Wednesday, December 25, 2013

တောင်ကိုရီးယား အထူးတပ်ဖွဲ့များတွင် K-14 လက်ဖြောင့် ရိုင်ဖယ်များ တပ်ဖြန့်ချထား


ဆိုးလ် ဒီဇင်ဘာ ၂၅

တောင်ကိုရီးယား စစ်ဘက်သည် စစ်ဆင်ရေးများတွင် တိုက်ခိုက်နိုင်ရေး အတွက် ပြည်တွင်း နည်းပညာဖြင့် အဆင့်မြှင့် တင် ထုတ်လုပ်ထားသော K-14 လက်ဖြောင့်ရိုင်ဖယ် များကို တပ်ဖြန့်ချထားပြီး ဖြစ်ကြောင်း စစ်လက်နက် ပစ္စည်းများ ဝယ်ယူမှု စီမံခန့်ခွဲရေးဌာနမှ ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

တောင်ကိုရီးယား နိုင်ငံမ S&T Motiv အသေးစား လက်နက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီသည် ၂ဝ၁၁ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ဝမ် ၃ ဒသမ ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃ သန်း) တန်ဖိုးရှိ ကန်ထရိုက် စာချုပ်အရ အထူးတပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့ များအတွက် အဆင့်မြင့် K-14 လက်ဖြောင့် ရိုင်ဖယ်များ ထုတ်လုပ်ပေးခဲ့ကြောင်း သိရသည်။

K-14 လက်ဖြောင့် ရိုင်ဖယ်သည် တွန်းကန်အားနည်းသော
မောင်းတုံးလှုပ်ရှားမှု စနစ်ဖြင့် ၇ ဒသမ ၆၂ x ၅၁ မီလီမီတာ ကျည်ကို အသုံးပြု၍ အကွာအဝေး ၈ဝဝ မီတာအထိ ပစ်ခတ်နိုင်ပြီး ၎င်းရိုင်ဖယ်ကို ယခင်က ပြည်ပမှ တင်သွင်းမှုအပေါ် မှီခိုခဲ့ရပြီး ယခုအခါ တောင်ကိုရီး
ယားနိုင်ငံ၏ ပထမဆုံးပုံစံ ရေးဆွဲထုတ်လုပ်ခဲ့သည့် ပြည်တွင်းလုပ် လက်ဖြောင့် ရိုင်ဖယ်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments: