Wednesday, March 20, 2013

မိထ္ထီလာ ပဋိပက္ခ

မိထ္ထီလာ ပဋိပက္ခ တိုးလာခြင်းမှာ နောက်ကြောင်း ပြန်လှည့်နိုင်ကြောင်း ကိုမင်းကိုနိုင်ပြော
Wednesday, March 20, 2013

မိထ္ထီလာမြို့ဈေးကြီး အရှေ့ဘက် ရွှေဆိုင်တန်းရှိ နယူးဝိန့်စိန် ရွှေဆိုင်တွင် စတင်ဖြစ်ပွားသော ပဋိ
... ပက္ခများ ထပ်မံ တိုးပွားလာခြင်းနှင့် ပတ်သတ်၍ နိုင်ငံရေး နောက်ကြောင်းပြန်လှည့်သွားနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်က ပြောကြားသည်။

“စစ်အုပ်ချုပ်ရေးကို လက်ယက်ခေါ်မိတဲ့ အပြုအမှုမျိုးတွေကို ရှောင်ကိုရှောင်ရမှာ။ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်လာရင် သုညကို ပြန်ရောက်သွားလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။
ရွှေဆိုင်တွင် ရောင်းသူနှင့် ၀ယ်သူအကြား ဖြစ်ပွားသော ပဋိပက္ခကြောင့် နောက်ဆက်တွဲအဖြစ် ရွှေဆိုင် ၂ ဆိုင် ယနေ့ ညနေ ပိုင်းက ဖျက်ဆီးခံလိုက်ရ ပြီးနောက်ပိုင်း ပိုမိုအခြေအနေဆိုးရွားလာကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေး ရဲဝန်ထမ်းများက ထိုကဲ့သို့ အဓိကရုန်းများ ဖြစ်ပွားနေခြင်းကို တားဆီးခြင်းမရှိဘဲ ရပ်ကြည့်နေကြသည့်အတွက် အဆိုပါ ကိစ္စရပ်မှာ မေးခွန်း ထုတ်စရာဖြစ်ကြောင်း ကိုမင်းကိုနိုင်က ပြောကြားသည်။

“ရဲတွေက မတားဆီးကြဘူး။ လူလုံးပြပြီး ရပ်ကြည့် နေကြတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာ မဟုတ်ဘူး။ အဓိကရုန်းဖြစ်နေတာ တားကြရလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

မိထ္ထီလာမြို့ နာရီစင် အနီးရှိ မှန်လုံဗလီ(ခေါ်) သီရိမင်္ဂလာ ဗလီ ရှေ့တွင် သံဃာတော်တစ်ပါး ဓါးဒါဏ်ရာဖြင့် ဆုံးပါး သွားကြောင်း နှင့် မည်သည့်ဘက်ဟု အတည်ပြု၍ မရသော ဆေးရုံပေါ်တွင် လူနာ ၁၅ ဦးခန့် ရှိနေကြောင်း မိထ္ထီလာမြို့တွင် ရောက်ရှိနေသည့် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က နှစ် ဘက် ဘာသာရေး ခေါင်းဆောင်များ ပြိုင်တူထိန်းကြရန် လိုအပ်နေကြောင်း တိုက်တွန်းပြောကြားသည်။

မိထ္ထီလာ ကားဝန်းရှေ့ရှိ မြို့နယ် ပညာရေးမှူးရုံး မီးလောင် သည့်အထဲတွင် ပါဝင်သွားပြီဖြစ်ကြောင်း နှင့် လက်ရှိအချိန် တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကို အသံချဲ့စက်များဖြင့် လိုက်လံ ကြေညာနေကြောင်း ဒေသခံများ၏ ပြောကြားချက် အရသိရသည်။
မြန်မာ့ခေတ်
The Myanma Age








Photo: မိထ္ထီလာ ပဋိပက္ခ တိုးလာခြင်းမှာ နောက်ကြောင်း
ပြန်လှည့်နိုင်ကြောင် ကိုမင်းကိုနိုင်ပြော
Wednesday, March 20, 2013

မိထ္ထီလာမြို့ဈေးကြီး အရှေ့ဘက် ရွှေဆိုင်တန်းရှိ
နယူးဝိန့်စိန် ရွှေဆိုင်တွင် စတင်ဖြစ်ပွားသော ပဋိ
ပက္ခများ ထပ်မံ တိုးပွားလာခြင်းနှင့် ပတ်သတ်၍ နိုင်ငံရေး
နောက်ကြောင်းပြန်လှည့်သွားနိုင်ကြောင်း ၈၈ မျိုးဆက်
ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်က ပြောကြားသည်။

“စစ်အုပ်ချုပ်ရေးကို လက်ယက်ခေါ်မိတဲ့ အပြုအမှုမျိုးတွေကို
ရှောင်ကိုရှောင်ရမှာ။ ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်လာရင် သုညကို ပြန်ရောက်သွားလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။
ရွှေဆိုင်တွင် ရောင်းသူနှင့် ၀ယ်သူအကြား ဖြစ်ပွားသော ပဋိပက္ခကြောင့် နောက်ဆက်တွဲအဖြစ် ရွှေဆိုင် ၂ ဆိုင် ယနေ့
ညနေ ပိုင်းက ဖျက်ဆီးခံလိုက်ရ ပြီးနောက်ပိုင်း ပိုမိုအခြေအနေဆိုးရွားလာကြောင်း ဒေသခံများက
ပြောကြားသည်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေး ရဲဝန်ထမ်းများက ထိုကဲ့သို့ အဓိကရုန်းများ ဖြစ်ပွားနေခြင်းကို တားဆီးခြင်းမရှိဘဲ ရပ်ကြည့်နေကြသည့်အတွက် အဆိုပါ ကိစ္စရပ်မှာ မေးခွန်း ထုတ်စရာဖြစ်ကြောင်း ကိုမင်းကိုနိုင်က ပြောကြားသည်။

“ရဲတွေက မတားဆီးကြဘူး။ လူလုံးပြပြီး ရပ်ကြည့်
နေကြတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာ မဟုတ်ဘူး။ အဓိကရုန်းဖြစ်နေတာ တားကြရလိမ့်မယ်” ဟု ၎င်းက
ပြောကြားသည်။

မိထ္ထီလာမြို့ နာရီစင် အနီးရှိ မှန်လုံဗလီ(ခေါ်) သီရိမင်္ဂလာ
ဗလီ ရှေ့တွင် သံဃာတော်တစ်ပါး ဓါးဒါဏ်ရာဖြင့် ဆုံးပါး
သွားကြောင်း နှင့် မည်သည့်ဘက်ဟု အတည်ပြု၍ မရသော
ဆေးရုံပေါ်တွင် လူနာ ၁၅ ဦးခန့် ရှိနေကြောင်း မိထ္ထီလာမြို့တွင်
ရောက်ရှိနေသည့် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်က နှစ်
ဘက် ဘာသာရေး ခေါင်းဆောင်များ ပြိုင်တူထိန်းကြရန်
လိုအပ်နေကြောင်း တိုက်တွန်းပြောကြားသည်။

မိထ္ထီလာ ကားဝန်းရှေ့ရှိ မြို့နယ် ပညာရေးမှူးရုံး မီးလောင်
သည့်အထဲတွင် ပါဝင်သွားပြီဖြစ်ကြောင်း နှင့် လက်ရှိအချိန်
တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ချက်ကို အသံချဲ့စက်များဖြင့် လိုက်လံ ကြေညာနေကြောင်း ဒေသခံများ၏ ပြောကြားချက်
အရသိရသည်။

မြန်မာ့ခေတ်
The Myanma Age
မိတ္ထီလာသို့ ၈၈မျိုးဆက်မှ ကိုမင်းကိုနိုင်ဦးဆောင်သောအဖွဲ့ ညတွင်းချင်းထွက်ခွာ
======================================

မိတ္ထီလာတွင် ဖြစ်ပွားသော ဖြစ်ရပ်များကို အမြန်ဆုံးထိန်းသိမ်းနိုင်ရန်အတွက် ၈၈မျိုးဆက်မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး(စမ်းချောင်း)၊ မနီလာသိန်းတို့ အပါအ၀င်အဖွဲ့များ ၊ သတင်းမီဒီယာများသည် ယနေ့ည ၁၁နာရီခန့်တွင် သင်္ဃန်းကျွန်းရှိ ၈၈မျိုးဆက်ရုံးမှ မိတ္ထီလာမြို့သို့ ထွက်ခွာသွားပြီဖြစ်ပါသည်။မထွက်ခွာမီ ည ၁၀ နာရီခန့်တွင် အဆိုပါရုံး၌ အရေးပေါ်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်က“ဖြစ်စဉ်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ရုံရပ်နေပြီးတော့ လူတွေက သူတို့ကြားထဲကနေ တိုးထွက်တာတွေတောင် ရှိတယ်လို့ သိရပါတယ်။ ဒါဟာ ခုဏက အကြမ်းဖက်မှု လုပ်တဲ့သူတွေကို ခွင့်ပြုလိုက်တဲ့သဘောပဲ ဖြစ်တယ်။ ဒါဟာငြိမ်းချမ်းစွာ ၊အေးချမ်းစွာ ဆန္နထုတ်ဖော်နေတာမဟုတ်ပါဘူး။အဲဒါကြောင့် အကြမ်းဖက်မဲ့အုပ်စုတွေကိုတော့ တားရပါလိမ့်မယ်။တကယ် အသက်အိုးအိမ်၊စည်းစိမ်ကို ထိခိုက်လာနိုင်မယ့် ကိစ္စတွေကိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိန်းရပါလိမ့်မယ်။ တာဝန်ယူရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဒီဖြစ်ရပ်မှာ သံသယ ဖြစ်စရာရှိတယ်။ ပြည်သူတစ်ယောက်အနေနဲ့ စိုးရိမ်တယ်။” ဟုပြောကြားသွားခဲ့ပါသည်။ ထို့အပြင်ကိုမင်းကိုနိုင်က စစ်အုပ်ချုပ်ရေးကို မဖိတ်ခေါ်မိရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

Re-Post By ACM 20-3-2013
အေးချမ်းမွန် Credit & Copy From >> The Street View<< Thank
မိတ္ထီလာပဋိပက္ခနှင့်ပတ်သက်၍ ၈၈မျိုးဆက်တို့ သဘောထားထုတ်ပြန်
၂ဝ၊၃၊၂ဝ၁၃။
မိတ္ထီလာမြို့တွင် လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်က ၈၈မျိုးဆက်တို့၏ သဘောထားကို ယနေ့ည ၁ဝးဝဝ နာရီက ထုတ်ပြန်လိုက်ပါသည်။
 
 
 
မိတ္ထီလာမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခနင့်ပတ်သတ်၍ ရဲတပ်ဖွဲ၏ထုတ်ပြန်ချက်
==============================
============
၂၀-၃-၂၀၁၃ ရက်နေ့ ၀၉း၃၀ အချိန် မိတ်္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ရှိ ““နယူးဝိန့်စိန်”” ရွှေဆိုင်သို့ မိတ်္ထီလာမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုးကျွတ်ဖာလုပ်ငန်းလုပ်ကိုင်
သည့် ဦးခင်မောင်ဝင်း (၄၅)နှစ်၊ ၎င်း၏ဇနီး ဒေါ်အေးနိုင်(၄၆)နှစ်နှင့် မညိုညိုသန်း(၃၆)နှစ...်တို့ ၃ ဦးမှ ငွေလိုအပ်သဖြင့် ငွေကျပ်(၁၄၀၀၀၀ိ/-)ခန့်တန်ဘိုးရှိ ရွှေဆံညှပ်တစ်ခုအား သွားရောက်ရောင်းချရာ ဆိုင်ရှင် ဒေါ်တင်အေး၏သမက် ထွန်းထွန်းဦး (ခ)အာရှစ်(၂၃)နှစ်မှ ငွေကျပ်(၁၀၅၀၀၀ိ/-)သာပေးမည် ဖြစ်ကြောင်း ပြောကြား၍ မှတ်ကျောက်တင်ရန် ဈေးအတွင်းသို့ ယူဆောင်သွားခဲ့သည်။

ထို့နောက် ဆိုင်သို့ပြန်ရောက်စဉ် ရွှေဆံထိုးမှာပဲ့နေသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်မှ တန်ဘိုးငွေကျပ်(၅၀၀၀၀ိ/-)သာ ပေးမည်ဖြစ်ကြောင်း ပြောကြားရာမှ နှစ်ဖက်အချင်းများကာ ဆိုင်ရှင် မမြင့်မြင့်အေး က ရွှေဆံညှပ်အား လွှင့်ပစ်ပြီး ထွန်းထွန်းဦး(ခ)အာရှစ်နှင့် ဆိုင်လုပ်သား ညီညီ(ခ)မင်းအောင်တို့မှ ဦးခင်မောင်ဝင်းအား လက်သီးဖြင့်ထိုး/ သစ်သားတုတ်နှင့်ရိုက်၍ ဦးခင်မောင်ဝင်းတွင် ဦးခေါင်း ၀ဲဘက်ချိုစောင်း ပေါက်ပြဲ၊ မျက်နှာဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် မိတ်္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ဦးခင်မောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်အေးနိုင်မှ တိုင်တန်းသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်၊ ညီညီ(ခ) မင်းအောင်နှင့် မြင့်မြင့်အေးတို့ ၃ ဦးအား မိတ်္ထီလာအမှတ်(၂)ရဲစခန်း (ပ)၇၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆/၂၉၄/ ၄၂၇/၁၁၄ ဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူခဲ့သည်။

၎င်းဖြစ်စဉ်အားကြားသိသော လူ(၂၀၀)ခန့်က ၁၄း၁၅ အချိန်တွင် ထွန်းထွန်းဦး(ခ)အာရှစ်၏ ဆိုင်ပတ်ဝန်းကျင်ရှိ ဈေးအရှေ့ဘက် တိုက်(၃)လုံး၌ ရှိသော ဆိုင်ခန်း(၆)ခန်းအား ခဲဖြင့်ထု၊ ဆိုင်အတွင်း ၀င်၍ ပစ္စည်းများရိုက်ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာများနှင့် ရပ်မိ ရပ်ဖများမှ လူစုခွဲတားဆီးခဲ့ကြောင်း၊

၁၄း၃၀ အချိန်တွင် အဆောက်အဦဖျက်ဆီးမှုများ ရပ်တန့်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် အဆိုပါဆိုင်ခန်း(၆)ခန်း ပျက်စီး ခဲ့ကြောင်း၊ ၁၅း၁၀ အချိန်တွင် ၎င်းင်းလူအုပ်စုမှ အဆိုပါတိုက် (၃)လုံးအား ဆက်လက်ဖျက်ဆီးလျက်ရှိသဖြင့် မိတ်္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊

၁၇း၁၅ အချိန်တွင် ဈေးအနောက်ဘက်ရှိ ပါကစ္စတန်ဂျာမေ့ဗလီအား လူ(၅၀)ဦးခန့် ၀င်ရောက်ခဲ့ပြီး ၁၇း၂၀ အချိန်တွင် လူအင်အား(၁၀၀)ခန့် ဖြစ်လာခဲ့သည်။ ၎င်းနောက် ဗလီအတွင်းရှိပစ္စည်းများအား ဖျက်ဆီးခဲ့ပြီး ၁၇၂၅ အချိန်တွင် ဗလီထိပ်ဖူးများအား ဖျက်ဆီးကာ ဆိုင်ကယ်(၅)စီးခန့်အား ဖျက်ဆီးခဲ့သည်။

၁၇း၃၅ အချိန်တွင် အဆိုပါဗလီအား မီးရှို့ခဲ့ရာ လူထုမှ ၀ိုင်းဝန်းငြှိမ်းသတ် ခဲ့သဖြင့် ၁၇၃၅ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ ၁၇၄၅ အချိန်တွင် အဆိုပါ လူအုပ်သည် ဗလီအတွင်းမှ ထွက်လာခဲ့ပြီး လူ(၂၀၀)ခန့်သည် ကားလမ်းမ အတိုင်း ကားကြီးဝန်းထိပ်သို့ ရောက်ရှိလာခဲ့၊ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိတ်္ထီလာပြည်သူ့ဆေးရုံကြီးသို့ ၁၇၄၅ အချိန်တွင် သံဃာတစ်ပါးနှင့် ဗမာ(ကျား) ၄ ဦးတို့ ရောက်ရှိဆေးကုသလျက်ရှိပြီး ကျား ၄ ဦးမှာ မစိုးရိမ်ရကြောင်းနှင့် သံဃာတစ်ပါးအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရရှိသတင်းဆက်များအား ဆက်တင်ပြပေးသွားပါမည်။

http://www.facebook.com/?ref=tn_tnmn#!/pages/ရဲဇာနည်/463287083724096?fref=ts 


မိတ္ထီလာတွင် ခိုက်ရန်ဖြစ်ရာက ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား
Wednesday, March 20, 2013

မိတ္ထီလာမြို့တွင် ရွှေရောင်းချရာတွင် စကားများ ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုကို လုံခြုံရေးရဲတပ်ဖွဲ့က နောက်ဆုံး ထိန်းချုပ်ထားနိုင်ခဲ့ပြီး... အမှုအခင်း စတင်ကျူးလွန်သူများကို ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ယနေ့ မနက် ၉ နာရီခွဲအချိန်တွင် မိတ္ထီလာခရိုင် ပြွန်ကောက်ရွာမှ ဒေသခံ လင်မယား ၂ ဦးသည် ရွာ ဆွမ်းလောင်းပွဲအတွက် ဈေးလာဝယ်စဉ် ငွေလိုအပ်သောကြောင့် ၄င်းတို့ ရွှေဝယ်ယူထားသည့် "၀ိတ်စိန်" ရွှေဆိုင်တွင် ပြန်လည်ရောင်းချရာ ရွှေလက်စွပ်ကို မှတ်ကျောက်တိုက်နေစဉ် ကြိုးသွားခဲ့သောကြောင့် ရွှေဆိုင်က အထည်ပျက် ဈေးသာပေးခဲ့သောကြောင့် စကားစများခဲ့ရကြောင်း မိတ္ထီလာမြို့ အထွေထွေအုပ်ချုပ်ရေးရုံးမှ ပြောဆိုသည်။

အမှုကို လက်ခံ တာဝန်ယူထားသော မိတ္ထီလာ အမှတ် ၂ ရဲစခန်းက  အဆိုပါ လင်မယားကို "သက်ကြီးရွယ်အို" ဟု ပြောဆိုသုံးစွဲသောကြောင့် အသက်အရွယ်ကို ဧရာဝတီက စုံစမ်းမေးမြန်းရာ ဖြေဆိုရန် ငြင်းဆိုသည်။

အထွေထွေအုပ်ချုပ်ရေးရုံး၏အဆိုအရ အစ္စလမ်ဘာသာဝင်ဖြစ်သူ ဆိုင်ပိုင်ရှင်နှင့် အပေါင်းအပါများက အဆိုပါ လင်မယား ၂ ဦးကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ ဖြစ်ပျက်ခဲ့ရကြောင်း သိရသည်။

မိတ္ထီလာမြို့ခံများ၏ အဆိုအရ ပြွန်ကောက်ရွာမှ ဒေသခံများ လိုက်လာပြီး မြို့ပေါ်ရှိ ဒေသခံတချို့နှင့် စုပေါင်းကာ အဆိုပါ မိတ္ထီလာ မြို့မဈေးကြီးအနီးရှိ ၀ိတ်စိန်ရွှေဆိုင်နှင့် အစ္စလမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ဆိုင်တချို့ကို ဖျက်ဆီးခဲ့ကြကြောင်းလည်း သိရသည်။

လူအုပ်သည် ၂ ထောင်ကျော်မျှ ရှိလာသည့်အတွက် မြို့မဈေးကြီးကိုလည်း ပိတ်ထားလိုက်ရပြီး လူများ ၀င်ရောက်ခြင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တားမြစ်ထားကြောင်း၊ ထို့အပြင် အရိုက်ခံရသည့် ဒေသခံ ၂ ဦးကို မိတ္ထီလာဆေးရုံတွင် ကုသပေးနေပြီး ရဲများစောင့်ကြပ်နေကာ လူဝင် လူထွက်ကို စိစစ်နေကြောင်း သိရသည်။

“ အခုကတော့ အခြေအနေတွေ အေးချမ်းသွားပါပြီ။ ရဲတပ်ဖွဲ့လုံခြုံရေး တွေလည်း နေရာအနှံ့ ချထားလိုက်ပါပြီ။ အဲဒီလိုဖြစ်ပျက်တာကို ဗမာတွေ အရိုက်ခံရတယ်ဆိုပြီး လျှောက်ပြောရာကနေ လူအုပ်ကြီးက အရမ်းများ လာတာ။ လူသေဆုံးမှုတွေလည်း ဘာမှ မရှိပါဘူး” ဟု မိတ္ထီလာမြို့
အမှတ် ၂ ရဲစခန်းမှ တွဲဘက်တာဝန်မှူးဖြစ်သူက ဧရာဝတီသို့ ပြောဆိုသည်။

အရိုက်ခံလိုက်ရသည့် ၂ ဦးမှ တရားလိုပြုလုပ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်သူများကို အရေးယူရန် ဖမ်းဆီးထားပြီဖြစ်ကြောင်း၊ ၃ ဦးကို လက်ရှိအချိန်တွင် ဖမ်းဆီးထားပြီး အဓိက ရိုက်နှက်သူ ၁ ဦးမှာ (ယခု သတင်း ရေးသားပြီးချိန်အထိ) လွတ်မြောက်နေသေးကြောင်း မိတ္ထီလာမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဆိုသည်။

ဖမ်းဆီးထားသူများကို မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းတွင် ပုဒ်မ ၃၂၆/ ၃၂၇/ ၂၉၄/ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ ပြစ်မှုအမှတ် ပ/ ၇၄ ( ၂၀၁၃ ) ဖြင့် အရေးယူနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

နောက်ဆုံး ရရှိသော သတင်းများအရ မိတ္ထီလာမြို့တွင်းရှိ အစ္စလမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူရှိနေသည့် နေရာများတွင် လုံခြုံရေးရဲများ ချထားသည်ကို မတွေ့ရကြောင်း၊ မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက နောက်ထပ်ဖြစ်ပွားမှုမရှိအောင် ထိန်းသိမ်းထားပြီး အခင်းဖြစ်ပွားခဲ့သောနေရာကို မည်သူတစ်ဦး တစ်ယောက်ကိုမှ ၀င်ထွက်ခွင့် မပေးထားကြောင်း ဒေသခံများက ဆိုသည်။

စနေလင်း
ဧရာဝတီ
 
  မိတ္ထီလာ ပဋိပက္ခနင့်ပတ်သတ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ၏ ယနေ့ည ၁၁နာရီ ၁၆မိနစ် အချိန်တွင် ထုတ်ပြန်ချက်အရ သံဃာ ၁ ပါးနင့် လူ တစ်ဦးသေဆုံး
==============================
==========
၁၇း၅၅ အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ကျား ၅ ဦး)တို့ မိတ်္ထီလာဆေးရုံသို့ ရောက်ရှိဆေးကုသမှုခံယူလျက်ရှိပြီ
း သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်-

(က) သံဃာ ၁ ပါး(ဘ...ွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။

(ခ ) မောင်မောင်သိန်း(၂၂)နှစ်၊ (ဘ)ဦးလှထွန်း၊ ၀မ်းတော်ပြည့်တိုးချဲ့ရပ်၊ မိတ်္ထီလာမြို့ နေသူ၏ ဦးခေါင်းဝဲဘက်ဂျိုစောင်း၊ ယာလက်မောင်း ပေါက်ပြဲပြတ်ရှ၊ ယာခြေမပေါက်ပြဲ၊ ဦးခေါင်းထိပ်ယာဂျိုစောင်းပေါက်ပြဲ၊ ၀ဲဒူးပွန်းပဲ့ဖူးရောင်ဒဏ်ရာ(မစိုးရိမ်ရ)။

(ဂ ) ကိုမင်း(၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရွှေမန်းသာရပ်၊ အောင်လံမြို့နေသူ၏ ၀ဲလက် ဖမိုးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)

(ဃ) ခင်မောင်လွင်(၅၀)နှစ်၊ (ဘ)ဦးသန်းဆွေ၊ သာယာကုန်း(၁)ရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူ၏ ၀ဲဂျိုစောင်း/၀ဲနားရွက်/၀ဲနားထင်ပေါက်ပြဲ၊ ၀ဲလက်ဖျံဖူး ရောင်ဒဏ်ရာ(မစိုးရိမ်ရ)။

(င) ကိုဇော်(၂၃)နှစ်၊ (ဘ)ဦးသန်းထွန်း၊ အောင်ဇေယျာရပ်ကွက်၊ မိတ်္ထီလာမြို့နေသူ၏ ယာပါးပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက် ပြဲဒဏ်ရာ (မစိုးရိမ်ရ)။

(စ ) သန်းမြင့်နိုင်(၂၆)နှစ်၊ (ဘ)ဦးမောင်မောင်မြင့်၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ်္ထီလာမြို့ နေသူတွင် မီးလောင်ဒဏ်ရာ။

၂၀၅၅ အချိန်တွင် ဆေးရုံတက်ရောက်ကုသလျက်ရှိသော သံဃာနှင့် သန်းမြင့်နိုင်တို့သည် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
၂၁၄၅ အချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

No comments: