မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားတော်မူခဲ့တဲ့စကား



" . . . သာသနာ့ အာဇာနည် . . . "  ===================  ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။  သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။  သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။  မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။  တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။  မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။  ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။  ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။   Admin - ဒေါက်တာကျော်လွင်  By မြန်မာပြည်မှမြန်မာလူမျိုး ----------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
" . . . သာသနာ့ အာဇာနည် . . . "

===================

ကမ္ဘာ့ ဥာဏ်အကောင်းဆုံး လူသားအဖြစ် ဘာသာခြားတို့ ၏ဂင်းနစ်မှတ်တမ်းတင်ခံရသူ ..။

သံဃာတော် အပေါင်းတို့ ၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ...။

ဲမြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့  တရားတော်၊ မြတ်ဓမ္မတို့ ရဲ့ ဘဏ္ဍာတိုက် ..။

သူ့ ဥာဏ်တော်ကို အများအကျိုး အတွက်အချိန်ပြည့် မနေမနား အသုံးချပေးခဲ့သူ .. ..။

မျိုးဖျက် အဓမ္မတို့ ၏ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့် ကျင်ခဲ့သူ ...။

တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင် ရှေ့ ကရပ်၍ ကာကွယ်ပေးရဲသူ . .။

မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။

ဘ၀နေ၀င်ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေများကို ဘာသာပြန်ဆိုပေးခဲ့သူ ...။

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီး၏ သေသည်အထိ သာသနာပြုနေပုံ . . .။

ကျနော့်မိတ်ဆွေများအားလုံး
မင်္ဂလာရှိသော ၂၀၁၄ ခုနှစ်ကို ပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ။
ဘလော့ဂါ








Sunday, December 22, 2013

သုံးရက်အတွင်း အဆုတ်သန့်နည်း *

သုံးရက်အတွင်း အဆုတ်သန့်နည်း ************************ သင့်အဆုတ် ကျန်းမာချင်ပါသလား။ အောက်ပါ နည်းလမ်း ခုနစ်သွယ်တို့ဖြင့် လိုက်နာကျင့်သုံးပါ။ (၁) ဂရိတ်ဖရုသီး (သို့မဟုတ်) နာနတ်သီးတို့ထဲတွင် အသက်ရှူလမ်းကြောင်းစနစ်ကို တိုးတက်ကောင်းမွန် စေသော သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အလုံ အလောက်ပါရှိသဖြင့် ထိုသစ်သီးဖျော်ရည်တို့ကို တစ်နေ့ လျှင် ၃၀၀ မီလီ လီတာခန့်သောက်ပါ။ (၂) နံနက်ထမင်းစားပြီးချိန်နှင့် နေ့လယ်စာ မစားမီ ကြားကာလအတွင်း မုန်လာဥနီဖျော်ရည် ၃၀၀ မီလီလီတာ သောက်ပေးခြင်းဖြင့် သုံးရက်အတွင်း သွေးထဲရှိ အယ်လ် ကာလီဓာတ်ကို မျှတစေသည်။ (၃) ပိုတက်စီယမ်သည် အဆိပ်အတောက်များကို ပြေစေ သော အစွမ်းရှိသဖြင့် ပိုတက်စီယမ်ဓာတ်ကြွယ်ဝသော တရုတ်နံနံပင် (သို့မဟုတ်) ဟင်းနုနယ် (သို့မဟုတ်) ငှက်ပျောသီးဖျော်ရည် ၄၀၀ မီလီလီတာခန့်ကို နေ့လယ် ထမင်းစားပြီးတိုင်း သောက်သုံးပေးပါ၊ အစာလည်း ကြေညက်စေပါသည်။ (၄) ဘလူးဘယ်ရီသီးများတွင်ပါရှိသော အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် အဆုတ်ရောဂါ ဗက်တီး ရီးယားပိုးများကို တိုက်ထုတ်နိုင်စွမ်းရှိသည့်အတွက် ညအိပ်ရာမဝင်ခင် ဘယ်ရီသီး (သို့မဟုတ်) အနက်ရောင် စပျစ်သီးဖျော်ရည် ၄၀၀ မီလီလီတာခန့် သောက်သုံးပါ။ (၅) ခန္ဓာကိုယ်မှ အဆိပ်အတောက်များ လျှော့ချရန် ချွေးများများထွက်ဖို့ လိုပါသည်။ ထို့ကြောင့် ခပ်မြန်မြန်လမ်း လျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ပေါက်ခြင်း စသည့် ကိုယ်ကာယ လေ့ကျင့်ခန်း ခပ်ပြင်းပြင်းကို နေ့စဉ် မိနစ် ၂၀ ခန့် မရပ် မနား လုပ်ပေးသင့်ပါသည်။ (၆) လေဝင်လေထွက် ခပ်ပြင်းပြင်းရှိုက်၍ အသက်မှန်မှန် ရှူခြင်းက အဆုတ်အတွက် အကောင်းဆုံးလေ့ကျင့်ခန်း တစ်ခုပါ။ (၇) ယူကလစ်ပင်အဆီ ငါးစက်မှ ၁၀ စက်ခန့်ကို ရေနွေးပူပူ ထဲထည့်ကာ ရေအေးလာသည်အထိ ရေနွေးငွေ့ကို ရှူရှိုက် ပါ။ ထိုရှူဆေးရနံ့က ချွဲသလိပ်နှင့် နှာရည်ကို ပျော်ကျစေပြီး အသက်ရှူလမ်းကြောင်းပွင့်လာပါလိမ့်မည်။ (တင်ထက်ထက်ဇော်) ကြေးမုံသတင်းစာ _______________________________ မြန်မာပြည်သား ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ (ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

No comments: