Tuesday, March 26, 2013

ပြည်တွင်းစစ် (Cival War)



(Gun N Roses ရဲ့ သီချင်းကို ကဗျာဆရာအံ့မောင် ဘာသာပြန်ထားတာကို ပြန်လည်ခံစားကြည့်ပေါ့.ကျနော်တို့နိုင်ငံက စစ်အာဏာရှင်သရုပ်သကန်နဲ့ သံပတ်ပေးထားသလို စစ်သားအရုပ်တွေရဲ့ သဘာဝတွေကို မြင်ရမယ်၊ )

ပြည်တွင်းစစ်
ဒီမှာ ဒို့ရလာတာက လက်လှမ်းမမီတဲ့ လူတချို့ကို
ဆက်သွယ်လို့ မရနိုင်တာပဲ၊
အဲဒါပဲ သူလိုချင်တဲ့လမ်း၊
အဲ..အဲဒါ သူရပြီလေ
အဲဒီလမ်းကတော့ မင်းတို့ထက် ငါက ပိုမကြိုက်။

မင်းတို့ရဲ့ လူငယ်တွေကိုလု (ကြောက်ပစေ)
မင်းတို့ရဲ့ မိန်းမတွေကိုလု (ကြောက်ပစေ)
မင်းတို့ရဲ့ လူငယ်တွေကိုလု (သေပစေ)
အမြဲ သူတို့လုပ်လာတာပဲ။

ဒို့ မွေးလိုက်တဲ့ အမုန်းကိုကြည့်စမ်း
ဒို့ကျွေးလိုက်တဲ့ အကြောက်ကိုာကည့်စမ်း
ဒို့လုပ်ချင်သလို လုပ်ခဲ့တဲ့ အသက်တွေကို ကြည့်စမ်း
ဒီလိုပဲ အရင်ကလည်း အမြဲဒို့ လုပ်လာတာပဲ။

ငါ့လက်တွေကို တုပ်နှောင်ထားတယ်
ကုဋေကုဋာ ဟိုကဒီ
ဒီကဟို လက်ပြောင်းနေ
ဦးနှောက်ဆေးကြောထားတဲ့မာနနဲ့
စစ်တွေကတော့ ဖြစ်နေဆဲ
ဘုရားသခင်ကို ကြည်ညိုတာ
လူ့အခွင့်အရေးကို မြတ်နိုးတာ
ဒို့ချစ်သမျှ အရာတွေအားလုံး
သွေးစွန်းလက်တွေကလွှင့်ပစ်
ခေတ်က ဒင်းတို့ကို မတားနိုင်
မင်းတို့ရဲ့ လူမျိုးဖြုတ်ပွဲကြီးက
ဒါတွေအားလုံး တိုက်လွှင့်သွား
ဒို့ပြည်တွင်းစစ်ရဲ့မုသားတွေ
သမိုင်းကဖုံးဝှက်ပေးနေ။

“ငြိမ်းချမ်းရေး တည်မြဲပါစေ”
အော်တဲ့သူကို သူတို့ပစ်သတ်တုံး
လက်မောင် ပတ် အနက်ကို
မင်းပတ်ထားသလား
ငါ့ရဲ့ ပထမဆုံး မှတ်ဥာဏ်ပြင်မှာ
ကနေဒီကို သူတို့ပစ်သတ်လိုက်တာ
ငါမြင်မိလို့ ထုံ အ သွား
ဗီယက်နမ်အတွက် ငါမခံစားတတ်တော့ဖူး
မဟူရာတံတိုင်းကြီးက
ဒို့အားလုံးကို သတိပေးနေ
လွတ်လပ်ခွင့်ဆိုတာ
ကိုယ့်လက်ထဲမှာ ဆုတ်ထားတာမဟုတ်ရင်
ယုံလို့မရဖူး။
ဗျာဒိတ်ရ နိုင်ငံတော်ကြီးအတွက်
လူငယ်တွေတိုက်နေတုန်း။

ငါကတော့ မင်းတို့ရဲ့ ပြည်တွင်းစစ်ကိုမလိုချင်
ဒီစစ်က သူဌေးတွေကို ဌေးသည်ထက် ဌေးစေ
ဆင်းရဲသူကို မြေကြီးအောက်ရောက်စေ
မင်းတို့ရဲ့ အာဏာရူးကြီးတွေက
စစ်သားတွေကို
လူကုန်တိုက်ကြီးမှာ တင်ရောင်းနေတယ်
လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး
ငါတော့ မင်းတို့ ပြည်တွင်းစစ်ကို မလိုချင်။

မင်းစီးနေတဲ့ ဘိနပ်ကိုကြည့်စမ်း
ဒို့ကြောင့် အန်ပွက်ထွက်လာတဲ့
သွေးတွေကို ကြည့်စမ်း
ဒို့သတ်နေတဲ့ ကမ္ဘာကြီးကို ကြည့်စမ်း
ဒီလိုပဲ အရင်ကလည်း အမြဲ ဒို့ လုပ်လာတာပဲ။
ဒို့လူးနေတဲ့ သံသယညွှန်ကြီးကို ကြည့်စမ်း
ဒို့ထမ်းထားတဲ့ ခေါင်းဆောင်တွေကိုြ့ည့်စမ်း
ဒို့မျိုချလိုက်တဲ့ မုသားတွေကို ကြည့်စမ်း
ငါ..ငါ..ဘာမှ..ဘာမှ..မကြားချင်တော့ဖူး..။

ငါ့လက်တွေကိုတုပ်နှောင်ထားတယ်
မြင်တွေ့ခဲ့သမျှတွေကြောင့်
ငါ စိတ်ပြောင်းသွားပြီ
ဒါပေမဲ့ စစ်တွေက ဆက်ဖြစ်နေတယ်
နှစ်တွေ လွန်လို့ လွန်လို့သွား။

ဘုရားသခင်ကိုလည်း မကြည်ညိုနိုင်တော့ဖူး
လူ့အခွင့်အရေးတွေကိုလည်း မမြတ်နိုးနိုင်တော့ဖူး
လူသတ်သာသနာပြုနေကြတဲ့သူတွေက
သွေးစွန်းလက်ကြီးတွေနဲ့
ဒို့အိပ်မက်တွေ အားလုံးကို လွှင့်ပစ်လိုက်ကြပြီ
ဒီပြည်တွင်းစစ်ရဲ့ အမာရွတ်တွေ
သမိုင်းမှာထင်နေပြီ။

မင်းတို့ပြည်တွင်းစစ်ကို ငါမလိုချင်
ဒီစစ်က သူဌေးတွေကို ဌေးသည်ထက် ဌေးစေ
ဆင်းရဲသူကို မြေကြီးအောက်ရောက်စေ
မင်းတို့ရဲ့ အာဏာရူးကြီးတွေက
စစ်သားတွေကို
လူကုန်တိုက်ကြီးမှာ တင်ရောင်းနေတယ်
လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး

မင်းတို့ပြည်တွင်းစစ်ကို ငါမလိုချင်
မင်းတို့ပြည်တွင်းစစ်ကို ငါမလိုချင်
မင်းတို့ပြည်တွင်းစစ်ကို ငါမလိုချင်
နောက်ထပ်စစ်တပွဲ ငါမလိုချင်
စစ်ဆိုတာ ဘာယဉ်ကျေးတာရှိသလဲ။
(ဆရာအံ့မောင် ဘာသာပြန်။ ၁၉၉၆ သင့်ဘ၀မဂဇင်းအမှတ် ၁ မှ)
ပြည်တွင်းစစ် (Cival War)

(Gun N Roses ရဲ့ သီချင်းကို ကဗျာဆရာအံ့မောင် ဘာသာပြန်ထားတာကို ပြန်လည်ခံစားကြည့်ပေါ့.ကျနော်တို့နိုင်ငံက စစ်အာဏာရှင်သရုပ်သကန်နဲ့ သံပတ်ပေးထားသလို စစ်သားအရုပ်တွေရဲ့ သဘာဝတွေကို မြင်ရမယ်၊  )

      ပြည်တွင်းစစ်
ဒီမှာ ဒို့ရလာတာက လက်လှမ်းမမီတဲ့ လူတချို့ကို
ဆက်သွယ်လို့ မရနိုင်တာပဲ၊
အဲဒါပဲ သူလိုချင်တဲ့လမ်း၊ 
အဲ..အဲဒါ သူရပြီလေ
အဲဒီလမ်းကတော့ မင်းတို့ထက် ငါက ပိုမကြိုက်။

မင်းတို့ရဲ့ လူငယ်တွေကိုလု (ကြောက်ပစေ)
မင်းတို့ရဲ့ မိန်းမတွေကိုလု (ကြောက်ပစေ)
မင်းတို့ရဲ့ လူငယ်တွေကိုလု (သေပစေ)
အမြဲ သူတို့လုပ်လာတာပဲ။

ဒို့ မွေးလိုက်တဲ့ အမုန်းကိုကြည့်စမ်း
ဒို့ကျွေးလိုက်တဲ့ အကြောက်ကိုာကည့်စမ်း
ဒို့လုပ်ချင်သလို လုပ်ခဲ့တဲ့ အသက်တွေကို ကြည့်စမ်း
ဒီလိုပဲ အရင်ကလည်း အမြဲဒို့ လုပ်လာတာပဲ။

ငါ့လက်တွေကို တုပ်နှောင်ထားတယ်
ကုဋေကုဋာ ဟိုကဒီ
ဒီကဟို လက်ပြောင်းနေ
ဦးနှောက်ဆေးကြောထားတဲ့မာနနဲ့
စစ်တွေကတော့ ဖြစ်နေဆဲ
ဘုရားသခင်ကို ကြည်ညိုတာ
လူ့အခွင့်အရေးကို မြတ်နိုးတာ
ဒို့ချစ်သမျှ အရာတွေအားလုံး
သွေးစွန်းလက်တွေကလွှင့်ပစ်
ခေတ်က ဒင်းတို့ကို မတားနိုင်
မင်းတို့ရဲ့ လူမျိုးဖြုတ်ပွဲကြီးက
ဒါတွေအားလုံး တိုက်လွှင့်သွား
ဒို့ပြည်တွင်းစစ်ရဲ့မုသားတွေ
သမိုင်းကဖုံးဝှက်ပေးနေ။

“ငြိမ်းချမ်းရေး တည်မြဲပါစေ”
အော်တဲ့သူကို သူတို့ပစ်သတ်တုံး
လက်မောင် ပတ် အနက်ကို
မင်းပတ်ထားသလား
ငါ့ရဲ့ ပထမဆုံး မှတ်ဥာဏ်ပြင်မှာ
ကနေဒီကို သူတို့ပစ်သတ်လိုက်တာ
ငါမြင်မိလို့ ထုံ အ သွား
ဗီယက်နမ်အတွက် ငါမခံစားတတ်တော့ဖူး
မဟူရာတံတိုင်းကြီးက
ဒို့အားလုံးကို သတိပေးနေ
လွတ်လပ်ခွင့်ဆိုတာ
ကိုယ့်လက်ထဲမှာ ဆုတ်ထားတာမဟုတ်ရင် 
ယုံလို့မရဖူး။
ဗျာဒိတ်ရ နိုင်ငံတော်ကြီးအတွက်
လူငယ်တွေတိုက်နေတုန်း။

ငါကတော့ မင်းတို့ရဲ့ ပြည်တွင်းစစ်ကိုမလိုချင်
ဒီစစ်က သူဌေးတွေကို ဌေးသည်ထက် ဌေးစေ
ဆင်းရဲသူကို မြေကြီးအောက်ရောက်စေ
မင်းတို့ရဲ့ အာဏာရူးကြီးတွေက
စစ်သားတွေကို
လူကုန်တိုက်ကြီးမှာ တင်ရောင်းနေတယ်
လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး
ငါတော့ မင်းတို့ ပြည်တွင်းစစ်ကို မလိုချင်။

မင်းစီးနေတဲ့ ဘိနပ်ကိုကြည့်စမ်း
ဒို့ကြောင့် အန်ပွက်ထွက်လာတဲ့ 
သွေးတွေကို ကြည့်စမ်း
ဒို့သတ်နေတဲ့ ကမ္ဘာကြီးကို ကြည့်စမ်း
ဒီလိုပဲ အရင်ကလည်း အမြဲ ဒို့ လုပ်လာတာပဲ။
ဒို့လူးနေတဲ့ သံသယညွှန်ကြီးကို ကြည့်စမ်း
ဒို့ထမ်းထားတဲ့ ခေါင်းဆောင်တွေကိုြ့ည့်စမ်း
ဒို့မျိုချလိုက်တဲ့ မုသားတွေကို ကြည့်စမ်း
ငါ..ငါ..ဘာမှ..ဘာမှ..မကြားချင်တော့ဖူး..။

ငါ့လက်တွေကိုတုပ်နှောင်ထားတယ်
မြင်တွေ့ခဲ့သမျှတွေကြောင့်
ငါ စိတ်ပြောင်းသွားပြီ
ဒါပေမဲ့ စစ်တွေက ဆက်ဖြစ်နေတယ်
နှစ်တွေ လွန်လို့ လွန်လို့သွား။

ဘုရားသခင်ကိုလည်း မကြည်ညိုနိုင်တော့ဖူး
လူ့အခွင့်အရေးတွေကိုလည်း မမြတ်နိုးနိုင်တော့ဖူး
လူသတ်သာသနာပြုနေကြတဲ့သူတွေက
သွေးစွန်းလက်ကြီးတွေနဲ့
ဒို့အိပ်မက်တွေ အားလုံးကို လွှင့်ပစ်လိုက်ကြပြီ
ဒီပြည်တွင်းစစ်ရဲ့ အမာရွတ်တွေ
သမိုင်းမှာထင်နေပြီ။

မင်းတို့ပြည်တွင်းစစ်ကို ငါမလိုချင်
ဒီစစ်က သူဌေးတွေကို ဌေးသည်ထက် ဌေးစေ
ဆင်းရဲသူကို မြေကြီးအောက်ရောက်စေ
မင်းတို့ရဲ့ အာဏာရူးကြီးတွေက
စစ်သားတွေကို
လူကုန်တိုက်ကြီးမှာ တင်ရောင်းနေတယ်
လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး

မင်းတို့ပြည်တွင်းစစ်ကို ငါမလိုချင်
မင်းတို့ပြည်တွင်းစစ်ကို ငါမလိုချင်
မင်းတို့ပြည်တွင်းစစ်ကို ငါမလိုချင်
နောက်ထပ်စစ်တပွဲ ငါမလိုချင်
စစ်ဆိုတာ ဘာယဉ်ကျေးတာရှိသလဲ။
(ဆရာအံ့မောင် ဘာသာပြန်။ ၁၉၉၆ သင့်ဘ၀မဂဇင်းအမှတ် ၁ မှ)

No comments: