘာသာရေးမှာ ပြဌန်းထားတဲ့ ဥပဒေကို နိုင်ငံရေးအုပ်ချုပ်မှုထဲကို ဝင်မပါနိုင်အောင် တခါတည်းချုပ်ထားလိုက်တာပဲ။

ဘုရားစေတီတည်ချင်သလား၊ ဗလီဆောက်ချင်သလား။ အစိုးရကျောင်း ဆောက်ချင်သလား။ ဒေသခံ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကိုသာ သာမကဘူး၊ ရပ်ကွက်နေလူထုရဲ့ သဘောတူညီချက်ကိုပါ ယူရတယ်။ တိတ်တိတ်ခိုးဆောက်တယ်နော်။ ရပ်ကွက်က တိုင်မယ်။ သာမန်လူနေအိမ်တစ်အိမ်ကို လူတွေ အဝင်အထွက်များတယ်နော်။ ရပ်ကွက်က တိုင်မယ်။ ချက်ချင်း ချိတ်ပိတ်ခံရမယ်။ ဘူလ်ဒိုဇာနဲ့ကို လာတိုက်သွားမှာ။ အခု မြန်မာပြည်မှာက ဘာလုပ်ချင်သလဲ။ လုပ်ချင်တာမှန်သမျှ လုပ်လို့ ရနေတယ်။ ဒေါ်စုပြောနေတဲ့ Lack of Rule of Law ဆိုတာ ဒါကို ပြောတာ။ အစိုးရက သူလုပ်ရမဲ့ အလုပ်တွေကို မလုပ်ခဲ့ဘူး။ ပြည်သူလူထုအပေါ်မှာ နှစ်ပေါင်းများစွာ အကြွေးတင်နေခဲ့တယ်။

နိုင်ငံတနိုင်ငံမှာ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို အစိုးရက မကာကွယ်နိုင်ခဲ့ရင် လူထုက သူတို့ အခွင့်အရေးကို သူတို့နည်း သူတို့ဟန်နဲ့ ကာကွယ်ဘို့ ကြိုးစားလာတာ ဓမ္မတာပဲ။ ၉၆၉ ကို ဖွဲ့တဲ့လူကို သွားအပြစ်ပြောလို့ မရတော့ဘူး။ အပြစ်ပြောရမှာက အစိုးရကို.

No comments: