Tuesday, March 26, 2013

ရာဇဝတ်မကင်းသော ပစ္စည်းအလွဲသုံးစားမှု

ဗဟုသုတရရှိစေရန်ရည်ရယ် ၍ ရဲဇာနည် မှကူးယူဖေါ်ပြပါသည်
ဘလော့ဂါ
 
 
၎ဝ၃။ ။မည်သူမဆို၊ ရွေ့ပြောင်းနိုင်သောပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြုလျှင် သို့တည်း မဟုတ် မိမိ၏ ပစ္စည်းအဖြစ် ပြောင်းလွဲခြင်းပြုလုပ်လျှင်၊ ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမ

ဥပမာများ

(က) မောင်မဲပိုင် ပစ္စည်းကို မောင်ဖြူက မိမိပိုင်ပစ္စည်းဟု ယုံကြည်၍၊ မောင်မဲ၏ လက်ရှိမှ ထိုပစ္စည်းကို သဘောရိုးဖြင့်ယူ၏။ ထိုသို့ယူသဖြင့် မောင်ဖြူသည် ခိုးမှုမကျူးလွန်။ သို့ရာတွင် မောင်ဖြူသည် မိမိပစ္စည်းမဟုတ် ကြောင်း သိပြီးနောက်၊ ထိုပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် မိမိ၏ပစ္စည်းအဖြစ်ဖြင့် အသုံးပြုလျှင်၊ ဤ ပုဒ်မအရ ပြစ်မှုကျူးလွန်သည်။

(ခ) မောင်ဖြူသည် မောင်မဲနှင့် မိတ်ဆွေဖြစ်သည့် အလျောက် မောင်မဲမရှိခိုက် မောင်မဲ၏ စာကြည့် တိုက်သို့ သွားရောက်၍ မောင်မဲ၏ အတည့်အလင်းသဘောတူချက်မရရှိဘဲ စာအုပ်တစ်အုပ်ကို ယူသွား၏။ ဤတွင် မောင်ဖြူသည် မောင်မဲ၏ စာအုပ်ကို ဖတ်ရန် အလို့ငှာ ရယူခြင်းအတွက် မောင်မဲသဘောတူရာ ရောက်သည်ဟု ထင်မြင်လျှင်၊ ခိုးမှုကို မကျူးလွန်။ သို့ရာတွင် မိမိအကျိုးအတွက် ထိုစာအုပ်ကို နောင်အခါတွင် ရောင်းစားလျှင်၊ မောင်ဖြူသည် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သည်။

(ဂ) မောင်ဖြူနှင့် မောင်နီတို့သည် မြင်းတစ်ကောင်ကို အတူပိုင်ကြ၏။ မောင်ဖြူသည် အသုံးပြုရန် အကြံနှင့် မောင်နီ၏ လက်ရှိမှ ထိုမြင်းကို ရယူ၏။ ဤတွက် မောင်ဖြူသည် ထိုမြင်းကို သုံးစွဲပိုင်ခွင့်ရှိသဖြင့် မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြုသည် မမည်။ သို့ရာတွင် မောင်ဖြူသည် မြင်းကို ရောင်း၍၊ မိမိအသုံးပြုမှုအတွက် ရောင်းရငွေ အားလုံးကို သုံးစားခြင်းပြုလျှင်၊ ဤပုဒ်မအရ ပြစ်မှုကျူးလွန်သည်။ အပြည့်အစုံအား http://myanmarpoliceforce.org/index.php?option=com_content&view=category&layout=blog&id=113&Itemid=768 တွင်သွားရောက်ဖတ်ရျူနိုင်ပါသည်။

No comments: