Thursday, December 19, 2013

ဗြိတိသျှသံအမတ်ကြီး မြစ်ကြီးနားမြို့ကို ရောက်ရှိ

 
 
ဗြိတိသျှသံအမတ်ကြီး မြစ်ကြီးနားမြို့ကို ရောက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Mr. Andrew Patrick ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေဟာ ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့ပြီး ၃ ရက်ကြာခရီးစဉ်အတွင်း စစ်ဘေးဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လည်ပတ်မယ်လို့ ပြောပါတယ်။ သံအမတ်ကြီးဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ မနက်ဖြန် တွေ့ဆုံမှာဖြစ်တယ်လို့ သူနဲ့အတူလိုက်ပါသွားတဲ့ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် Joe Fisher က မြန်မာဘာသာနဲ့ ရှင်းပြပါတယ်။ "ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်တွေနဲ့ ဗြိတိန်အစိုးရနဲ့တွေ့ဖို့ အစီအစဉ်ရှိပါတယ်၊ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့နဲ့ တွေ့ဖို့ရှိပါတယ်၊ မနက်ဖြန် ဒုက္ခသည်စခန်းတွေကိုသွားဖို့ အစီအစဉ်ရှိပါတယ်၊ ဒါက သံအမတ်ကြီးရဲ့ ပထမဦးဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်၊ ကျနော်တို့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန DFID ရဲ့ အကြီးအကဲတွေပါပါတယ်၊ DFID က ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေ ပြန်ထောက်ပံ့ဖို့အတွက် ဒီနှစ်နှစ်ခွဲအတွင်းမှာ ဒေါ်လာသန်း ၂ဝ လောက် ထောက်ပံပေးဖို့ အစီအစဉ်ရှိပါတယ်" သံအမတ်ကြီးနဲ့အတူ အင်္ဂလန်နိုင်ငံရဲ့အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဋ္ဌာန DFID ရဲ့ အကြီးအကဲ Mr.Gavin McGillivray လည်း လိုက်ပါလာပါတယ်။ ဗြိတိန်သံအမတ်ကြီးဟာ အခု ကချင်ပြည်နယ်ခရီးစဉ် မတိုင်ခင်ကလည်း ရခိုင်ပြည်နယ်ကိုရောက်ရှိခဲ့ပြီး ရခိုင်နဲ့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

No comments: