Tuesday, March 26, 2013

တပ်မတော်နေ့နှင့် ပတ်သက်၍

မတ်လ(၂၇)ရက်နေ့ကို တပ်မတော်နေ့လို့ သုံးရင်တပ်မတော်တစ်ခုတည်းကို ကိုယ်စားပြုသလိုဖြစ်သွားပြီ ဖက်ဆစ်တွေကို အသက် ၊သွေး ၊ချွေး ပေးဆပ်တော်လှန်ခဲ့တဲ့ ရဟန်းရှင်လူတွေကိုအသိအမှတ်မပြုရာရောက်မယ်

March 26, 2013

မတ်လ(၂၇)ရက်တွင် ကျရောက်သော တပ်မတော်နေ့နှင့် ပတ်သက်၍ နိုင်ငံရေးနယ်ပယ်နှင့် အစိုးရနယ်ပယ်ပိုင်းမှ အယူအဆ သဘောထားကွဲလွဲမှုရှိနေပြီး ယင်းနှင့်ပတ်သက်၍ နိုင်ငံရေး နယ်ပယ်မှမူ ဖက်ဆစ်ဘီလူးများအား အမိမြေမှ မောင်းထုတ် တော်လှန်ခဲ့ကြသည့်နေ့အား ဖက် ဆစ်တော်လှန်ရေးနေ့ဟူ၍သာ သုံးနှုန်းကြပြီး တပ်မတော်နေ့ဟူ သည့် အသုံးအနှုန်းအား လက်မခံကြပေ။ ယင်းသို့ အယူအဆ ကွဲလွဲမှု နှင့်ပတ်သက်၍ Hot News သတင်းထောက်မှ နိုင်ငံ ရေးနယ်ပယ်မှ ယင်းသို့ အယူ အဆ ကွဲလွဲရမှုနှင့်ပတ်သက်၍ သဘောထားသုံးသပ်ချက်အား ပြည်သူများ သိနိုင်စေရန်အတွက် မြန်မာ့နိုင်ငံရေးနယ်ပယ်၌ ထင်ရှားသော ၀ါရင့်နိုင်ငံရေးသမားများအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ ဦးတင်ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး)
ကျွန်တော်တို့ကတော့ တော်လှန်ရေးနေ့လို့ ခေါ်တယ်။ အဲဒီအတိုင်း တော်လှန်ရေးနေ့ ဆိုပြီးပဲ ကျင်းပတယ်။ သူတို့ဘက် ကတော့ တပ်မတော်နေ့ဆိုပြီး လုပ်တာပေါ့နော်။ အမှန်ကတော့ မတ်လ (၂၇)ရက်ဟာ ဖက်ဆစ် တော်လှန်ရေးနေ့ပါ။ တစ်ပြည် လုံးအတိုင်းအတာနဲ့ ဖက်ဆစ် ကိုတော်လှန်ခဲ့တာ အဲဒီနေ့ပဲ လေ။ အရင်က ဒီနေ့လို တပ်မ တော်နေ့ရယ်လို့ သတ်မှတ်ထား တာမရှိပါဘူး။ အိမ်စောင့်အစိုးရ လက်ထက်ကြမှ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ဆိုပြီး မတ်လ (၂၇)ရက်ကို တပ်မတော် နေ့ဆိုပြီး ပြောင်းလိုက်တာပဲ။ အမှန်မူလကတော့ ဖက်ဆစ် တော်လှန်ရေးနေ့ပါ။ အဲဒါကို တပ်မတော်နေ့ဆိုပြီး သူတို့ပြောင်း လိုက်ကြတာပဲ။ အမှန်ကတော့ တပ်မတော်နေ့ဆိုပြီး သူတို့ပြော ရင် တပ်မတော်ကို မွေးဖွားလိုက် တဲ့နေ့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ (၂၇)ရက် ဘန်ကောက်မှာ တပ် မတော်စဖွဲ့တာကို ပြောရမှာပေါ့ လေ။ ဒါကြောင့် မတ်လ (၂၇) ဟာ တပ်မတော်နေ့မဟုတ်ဘူး။ ဖက်ဆစ်တော်လှန်ရေးနေ့ပဲ၊ အဲဒီ နေ့မှာတစ်တိုင်းပြည်လုံးတစ်မျိုး သားလုံးက ဖက်ဆစ်ကို စတော် လှန်တာပဲ။ အဲဒီနေ့က ဗိုလ်ချုပ် အောင်ဆန်းက ဖက်ဆစ်ဘီလူး တွေကို အမိမြေက မောင်းထုတ် ဖို့ တော်လှန်ဖို့အတွက်ကို အဓိဌာန်ပြုပြီးတော့ မတ်လ (၂၇) ရက်ကို ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်တာပဲ။ နောက် မှသာ မဆလအစိုးရလက်ထက် ကြမှသာ တပ်မတော်နေ့ဆိုပြီး ဖြစ်လာတော့တာ ဖက်ဆစ်တော် လှန်ရေးနေ့လို့ခေါ်တာက အမှန် ဆုံးပဲ တပ်မတော်နေ့ဆိုပြီးပြော ရင် တပ်မတော်ရဲ့အခန်းကဏ္ဍ တစ်ခုထဲလို့ပြောပြီး တစ်မျိုးသား လုံးရဲ့ ဖက်ဆစ်တော်လှန်ခဲ့တဲ့ အခန်းကဏ္ဍကို ဥပေက်္ခာပြုထား သလိုဖြစ်နေမယ်။ ပြောရရင် အယူအဆတွေတော့ ကွဲကြတာ ပေါ့နော်။ တပ်မတော်နေ့လို့ဆို ရင် တပ်မတော်ကို စတင်မွေး ဖွားလိုက်တဲ့ ဒီဇင်ဘာ (၂၇)ရက် ကို သတ်မှတ်ရမှာပေါ့။ ဟုတ် တယ်လေ။ အဲဒီနေ့မှာ တပ်မ တော်ကြီး စတင်မွေးဖွားခဲ့တာ မတ်လ(၂၇)ရက်မှာ တပ်မတော် ကြီးစတင်မွေးဖွားခဲ့တာမဟုတ် ဘူး။ မတ်လ (၂၇)ရက်မှာ တစ် ပြည်လုံးက ဖက်ဆစ်ဘီလူးတွေ ကို စတင်တော်လှန်ခဲ့တာ အဲဒီလို တပ်မတော်နေ့ဆိုပြီး လုပ်လို့မရ ဘူး။ လုပ်တာကလည်း အစိုးရ ဘက်က လုပ်နေတာ။ ကျွန်တော် တို့အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရော နိုင်ငံရေးအဖွဲ့အစည်း တွေကရော မတ်လ (၂၇)ရက် ကို တော်လှန်ရေးနေ့လို့ပဲသုံး တယ်။ ဖက်ဆစ်တော်လှန်ရေးနေ့ အခန်းအနားဆိုပြီးပဲ ကျင်းပပါ တယ်။ သတို့ဘက်ကတပ်မတော် နေ့ရယ်ဆိုပြီး လုပ်တာနဲ့ပတ် သက်ပြီးတော့ ဘာမှတော့ မပြောလိုပါဘူး။
ဦးဝင်းတင် ၀ါရင့်နိုင်ငံရေးသမားကြီး နှင့် သတင်းစာဆရာကြီး
မတ်လ(၂၇)ရက်မှာ ကျ ရောက်တဲ့ တော်လှန်ရေးနေ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို သူတို့ဘက်ကတော့ တပ်မတော် နေ့လို့သုံးကြတယ်။ တပ်မတော် နေ့ဆိုရင် ဒါဟာ ဖက်ဆစ်ကို တော်လှန်ခဲ့တဲ့ ရဟန်းရှင်လူ ပြည် သူတစ်ရပ်လုံးကို ကိုယ်စားပြုရာ မရောက်တော့ပဲ တပ်မတော်ဆို တဲ့အဖွဲ့အစည်းတစ်ခုထဲကိုသာ ကိုယ်စားပြုရာရောက်နေတယ်။ ဒီလိုဆိုရင် ဖက်ဆစ်ဘီလူးတွေကို အသက်သွေးတွေ ပေးဆပ်ပြီး တွန်းလှန်ခဲ့တဲ့ ရဟန်းရှင်လူ ပြည် သူတစ်ရပ်လုံးရဲ့ အခန်းကဏ္ဍကို ဘယ်မှာသွားထားမလဲ ဘာပဲ ပြောပြော တပ်မတော်နေ့ဟာ တော်လှန်ရေးနေ့မှာ အခြေတည် တာပဲ။ ရှင်းရှင်းပြောရရင် တပ် မတော်နေ့လို့ သုံးတာကို သိပ်ပြီး တော့ လက်မခံချင်ဘူး။ တပ် မတော်နေ့လို့ လုပ်လိုက်တာဟာ ပြောရရင် ဒါဦးနေ၀င်းလုပ်ခဲ့တာ။ ဒီအသုံးအနှုန်းကိုက တပ်ဆိုတာ တစ်ခုထဲကိုပဲ ကိုယ်စားပြုထား တာလေ။ မတ်လ (၂၇)ရက်က ပြည်သူတစ်ရပ်လုံးက ဖက်ဆစ် စနစ်ကြီးကို တွန်းဖျက်တော်လှန် ခဲ့တဲ့ တော်လှန်ရေးနေ့ဖက်ဆစ် တော်လှန်ရေးနေ့ ဖက်ဆစ်တော် လှန်ရေးနေ့ ဒီလိုသုံးနှုန်းတာဟာ ဖက်ဆစ်ဘီလူးတွေကို တော်လှန် တိုက်ထုတ်ရာမှာ ပါဝင်ခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး ကို ကိုယ်စားပြုတာ တိုင်းပြည် အရေးအတွက် စွန့်လွှတ်စွန့်စား ပါဝင်ခဲ့တဲ့ လူငယ်လေးတွေ၊ အဘိုးအိုတွေအဘွားအိုတွေ အမျိုးသမီးတွေကို ကိုယ်စားပြု တာ နောက်ပြောရမယ်ဆိုရင် မြန်မာတွေရဲ့ သူ့ကျွန်မခံလိုတဲ့ စိတ်တိုင်းတစ်ပါးရဲ့ ချုပ်ခြယ်မှုကို ခေါင်းငုံ့မခံလိုတဲ့စိတ်နဲ့ တော်လှန် တယ်ဆိုတဲ့ အစဉ်အလာကောင်း ကို ပြလိုက်တာ။ ဒါကို တပ်မ တော်နေ့ဆိုပြီး သွားသုံးရင် ဖက် ဆစ်တော်လှန်ရေးမှာ အသက် သွေးတွေ ပေးဆပ်တိုက်ပွဲဝင်ခဲ့ တဲ့ ရဟန်းရှင်လူ ကျောင်းသား လူငယ်တွေ အသိအမှတ်မပြုရာ ရောက်သွားမှာပေါ့ ဒါကြောင့် အဲဒီဖက်ဆစ်ကိုတွန်းလှန်ပြီး လွတ်လပ်ရေးတိုက်ပွဲမှာ အသက် သွေးတွေပေးဆပ်ခဲ့တဲ့ ရဟန်းရှင် လူတွေကို ကိုယ်စားပြုတဲ့ တော် လှန်တယ်ဆိုတဲ့ အစဉ်အလာ ကောင်းကို ဖော်ညွှန်းနေတဲ့ ဖက် ဆစ်တော်လှန်ရေးနေ့ဆိုတဲ့အသုံး အနှုန်းကိုပဲ လက်ခံပါတယ်။
ကိုမင်းကိုနိုင်(၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
ဒီလိုဗျ ကျွန်တော်တို့ဘက် ကပြောရရင် တော်လှန်ရေးနေ့ ပေါ့ဗျာ။ တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းကိုက တပ်မတော် တစ်ခုထဲကို ကိုယ်စားပြုတာ မဟုတ်ဘဲနဲ့ ပြည်သူပြည်သား တွေ၊ ရဟန်းရှင်လူ ကျောင်းသား လူငယ်တွေ အားလုံးပူးပေါင်းဆောင် ရွက်တယ်ဆိုတာကိုပြောတာ ဖက်ဆစ်စနစ်ကြီးကို တော်လှန် ခဲ့တဲ့ထဲမှာ ရဟန်းရှင်လူပြည်သူ တွေ  မျိုးချစ်ကျောင်းသားလူငယ် တွေ အားလုံးပါဝင်ခဲ့တာလေ။ ဒါ ကြောင့် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ တော်လှန်ရေးနေ့ ဆိုတဲ့ အသုံးအနှုန်းကိုပဲ ကျွန် တော်တို့သုံးတယ်။ ဒီဟာက ကျွန် တော်အမြဲပြောတယ်။ ဖက်ဆစ် ကိုတော်လှန်တယ်ဆိုတဲ့အထဲမှာ အဘိုးအိုကြီးတွေ၊ အဘွားအိုကြီး တွေပါတယ်။ လူငယ်လေးတွေ ပါတယ်။ ကလေးတွေရော၊ အမျိုး သမီးတွေရော၊ အကုန်ပါခဲ့တယ်။ အဲဒီလိုမျိုး မျိုးချစ်စိတ်ကို အခြေ ခံတဲ့ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမတွေ အကုန်လုံးပါဝင်ပြီး တိုင်းပြည်အတွက် ဆင်နွှဲခဲ့တဲ့နေ့ မို့လို့ ကျွန်တော်တို့က တော်လှန် ရေးနေ့ဆိုပြီး ပြောတာပါ။ အဲဒီ အတိုင်းပဲ သုံးနှုန်းတာပါ။ တပ် မတော်ကြီးပဲမို့လို့ဆိုပြီးတော့လည်း ကွဲလွဲခွင့်ရှိပါတယ်ဗျာ။ လွတ်လပ် စွာ ကွဲလွဲခွင့်၊ လွတ်လပ်စွာ ယူဆ ခွင့်ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ ကတော့ ဖက်ဆစ်ကိုတော်လှန်ခဲ့ တဲ့ ပြည်သူတစ်ရပ်လုံးကို ကိုယ် စားပြုတဲ့ တော်လှန်ရေးနေ့ဆိုတာ ကိုပဲသုံးတယ်။
ဦးနိုင်တလညီ (မွန်အမျိုးသား ခေါင်းဆောင်) မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်
တော်လှန်တယ်ဆိုတဲ့ အသုံး အနှုန်းက ကျွန်တော်တို့လူမျိုးတွေ က တိုင်းတစ်ပါးက ကျွန်လာပြု တာကို လုံးဝလက်မခံဘူး။ ကိုယ့် ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းနဲ့ပဲ နေတယ်။ သူများက ကျူးကျော် လာရင်လည်း လုံးဝလက်မခံဘူး။ ခေါင်းငုံ့မခံဘူးဆိုတာကို ကိုယ် စားပြုတာ။ လွတ်လပ်ရေးကြိုး ပမ်းမှုတစ်လျှောက်လုံး တပ်မ တော်ကြီးအပြင် တိုင်းရင်းသား တွေလည်း သွေးတွေ၊ ချွေးတွေ၊ ပေးဆပ်တိုက်ပွဲဝင်ခဲ့တာ ကျောင်း သားလူငယ်တွေ၊ အဘိုးအိုတွေ၊ အဘွားအိုတွေ ယောက်ျား၊ မိန်းမ အကုန်ပါခဲ့တာ။ တပ်မတော်နေ့ ဆိုပြီး သုံးရင် တပ်မတော်ကြီးကို ပဲကိုယ်စားပြုသလိုဖြစ်သွားမှာ ပေါ့။ တပ်မတော်ကြီးလည်း တိုင်း ပြည်ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ တွေမှာပါဝင်ခဲ့တာပဲ ဒါကိုလက်ခံ ပါတယ်။ ဒါပေမဲ့ တစ်မျိုးသားလုံး နဲ့သက်ဆိုင်တဲ့နေ့ ဖက်ဆစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ရဟန်း ရှင်လူ မိဘပြည်သူတွေအားလုံး ကိုကိုယ်စားပြုတဲ့နေ့ဖြစ်ရမယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေ လည်း တော်လှန်ရေးနေ့ဆိုတာ ကိုပဲသုံးတယ်။ ဒါမှလည်း ဖက် ဆစ်ကိုတွန်းလှန်တော်လှန်ရင်း ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူ တွေ၊ တိုင်းရင်းသားတွေ၊ ကျောင်း သားတွေအားလုံးကို အသိအမှတ် ပြုရာရောက်မှာပေါ့။ တပ်မတော် နေ့ဆိုတဲ့အတွက် တပ်မတော်ရဲ့ အခန်းကဏ္ဍတစ်ခုထဲကို အသိ အမှတ်ပြုသလိုဖြစ်နေပြီး တိုင်း ရင်းသားတွေ၊ ရဟန်းရှင်လူပြည် သူတစ်ရပ်လုံးရဲ့ ဖက်ဆစ်တော် လှန်ခဲ့မှုက ပျောက်နေသလိုဖြစ် နေတယ်။
 
ခန့်ခန့်(ဒဿနိက)

No comments: