Wednesday, March 20, 2013

စိတ်ချရသည့်အနေအထားရောက်လျှင် မတရားသင်းသတ်မှတ်ထားမှုများ ပယ်ဖျက်ပေးမည်ဟု ဦးအောင်မင်း ပြောကြား

"
ရန်ကုန်၊ မတ် ၁၉

မတရားသင်းများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ထွက်ပေါ်လာခဲ့ပြီး ၅ ရက်အကြာ ပြီးခဲ့သော တနင်္ဂနွေက စိတ်ချရသည့် အနေအထားရောက်လျှင် မတရားသင်း သတ်မှတ်ထားမှုများကို
ပယ်ဖျက်ပေးသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ယင်းသို့ ပြောဆိုမှုသည် ကြို ဆိုလက်ခံရမည့် ကိစ္စဖြစ်သလို၊ တိကျသော သတ်မှတ်ချက်မပါဝင်ဘဲ ပြေရာပြေကြောင်းလက်လွတ်စပယ် ပြောကြားချက်စကားရပ်အချို့အဖြစ် တိုင်းရင်းသား အဖွဲ့အစည်းအချို့နှင့် ယခင်က မတရားသင်းအဖြစ် သတ် မှတ်ခံထားရသော အဖွဲ့အစည်းအချို့ တို့ကြားတွင် သဘောထားနှစ်ရပ် ကွဲလွဲလျက်ရှိနေသည်။ အထူးသဖြင့် မတရားသင်းဥပဒေ၊ နိုင်ငံရေးအ

ကျဉ်းသား စသည်တို့ကို လက်နက်တစ်ခုသဖွယ်အသုံးချခြင်းမဟုတ်ဘဲ တိုင်းပြည်ပြုပြင် ပြောင်းလဲရေးနှင့် ပဋိပက္ခများ အဆုံးသတ်ရန်ကြိုးစား သည့်နေရာ၌ အရေးကြီးလုပ်ငန်းစဉ် ကို ဆောင်ရွက်အကောင် အထည် ဖော်ခြင်းအဖြစ်နားလည်ရန် လိုအပ်ကြောင်း လက်ရှိအချိန်အထိမတရားသင်းအဖြစ် သတ်မှတ်ခံထားရသော ABSDF အဖွဲ့ ဗဟိုဦးဆောင်ကော် မတီဝင် ကိုကျော်ကိုက

ပြောသည်။ ''ပယ်ဖျက်ပေးမယ်ဆိုရင် ကောင်းပါ တယ်။ မပယ်ဖျက်ပေးရင် သူတို့ လည်း မတရားသင်းနဲ့ဆက်သွယ်သူ တွေ ဖြစ်သွားမှာပေါ့''ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း က ပြောသည်။

လက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအဝင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့အစည်းဝင်များ ပြည်တွင်း ပြည်ပမီဒီယာများသည် ယခင်စစ်အစိုးရလက်ထက်က မတ ရားသင်းအဖြစ်
သတ်မှတ်ခံထားရသော အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများ ရှိနေ၍ ယင်းအဖွဲ့အစည်းများအား မတရားသင်းမှပယ်ဖျက်ကြောင်း နိုင်ငံတော်မှ တရားဝင်ထုတ်ပြန်ချက်တစ်စုံ တစ်ရာမရှိခဲ့သဖြင့် ဥပဒေကြောင်း
အရကြည့်မည်ဆိုလျှင် ယင်းတို့သည် မတရားသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊(၂)များဖြင့် ငြိစွန်းနေသည်။

''အခြေအနေ အကြောင်းအ ချက်တချို့ကြောင့် ၁၇ (၁)၊ (၂) ကို တော့ လောလောဆယ် ပယ်ဖျက်ဖို့ မရှိသေးဘူး။ ပယ်ဖျက်လို့လည်းကျွန် တော်ကမရဘူး'' ဟု ဝန်ကြီးဦးအောင် မင်းက ပြောသည်။

မတရားသင်း သတ်မှတ်ချက်နှင့်ပတ်သက်၍ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ပြည် ပ)က မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်က မတရားသင်းသတ်မှတ်မှုကို တရား ဝင် ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ဖူးရာ ယခုလ ၂၇ ရက် နောက်ပိုင်းတွင် သေချာသိရမည်ဟု အကြောင်းပြန် ကြားမှုရခဲ့ကြောင်း သိရသည်။

''ပယ်ဖျက်ပေးမယ်ဆိုရင် ပြည် ပက လူတွေ ပြန်လာရတာလည်း အဆင်ပြေတာပေါ့''ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ပြည်တွင်း) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

သို့ရာတွင် မတရားအသင်းတွေ ပယ်ဖျက်ပေးမည်ဆိုလျှင် မည်သည့် အသင်းအဖွဲ့အစည်းတွေဆိုသည်ကို အတိအကျသိရှိရန် လိုအပ်ကြောင်း၊ သို့မှသာ တကယ်ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ
လုပ်နေသည့်အသင်း အဖွဲ့များအနေဖြင့် ယခင်ကထက်ပိုပြီး ပွင့်ပွင့်လင်းလင်း လုပ်လာနိုင်မည်ဟု ထင်ကြောင်း၊ အစိုးရဘက်မှလည်း ရိုးသားရန် လိုအပ်မည်ထင်ကြောင်း၊ ငါးစာချကျွေးပြီး ငါးတွေပြုံလာတော့
မှ ကွန်ပစ်ဖမ်းတာမျိုး မဖြစ်စေချင် တော့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အ ဖွဲ့ဝင် ကိုလပြည့်ဝေးက ပြောသည်။

ယခင် စစ်အစိုးရလက်ထက်က ကေအိုင်အို၊ ကေအင်န်ယူ၊ ဒီကေဘီ အေ အစရှိသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် မကဒတ၊ လူ့ဘောင်သစ်၊ NCGUB အစရှိသော အသင်းအဖွဲ့များကို မတရားသင်းအဖြစ် ကြေညာခဲ့သည်။ လက်ရှိအချိန်အထိ အဆိုပါ အဖွဲ့အစည်းများအား မတရားသင်းမှ ပယ်ဖျက်ကြောင်း တရားဝင်ထုတ်ပြန်ချက်မရှိသေးသလို ယင်းအဖွဲ့အ
စည်းများအား ဆက်သွယ်မှုဖြင့် ဖမ်းဆီးအရေးယူ ခံရမှုအချို့လည်း အကျဉ်းကျခံရဆဲပင်ရှိကြောင်း နိုင်ငံရေးအကျဉ်းသား သတ်မှတ်ချက် ထုတ်ပြန်မှု စာရင်းအပေါ် အခြေခံ၍ သိရှိရသည်။

ဥာဏ်လင်းအောင်

No comments: